HIV ပိုးကူးထားတဲ့ လူ့ကိုယ်တွင်းအင်္ဂါတွေကို ရောင်းပြီး စီးပွားရှာခဲ့တဲ့ သားအဖ

အမေရိကန်နိုင်ငံ အီလီနွိုင်းပြည်နယ်မှာ နေထိုင်ကြတဲ့ အမျိုးသားတစ်ယောက်နဲ့ သူရဲ့ သားဖြစ်သူတို့ဟာ နှစ်ယောက်ပေါင်းပြီး ရောဂါပိုးကူးစက်ထားတဲ့ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို မှောင်ခိုဈေးကွက်မှာ ရောင်းခဲ့လို့ ပြစ်ဒဏ်ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ဒေါ်နယ်ဂရင်းစီနီယာ (ဖခင်) နဲ့ ဒေါ်နယ်ဂရင်းဂျူနီယာ(သား) တို့ဟာ အီလီနွိုင်း ဇီဝဗေဒစင်တာကနေ ရရှိခဲ့တဲ့ လူ့ကိုယ်တွင်းအင်္ဂါတွေမှာ HIV ပိုးအပါအဝင် အခြားကူးစက်ရောဂါပိုးများ ပါရှိခဲ့မှန်း သိခဲ့ကြလျက်နဲ့ ရောင်းခဲ့ကြတာဖြစ်ကြောင်း CBS 2 Chicago သတင်းကတစ်ဆင့် သိရပါတယ်။

CBS2

လူတွေက သေဆုံးပြီးသား သူတို့မိသားစုဝင်တွေရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ဇီဝဗေဒစင်တာသို့ သုတေသနလုပ်ငန်းအတွက် လှူခဲ့ကြတာ ဖြစ်ပေမယ့် တကယ်တမ်းမှာ ထိုအင်္ဂါတွေကို အေးခဲထားခဲ့ပြီး ထုတ်ရောင်းခဲ့တာဖြစ်ပါတယ်။ အထက်ဖော်ပြပါ အီလီနွိုင်း ဇီဝဗေဒစင်တာလည်း ယခုအခါ ပိတ်သိမ်းခံလိုက်ရပြီဖြစ်ပါတယ်။

CBS2

ဂရင်းသားအဖက ရောဂါပိုးရှိနေခဲ့တဲ့ ထိုကိုယ်တွင်းအင်္ဂါတွေကို ၂၀၀၈ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း မှောင်ခိုဈေးကွက်မှာ ရောင်းချခဲ့ကြတာပါ။ ထိုကိုယ်တွင်းအင်္ဂါတွေကို ဝယ်ခဲ့ကြသူတွေကလည်း ကူးစက်ပိုးတွေ ပါနေခဲ့မှန်း မသိခဲ့ကြပါဘူး။ ဂရင်းသားအဖ ၂ ယောက်ကိုတော့ ဧပြီလ ပထမပတ်က စတင်စစ်ဆေးနေကြပါတယ်။

READ
မင်းသားဝီလျံနဲ့ ကောလိပ်အတူတက်စဉ်က အတွေ့အကြုံကို ပြောပြခဲ့တဲ့ အက်ဒီရက်ဒ်မိန်း
Wric

၂၀၁၈ မေလတုန်းက ဂရင်းသားအဖနှစ်ယောက်နဲ့ အမှုချင်းဆင်တဲ့ တရားခံတစ်ဦးကတော့ ထောင် ၉ နှစ်ကျသွားတယ်လို့ သိထားရပါတယ်။

Ref: Dailymail, Fox News

SHARE