ကမ်းခြေမှာ ရေလှိုင်းဆွဲခံရတဲ့ သမီးတွေကို အသက်စွန့်ပြီးကယ်တင်ခဲ့တဲ့ သူရဲကောင်းဖခင်

Fred Pepperman/Facebook

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါက ကမ်းခြေတခုမှာ လာရောက်အပန်းဖြေရင်း ဆွဲလှိုင်းတွေကြောင့် ရေနစ်ခဲ့တဲ့ သမီးတွေ ကိုကယ်တင်ခဲ့တဲ့ ဖခင်တဦးဟာ သမီးတွေကိုကယ်တင်အပြီးမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ Fred Pepperman လို့ခေါ်တဲ့ အဲဒီအမျိုးသားဟာ သမီး (၃)ဦးနဲ့ ဇနီးဖြစ်သူတို့နဲ့အတူ အပန်းဖြေခရီးထွက်လာရင်းနဲ့ အခုလို အဖြစ်ဆိုးကို ကြုံတွေ့ခဲ့ရတာဖြစ်ကြောင်း People သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Fred Pepperman Facebook
Fred Pepperman Facebook

အမေရိကန်နိုင်ငံ၊ တန်နက်ဆီပြည်နယ်မှာ အခြေချနေထိုင်တဲ့ ဖရက်ဒ်တို့မိသားစုဟာ ဖလော်ရီဒါမှာရှိတဲ့ သူတို့ရဲ့ ဆွေ မျိုးတွေဆီကို အပန်းဖြေခရီးအဖြစ် (၂၀၁၉)ခုနှစ်ဇူလိုင်လ (၁၃)ရက်နေ့က ရောက်ရှိခဲ့တာဖြစ်ပြီး (၁၄)ရက်နေ့မှာပဲ အခုလိုအဖြစ်ဆိုး နဲ့ကြုံခဲ့ရတာပါ။ ဖရက်ဒ်ရဲ့ ဇနီးနဲ့ သမီးတွေရဲ့ ပြောပြချက်အရ အဲဒီနေ့က သမီး(၃)ဦးဟာ ရေထဲကိုပြေးဆင်းခဲ့ချိန်မှာ ဖခင်နဲ့ မိခင်တို့က ကမ်းခြေမှာပဲ ရှိနေခဲ့တာပါ။ အဲဒီအချိန်မှာ သမီးအငယ်ဆုံး ဂရေ့စ်ဟာ ဆွဲလှိုင်းနဲ့ကြုံပြီး ရေနစ်နေခဲ့ တာကြောင့် သူ့ရဲ့ အမ (၂)ဦးက ကယ်ဖို့သွားခဲ့ပါတယ်။ ဒါပေမဲ့ သမီး(၃)ဦးစလုံး အခက်အခဲဖြစ်နေချိန်မှာ ဖရက်ဒ်က သမီးတွေကိုရအောင် ကယ်ခဲ့ပြီး ကမ်းခြေဆီကိုရောက်အောင် ကူညီပေးခဲ့ပါတယ်။

ဒါပေမဲ့ ဖရက်ဒ်ကတော့ ဆွဲလှိုင်းကြောင့် ရေနစ်သွားခဲ့ပြီး သူ့ကိုဆယ်ယူပြီးချိန်မှာ CPR နည်းနဲ့ အသက်ပြန်ရှုဖို့ကြိုးပမ်း ခဲ့ကြပြီး အနီးဆုံးဆေးရုံကိုပို့ပေးခဲ့ပေမဲ့ အသက်ဆုံးရှုံးသွားခဲ့တာဖြစ်ပါတယ်။ အသက် (၅၃)နှစ်အရွယ် သမီး(၄)ဦးရဲ့ ဖခင်ဖြစ်သူ ဖရက်ဒ်ရဲ့ ဇနီး ဂျူလီကတော့ သူမနဲ့ သမီးတွေအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုတရပ်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

Fred Pepperman Facebook
Fred Pepperman Facebook

ဒါ့အပြင် ဂျိုလီက သူတို့ရောက်ရှိခဲ့တဲ့ ကမ်းခြေမှာ ဆွဲလှိုင်းရှိကြောင်း သတိပေးမှုလည်း လုံးဝမရှိခဲ့ဘူးလို့ ဆိုခဲ့ပါတယ်။ အဲဒီကမ်းခြေမှာ သူတို့အပြင် တခြားအပန်းဖြေနေသူတွေ ရှိပေမယ့် သတိပေးအလံတွေတော့ ရေထဲမှာလုံးဝမရှိဘူးလို့ ဆိုခဲ့ပါတယ်။

KYM

SHARE