စမတ်တီဗီတွေကြောင့် ရာဇ၀တ်မှုသားကောင်တွေဖြစ်နိုင်ကြောင်း FBI သတိပေး

unsplash/ Glenn Carstens-Peters

FBI အရ ဆိုက်ဘာရာဇ၀တ်မှုကျူးလွန်သူတွေဟာ စမတ်တီဗီတွေကို ပစ်မှတ်ထားနိုင်တယ်လို့ သိရပါတယ်။ Internet streaming နဲ့ facial recognition capabilities တွေကြောင့် စမတ်တီဗီအသုံးပြုသူတွေဟာ ဆိုက်ဘာရာဇ၀တ်သမားတွေရဲ့ ပစ်မှတ်တွေ လွယ်လွယ်ကူကူပဲ ဖြစ်လာနိုင်တာပါ။ နည်းပညာပိုင်းဆိုင်ရာ အဆင့်မြင့်လုပ်ဆောင်ချက်တွေကြောင့် တီဗီထုတ်လုပ်သူတွေနဲ့ app developer တွေဟာ တီဗီဝယ်ယူအသုံးပြုသူတွေကို ခြေရာခံဖို့ လျှို့ဝှက်ပစ္စည်းတွေ ထည့်သွင်းလာနိုင်ပါတယ်။ တကယ်လို့ မသမာသူတွေသာ ဖြစ်ခဲ့မယ်ဆိုရင်တော့ စမတ်တီဗီကို ကောင်းကောင်းထိန်းချုပ်ပြီး တီဗီပိုင်ရှင်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စအားလုံးကို  ခိုးယူနိုင်မှာဖြစ်ကြောင်း CNN သတင်းမှာတော့ ဖော်ပြထားပါတယ်။

ဆိုက်ဘာလုံခြုံရေးအထူးအရာရှိတစ်ဦးဖြစ်သူ မက်တိတ်ကတော့ “နောက်လာမယ့် မျိုးဆက် စမတ်တီဗီတွေနဲ့ စက်ပစ္စည်းတွေဟာဆိုရင် ရှုပ်ထွေးတဲ့ ဆော့ဖ်ဝဲလ်တည်ဆောက်ပုံအပေါ်မှာ အခြေခံထားကြတာပါ။ ဒီတီဗီတွေမှာဆိုရင် အင်တာနက်လိုင်းလည်း အသုံးပြုလို့ရတယ်၊ ပြီးတော့ မိုက်ခရိုဖုန်းလိုမျိုး sensor တွေလည်း ပါတယ်…” လို့ ပြောပြပါတယ်။

READ
ကားအသစ်ဝယ်ဖို့အတွက် ထိုင်းနိုင်ငံမှာ ကျောက်ကပ်ရောင်းခဲ့တဲ့ အမျိုးသား
unsplash/Jens Kreuter

အခန့်မသင့်လို့ ဟက်ကာတွေနဲ့ တွေ့ပြီဆိုရင်တော့ ဟက်ကာတွေဟာ တီဗီက ချန်နယ်တွေကို ပြောင်းပစ်တာ၊ အသံအတိုးအကျယ်တွေကို ကစားတာ၊ အရွယ်မရောက်သေးတဲ့ ကလေးတွေအတွက် မသင့်တော်တဲ့ ဗီဒီယိုတွေကိုပြတာ စတာတွေကို ပြုလုပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ နောက်ထပ် ပိုဆိုးတာတစ်ခုကတော့ စမတ်တီဗီဟာ သင့်အိပ်ခန်းမှာ ထားထားခဲ့ရင် တီဗီက ကင်မရာနဲ့ မိုက်ကရိုဖုန်းတွေကနေတဆင့် သင့်ကို တိတ်တဆိတ် cyberstalk လုပ်နိုင်ဦးမှာ ဖြစ်ပါတယ်။

ဒီလိုဖြစ်ရပ်တွေကနေ ကာကွယ်ဖို့အတွက် စမတ်တီဗီပိုင်ရှင်တွေအနေနဲ့ တီဗီရဲ့ လုံခြုံရေး settings တွေနဲ့ ပတ်သက်ပြီး သေချာဗဟုသုရှိထားဖို့ လိုတယ်လို့ FBI က ဆိုပါတယ်။ ပိုင်ရှင်အနေနဲ့ ထုတ်လုပ်သူတွေက default ထည့်ပေးထားတဲ့ password တွေအစား password တွေပြောင်းပစ်တာ၊ မိုက်ကရိုဖုန်းတွေနဲ့ ကင်မရာတွေကို ဘယ်လို enable/ disable လုပ်ရမယ်ဆိုတာတွေကို နားလည်ဖို့လိုပါတယ်။ အကယ်လို့များ ကိုယ်ဝယ်ထားတဲ့ စမတ်တီဗီဟာ ကင်မရာကို disable လုပ်ဖို့ ခွင့်မပြုဘူးဆိုရင် အမဲရောင်တိတ်ကို တီဗီကင်မရာပေါ်မှာ ကပ်ထားတာပဲဖြစ်ဖြစ် ပြုလုပ်ပြီး ကိုယ့်လုံခြုံရေးကို ကာကွယ်သင့်ပါတယ်။

READ
ခင်ပွန်းနဲ့ပျက်ဆဲတာကို စိတ်ဆိုးပြီး 2 နှစ်သမီးလေးကို လည်ပင်းညှစ်သတ်သည့် မိခင်

စမတ်တီဗီပိုင်ရှင်တွေအနေနဲ့ တီဗီထုတ်လုပ်တဲ့သူတွေက ပေးတဲ့ software updates တွေကိုလည်း ချက်ချင်း update လုပ်နိုင်ဖို့ဟာ အရေးကြီးပါတယ်။ မက်တိတ်ကတော့ “.. စက်ပစ္စည်းတွေကို အမြဲတမ်း up to date ဖြစ်အောင်ထားတဲ့ customer တွေကတော့ သိပ်စိုးရိမ်စရာမလိုပါဘူး။ ဒါပေမယ့် ဟက်ကာတွေကို စိုးရိမ်သူတွေ၊ စမတ် feature အသစ်တွေကို မလိုချင်တဲ့သူတွေအတွက်ကတော့ အဖြေကရှင်းပါတယ်။ ကိုယ့်တီဗီကို အင်တာနက်ဖြုတ်ထားလိုက်ပါ…” လို့လည်း ဆိုခဲ့ပါတယ်။

လင်းလင်း (ShweMom)

SHARE