သမီးဖြစ်သူရဲ့ Post ကို like ပေးဖို့ ဆိုင်တကာလှည့်ပြီး အကူအညီတောင်းနေတဲ့ ဖခင်ကြီး

[email protected] Media

မိဘဆိုတာကတော့ လောကမှာ ဘယ်သောအခါမှ အစားထိုးလို့မရတဲ့ အရာပါပဲ။ ဒါကိုတော့ လူတိုင်းကောင်းကောင်းသိကြမှာပါပဲ။ မိဘဆိုတာ ကိုယ့်သားသမီးကို တစ်ကယ်ချစ်ပြီး သားသမီး အကူအညီလိုလာတိုင်း ပြောစရာမလိုပဲ အဖက်ဖက်က ဖြည့်ဆည်းပေးတတ်တာပဲ ဖြစ်ပါတယ်။ အခုလည်း မလေးရှားနိုင်ငံက ဖခင်ကြီးတစ်ယောက်ဟာ သမီးဖြစ်သူအတွက် စားသောက်ဆိုင်တကာလှည့်ပြီး like တွေတောင်းနေကြောင်း Rachfeed သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] Media

အခုတလော မလေးရှားနိုင်ငံက ဖခင်ကြီးတစ်ယောက်ဟာ ဆိုရှယ်မီဒီယာမှာ တော်တော်နာမည်ကြီးနေပါတယ်။ အကြောင်းကတော့ အဆိုပါဖခင်ကြီးဟာ သူ့သမီး ကျောင်းမှာ ပါဝင်ယှဉ်ပြိုင်ထားတဲ့ project video ကို like & share များဖို့အတွက် စားသောက်ဆိုင်တော်တော်များများမှာ တွေ့သမျှလူတွေကို သူ့သမီးဗီဒီယိုအကြောင်း သေသေချာချာရှင်းပြပြီး like & share လုပ်ပေးဖို့ တောင်းဆိုနေတာကြောင့်ပဲ ဖြစ်ပါတယ်။ သမီးဖြစ်သူရဲ့ ကျောင်း project ကတော့ ကြော်လှော်ချက်ပြုတ်ပြီးသား ဆီတွေကို အသုံးဝင်တဲ့ဆီတွေအဖြစ် ဘယ်လို recycle ပြန်လုပ်မလဲဆိုတာပဲ ဖြစ်ပါတယ်။

READ
မှန်ကြည့်တိုင်း ကိုယ့်ကိုယ်ကို မုန်းမိတယ်ဆိုတဲ့ အမျိုးသားရဲ့ စိတ်မကောင်းဖွယ်အဖြစ်
Facebook_ViralMedia

“ကျွန်တော့်ဖက်ကတော့ အကောင်းဆုံး အဖေတစ်ယောက်အနေနဲ့ ကြိုးစားခဲ့တာပါပဲ။ ဒါပေမယ့် ကျွန်တော့်သမီးကတော့ ဒုတိယပဲ ရခဲ့ပါတယ်။ သူလဲ အကောင်းဆုံးကြိုးစားခဲ့သလို ကျွန်တော်လဲ အကောင်းဆုံးကြိုးစားခဲ့တာပါပဲ။ ကျွန်တော်သမီးဗီဒီယိုကို like & share လုပ်ပေးခဲ့တဲ့ လူတစ်ယောက်ချင်းစီတိုင်းကို ကျွန်တော် တကယ်ကျေးဇူးတင်ပါတယ်”လို့ ဖခင်ဖြစ်သူ အမျိုးသားမှ ပြောကြားခဲ့ပါတယ်။

Igtkan nak promote brg, rupanya uncle ni dtg meja ke meja nk suh org tgk dan like video anak dia. Contest xsilap. 😭😭…

Posted by Viral Media on Friday, July 24, 2020

ကျောင်းပြိုင်ပွဲမှာ ပထမဆုမရခဲ့ပေမယ့် တစ်ကယ့်လက်တွေ့ဘဝမှာ ဖခင်တစ်ယောက်ရဲ့ သားသမီးအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာပြိုင်ပွဲမှာတော့ အဆိုပါဖခင်ကြီးဟာ ပထမဆုရရှိပြီးသားလို့ မြင်ပါတယ်။ Shwemom ပရိသတ်ကြီးကော ဘယ်လိုမြင်လဲမသိဘူးဗျ။

READ
ဒေါ်လာတစ်ဆယ်တန်အစား တစ်ရာတန်ထွက်နေတယ်ဆိုပြီး သတင်းကြီးခဲ့တဲ့ ငွေထုတ်စက်

Pyi Hein Kyaw

SHARE