မလုပ်ဖြစ်လိုက်တဲ့သမီးရဲ့ဘွဲ့အခမ်းအနားကို တစ်ဦးတည်းသီးသန့်လုပ်ပေးခဲ့တဲ့ဖခင်

[email protected]

COVID-19 ကပ်ရောဂါဘေးကြောင့် စီးပွားရေးတွေ ပညာရေးတွေ၊ တချို့သောအစီအစဉ်တွေအားလုံး ရပ်တန့်တဲ့ အရာတွေကရပ်တန့်လိုရပ်တန့်၊ ကြန့်ကြာတဲ့အရာတွေက ကြန့်ကြာ အကုန်လုံး ကမောက်ကမဖြစ်ကုန်ရပါတယ်။ ဘယ်လိုအခက်အခဲကိစ္စတွေပဲကြုံလာကြုံလာ လူတွေကတော့ နည်းမျိုးစုံနဲ့ကို ရှာကြံပြီး အခြေအနေပေါ်လိုက်ကာ အကောင်းဆုံးဖြေရှင်းနေထိုင်နေကြရပါတယ်။

ဒီရောဂါဆိုးနှောက်တဲ့အထဲ ဘွဲ့အခမ်းအနားတွေလည်း ပါဝင်လို့နေခဲ့ပါတယ်။ လူစုလူဝေးရှောင်ရှားရမယ်ဆိုတော့ ဘွဲ့ယူရမယ့်သူတွေလည်း ဘွဲ့အခမ်းအနားမတက်ရတော့ဘဲ အွန်လိုင်း ဒါမှမဟုတ် စာတိုက်တွေကပဲ ဘွဲ့လက်မှတ်တွေကို ယူခဲ့ကြရပါတယ်။ တချို့အတွက် ဘွဲ့အခမ်းအနားတက်ရတယ်ဆိုတာ ဘာမှမဟုတ်တဲ့ကိစ္စပေမယ့်လို့ တချို့အတွက်ကတော့ ဘဝအတွက် သိပ်ကိုအရေးကြီးတဲ့နေတွေထဲ က တစ်ခုအဖြစ် နှစ်ပေါင်းများစွာ စိတ်ကူးယဉ်လာခဲ့ရတာပါ။ အခုလိုဖြစ်သွားတော့လည်း နှမြောပေမယ့် ဘယ်တတ်နိုင်မလဲနော်။

ဒါပေမဲ့ ဖခင်တစ်ဦးကတော့ ဘွဲ့အခမ်းအနားမတက်ခဲ့ရတဲ့ သမီးလေးအတွက်ဆိုပြီး တကယ့် ကျောင်းကဘွဲ့ပေးတဲ့ပုံစံအတိုင်း စီစဉ်ပြင်ဆင်ကာ အိမ်မှာ အခမ်းအနားပွဲလေးကို လုပ်ပေးခဲ့ပါတယ်ဆိုပြီး Complex မှာ ဖတ်လိုက်ရပါတယ်။ မူရင်းကတော့ အစီအစဉ်တင်ဆက်သူ Jeremy Pierre ရဲ့ Twitter account မှာ မေလ ၁၁ ရက်နေ့တုန်းက တင်ထားခဲ့တာပါ။

Memphis မှာ နေထိုင်သူ ဖခင် Torrence Burson ဟာ သမီးဖြစ်သူရဲ့ ဘွဲ့အခမ်းအနားစိတ်ကူးအိပ်မက်လေးကို ကောင်းကောင်းကြီးသိနေပါတယ်။ ဒါကြောင့်လည်း COVID-19 ဖြစ်သွားတဲ့အခါ ဘွဲ့တက်မယူရလို့ စိတ်မကောင်းဖြစ်နေတဲ့ သမီးလေးကို မကြည့်ရက်တော့ဘဲ အိမ်သားတွေနဲ့တိုင်ပင်ကာ အထူးစပယ်ရှယ် ဘွဲ့အခမ်းအနားလေးကို ပြုလုပ်ပေးခဲ့ပါတယ်။

READ
ဖောက်ပြန်တဲ့ချစ်သူကို "Fake Propose"လုပ်ပြီး လက်စားချေအရှက်ခွဲခဲ့တဲ့ အမျိုးသား

သမီး Gabrielle Pierce ဟာ Louisiana မှာရှိတဲ့ Xavier တက္ကသိုလ်မှာ ၄ နှစ်တာ တက်ခဲ့ပြီးနောာက် စာမေးပွဲအောင်ကာ ဘွဲ့ယူဖို့အတွက် စောင့်နေခဲ့တာပါ။ ဖခင် Torrence ဟာ အိမ်ရှေ့မျက်နှာစာရဲ့ ကားထွက်လမ်းမှာတင်ပဲ တက္ကသိုလ်က ဘွဲ့ပေးတဲ့အခါ ပြင်ဆင်ထားသလိုမျိုး တစ်ပုံတည်းတူတဲ့ စင်ကလေးကိုဆောက် သူကိုယ်တိုင်က ပါမေက္ခပုံစံဝတ်ပြီး မိန့်ခွန်းတွေဘာတွေ ပြောလိုက်သေးသတဲ့။

Twitter- @JeremypierreFOX

ဇနီးသည်နဲ့ ဘွဲ့ယူမယ့်သမီးကတော့ စင်အောက်ပရိတ်သတ်ထိုင်ခုံမှာထိုင်လို့ပေါ့။ အားလုံး တကယ့်အခမ်းအနားအတိုင်း အဝတ်အစားတွေ၊ ဝတ်စုံတွေအပြည့်နဲ့ Gabrielle လေးအတွက် အိမ်လုပ်ဘွဲ့အခမ်းအနားလေးကို ကျင်းပပေးခဲ့ကြပါတယ်။ Twitter မှာတော့ Torrence ရဲ့ လုပ်ရပ်ကို ဝိုင်းပြီးချီးကျုးနေကျသလို ကံကောင်းတဲ့ Gabrielle ကိုလည်း အားကျနေကြပါတော့တယ်။

READ
အန်ကောဝပ်ရှေးဟောင်း နယ်မြေမှ နှစ် 900 သက်တမ်းရှိ ရှေးဟာင်းရုပ်တုကို တွေ့ရှိ

Penny

 

 

SHARE