ကလေးငယ်ကို ရေကူးတတ်စေဖို့ ရေထဲကိုပစ်ချတဲ့ဖခင် ဝေဖန်မှုများစွာခံနေရ

တရုတ်လူမှုကွန်ယက် မီဒီယာတွေမှာ ငါးနှစ်အရွယ်တောင် မရှိသေးတဲ့ ကလေးငယ်လေးကို ဖခင်ဖြစ်သူက ပခုံးထက်မှာ ထမ်းပြီး ရေထဲကိုပစ်ချခဲ့ပါတယ်။ ဖခင်ဖြစ်သူရဲ့ ဆန္ဒကတော့ ကလေးကို ရေကူးတတ်မြောက်စေချင်တဲ့ သဘောပါဘဲ။ ဒါပေမယ့် အလွန်အန္တရာယ်များလွန်းတဲ့ အခြေအနေမို့ ဝေဖန်သူတွေလည်း တော်တော်များခဲ့ပါတယ်။

ကလေးငယ်ကို ဖခင်ဖြစ်သူက အင်္ကျီချွတ်ပေးတာကို ဗွီဒီယိုထဲမှာ ဦးစွာ မြင်တွေ့ရပါတယ်။ ကလေးဟာ ရေကို
ကြောက်ရွံ့လို့ အော်ဟစ်ငိုယိုနေတာကို တွေ့ရပါတယ်။ အဲဒီနောက် ကလေးကို ဖခင်ဖြစ်သူက ပခုံးထက်ကနေ ရေအတန်ငယ် နက်တဲ့နေရာဆီကို ပစ်ချလိုက်တာကို တွေ့ရပါတယ်။

ကလေးငယ်လေးရဲ့ မိခင်လည်း ရေကန်ကမ်းစပ်မှာ ရှိနေပြီး၊ ကလေးက ” မေမေ”လို့ အော်ခေါ်ခဲ့တာကိုလည်း ကြားနေရပါတယ်။ ဖခင်ဖြစ်သူဟာ ရေထဲမှာ ယက်ကန်ယက်ကန်ဖြစ်နေတဲ့ ကလေးကို မဆယ်ဘဲ ခပ်လှမ်းလှမ်းကို ကူးခတ်သွားတာကို တွေ့ရပြီး ကလေးရဲ့ဘေးကနေ သက်ကယ်ဘောကွင်းကို ကြိုးနဲ့တွဲပြီး ကူးခတ်သွားတဲ့ တစ်ခြား အမျိုးသားတစ်
ယောက်ကိုလည်း မြင်တွေ့လိုက်ရပါတယ်။

READ
IS အဖွဲ့ဝင်တွေကို ခေါင်းတွေဖြတ်၊ ရေနွေးနဲ့ပြုတ်ခဲ့တဲ့ အာဂအမျိုးသမီး

ဒါပေမယ့် ကလေးငယ်ဟာ စက္ကန့်သုံးဆယ်လောက် လှုပ်ရှားမှုအပြီးမှာ မိခင်ရှိရာကမ်းစပ်ကို ရောက်အောင်ကူးခတ်သွားနိုင်ခဲ့တာကို တွေ့ရပါတယ်။ မိခင်က ကလေးကို ပွေ့ချီတဲ့အချိန်ထိ ကလေးငယ်က အငိုမပျက်သေးပါဘူး။ ဒါပေမယ့် တစ်ချို့သူတွေကတော့ ဒီကိစ္စကို အကောင်းမြင်နေပါတယ်။

မှတ်ချက်ရေးသူတစ်ယောက်က ” ကျောင်းမှာ သင်တာထက်တောင် ကောင်းသေး”လို့ ရေးခဲ့ပြီး အခြားတစ်ယောက်ကလည်း ” ကျွန်တော်လည်း ဒီပုံစံနဲ့ ရေကူးတတ်ခဲ့တာပါ “လို့ ပြောခဲ့ပါတယ်။ အခြားတစ်ယောက်ကတော့ ” ဒီနည်းဟာ အသုံးဝင်တဲ့ နည်းမဟုတ်ပါဘူး … တစ်ခြားကလေးမိဘတွေ လမ်းမှားလိုက်နိုင်တဲ့ နည်းပါ “လို့ သတိပေးခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE