ပေ(၃၀)အမြင့်မှ ရေထဲကို ခုန်ချတဲ့ဗွီဒီယို ရိုက်ကူးစဉ်၊ ကျောက်ဆောင်ပေါ်ကျပြီး သေဆုံးခဲ့သူ

ပင်လယ်ကမ်းစပ် နိုင်ငံတွေမှာ ခေတ်စားနေတဲ့ Tombstoning ကစားနည်းဆိုတာက အတော်မြင့်တဲ့ ကျောက်ကမ်းပါးယံ
ကြီးတစ်ခုကနေ အောက်က ရေထဲကို ခုန်ချတဲ့နည်းပါ။ အလွန်အန္တရာယ်များတဲ့ ကစားနည်းဆိုပေမယ့် ဥရောပပင်လယ်
ကမ်းစပ်နိုင်ငံတွေကတော့ အဖွဲ့လိုက်ဖြစ်ဖြစ်၊ အပျော်သဘောပဲဖြစ်ဖြစ် ကစားကြလေ့ရှိပါတယ်။

အခုလည်း Vincent Wagstaff လို့ အမည်ရတဲ့ အိမ်ထောင်သည် အမျိုးသားဟာ Dead Man’s Cove ခေါ်တဲ့ ပင်လယ်
ကမ်းစပ်မှာ တည်ဆောက်ထားတဲ့ ကမ်းထိမ်းနံရံကြီးပေါ်ကနေ အောက်ကို ခုန်ချခဲ့ပါတယ်။ ဒီမတိုင်ခင်မှာ သူ့ဖုန်းနဲ့ သူငယ်ချင်းတစ်ယောက်ကို မှတ်တမ်း တင်ထားစေခဲ့ပါတယ်။

အသက် 39 နှစ်အရွယ် Vincent ဟာ ယခင်ကလည်း အမူးလွန်ပြီး ကားမောင်းခဲ့လို့ ငါးကြိမ်အထိ အဖမ်းခံထားရတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ Dead Man’s Cove နံရံကြီးဟာ အလွန်လူသိများတဲ့ ကျောက်ဆောင်ကြီး ဖြစ်ပြီး Tombstoning ကစားခြင်းကို ၀ါသနာပါတဲ့ လူတွေ စိတ်ကြိုက်ဖြစ်ပါတယ်။

READ
တစ်ချိန်ချိန်မှာ ပြန်အသက်သွင်းလို့ရအောင် အလောင်းကို အေးခဲထားပေမယ့် ရုရှားကုမ္ပဏီ

အဲဒီကျောက်ဆောင်ဟာ အင်္ဂလန်နိုင်ငံ Plymouth Hoe, Devon မှာ တည်ရှိပါတယ်။ အဆိုပါ အဖြစ်အပျက်ဘေးမှာ သူတူနဲ့ သူငယ်ချင်းရှိနေခဲ့ပြီး၊ ဗွီဒီယိုနောက်ခံအတွက် သီချင်းကိုတောင် ဖွင့်ထားခဲ့ပါတယ်။ ဒါပေမယ့် Vincent ဟာ ပေသုံးဆယ် အမြင်ကနေ ကျောက်ဆောင်ပေါ် တည့်တည့်ကျခဲ့ပါတယ်။

သူငယ်ချင်းနဲ့တူဖြစ်သူဟာ ရိုက်ကူးမှုရပ်နားပြီး၊ ငိုတဲ့သူကငို၊ အရေးပေါ်လူနာတင်ကား ခေါ်တဲ့သူက ခေါ်အလုပ်ရှုပ်သွားခဲ့ပါတယ်။ ဒါပေမယ့် Vincent ရဲ့ အသက်ကိုတော့ မကယ်လိုက်နိုင်ခဲ့ပါဘူး။ Vincent ဟာ ဒီဗွီဒီယိုကို သားဖြစ်သူကို ပြဖို့နဲ့ လူမှုကွန်ယက်မှာ တင်ဖို့ ရည်ရွယ်ခဲ့တယ်လို့ သိရပါတယ်။

ညီလင်းထက် (Shwemom)

source : mirror.co.uk

SHARE