YouTuber Jake Paul ရဲ့ နေအိမ်ကို FBI တပ်ဖွဲ့ကဝင်စီး၊ သေနတ်များ သိမ်းဆည်းရမိ

YouTube_ABC-7

နာမည်ကြီး YouTuber တစ်ယောက်ဖြစ်တဲ့ Jake Paul ရဲ့ နေအိမ်ကို FBI တပ်ဖွဲ့ဝင်တွေက ရှောင်တခင် ဝင်ရောက်စီးနင်းခဲ့ပြီး၊ တရားမဝင် သိမ်းဆည်းထားတဲ့ သေနတ်တွေကို သိမ်းဆည်းထားနိုင်ခဲ့ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်ကြောင့် သိရပါတယ်။ Jake ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ Calabasas မှာ နေထိုင်ပါတယ်။

Jake ဟာ အသက်(၂၃)နှစ်သာရှိပါသေးတယ်။ သူကို ပိုင်နက်ကျူးကျော်မှုနဲ့ တရားမဝင် လူစုလူဝေးလုပ်ခြင်းစတဲ့ ပြစ်မှုတွေအတွက် ရဲက ဒီမတိုင်ခင်ကတည်းက ဖမ်းဆီးခဲ့ပါတယ်။ သူဟာ Scottsdale Fashion Square မှာ ဆိုင်ခန်းတွေ ဖောက်ထွင်းမှုတွေ ပြုလုပ်ခဲ့ကြောင်း ဗွီဒီယိုသက်သေတချို့က ဆိုနေပါတယ်။

 

 

View this post on Instagram

 

Time to let the fists do the talking #TeamPaul

A post shared by Jake Paul (@jakepaul) on

အဲဒီနေရာမှာ ဂျော်ဂျီဖလွိုက်ဒ်အရေး ဆန္ဒပြသူတွေ စုဝေးခဲ့သလို၊ ဆိုင်ခန်းတွေ ဖောက်ခံရတာမျိုးလည်း ရှိခဲ့ပါတယ်။ FBI တာဝန်ရှိသူတစ်ဦးရဲ့အဆိုအရတော့ သူတို့ Jake ရဲ့နေအိမ်ကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်း၊ ဒါပေမယ့် ဘာလို့ဝင်စီးခဲ့တာလဲဆိုတာကိုတော့ သူက မပြောခဲ့ဘဲ၊ စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်တစ်ခုရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံတွေအရတော့ ရဲတပ်ဖွဲ့ဝင်တစ်ဦးဟာ ပြောင်းရှည်သေနတ်နှစ်လက်ကို သိမ်းဆည်းဖို့ ပြင်ဆင်နေတာကို တွေရပါတယ်။ အဲဒီကနေ သေနတ်ဘယ်နှစ်လက် သိမ်းဆည်းနိုင်ခဲ့တယ်ဆိုကိုလည်း တိတိကျကျ မသိရသေးပါဘူး။ Jake ဟာ ဆိုင်ဖောက်ထွင်းတဲ့ ကိစ္စရပ်တွေမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ သိရပါတယ်။

သူ့ကို ဇွန်လတုန်းက ရဲကဖမ်းဆီးခဲ့ပါတယ်။ သူဟာ ဂျော်ဂျီဖလွိုက်ဒ်အရေး ဆူပူမှုတွေမှာ အခွင့်ကောင်းယူပြီး ဆိုင်ခန်းတွေကို လိုက်ပြီးဖောက်ထွင်းခဲ့တယ်လို့ ရဲက ဆိုပေမယ့် သူကတော့ ဆန္ဒပြသူတွေကို သွားတွေ့တာလို့ အကြောင်းပြချက်ပေးခဲ့ပြီး၊ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။

 

ယင်းနောက် အချုပ်ကနေ ပြန်လွတ်လာခဲ့ရာ ဇူလိုင်မှာတော့ Jake ဟာ သူ့အိမ်မှာ ပါတီပွဲအကြီးအကျယ် ကျင်းပခဲ့တဲ့အတွက် ဝေဖန်မှုတွေ အကြီးအကျယ် ခံခဲ့ရပြန်ပါတယ်။ အခု သူရဲ့နေအိမ်ကို ဝင်ရောက်စီးနင်းမှုမှာတော့ သူကိုယ်တိုင် နေအိမ်မှာ ရှိမနေခဲ့ပါဘူး။ ဒါပေမယ့် လက်နက်နဲ့ နည်းပညာဆိုင်ရာ ပစ္စည်းတချို့ကို ရဲ့တွေက သိမ်းဆည်းသွားပါတယ်။

လင်းသူရိန်

SHARE