ကိုရိုနာဗိုင်းရပ်စ်စတင်ရာ ၀ူဟန်မြို့ကို ပိတ်ထားလိုက်ပြီလို့ တာဝန်ရှိသူတွေကြေညာ

Twitter / ABC News

တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟူပေပြည်နယ်မှာရှိတဲ့ ၀ူဟန်မြို့မှာ CoronaVirus စတင်လာခဲ့တာ အားလုံးသိပြီး ဖြစ်မှာပါ။ နောက်ဆုံးရသတင်းတွေအရတော့ ဒီဗိုင်းရပ်စ်ကို ကူးစက်ခံထားရသူ (၅၅၇)ယောက်အထိ ရှိသွားခဲ့ပြီး သေဆုံးသူ ဦးရေကလည်း (၁၇)ယောက်အထိ တိုးမြှင့်လာခဲ့ပါပြီ။

တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်းနိုင်ငံတွေမှာ ဒီရောဂါ ဖြစ်ပွားသူတွေကို တွေ့ရှိခဲ့ရပြီး အခု နောက်ဆုံး အမေရိကန်နိုင်ငံမှာပါ ဒီ ဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေကို တွေ့ရှိခဲ့ရတာပါ။

နယူးယော့ခ်တိုင်းသတင်းစာက ဖော်ပြခဲ့တဲ့ နောက်ဆုံးရသတင်းမှာတော့ တရုတ်အာဏာပိုင်တွေဟာ ဗိုင်းရပ်စ်ဖြစ်ပွားရာ ၀ူဟန်မြို့ကို ပိတ်ထားလိုက်ကြပြီဖြစ်ကြောင်းနဲ့ လူအ၀င်အထွက် ပြုလုပ်ခြင်းကို တားမြစ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။

ဝူဟန်မြို့ကို လေယာဉ်တွေ ၀င်ခွင့်မရှိတော့သလို ရထားတွေ၊ ကားတွေ အစရှိတဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းအားလုံးကို ရပ်တန့်စေလိုက်ပါပြီ။

READ
ပန်းခြံထဲမှာ ဖမ်းမိတဲ့ အင်္ဂလန်နိုင်ငံရဲ့ အကြီးဆုံး မြေကြွက်ကြီး

အာဏာပိုင်တွေကတော့ ဒီ ဗိုင်းရပ်စ်ကို တရုတ်နိုင်ငံ အနှံ့အပြားဆီ ကူးစက်သွားမှာ စိုးရိမ်နေတာကြောင့် အခုလို မသွားဖို့ တားမြစ်လိုက်တာဖြစ်တယ်လို့ နယူးယော့ခ်တိုင်းမ် က ဖော်ပြပါတယ်။

ဒီလို ပိတ်ပင်လိုက်ခြင်းကြောင့် ဒေသခံတွေကြားမှာ စိုးရိမ်မှု ပိုမိုမြင့်တက်လာခဲ့ပြီး ၀ူဟန်ကနေ ခိုးထွက်ဖို့ ကြိုးစားသူတွေရှိလာခဲ့တယ်လို့လည်း သတင်းတွေမှာ တွေ့နေရပါပြီ။

ဒီ ဗိုင်းရပ်စ်ဟာ (၂၀၀၃)ခုနှစ်တုန်းက လူ (၈၀၀)လောက်ကို သေစေတဲ့ SARS ကနေ ဆင်းသက်လာတာဖြစ်ပြီး SARS ၊ MERS တို့ဖြစ်ပွားပြီးတဲ့နောက် အခု တတိယမျိုးဆက် ဗိုင်းရပ်စ်ဖြစ်တဲ့ CoronaVirus ဖြစ်ပေါ်လာတာပါ။

READ
ဖန်ခွက်တွေကို ၀ါးစားလို့ "သံမဏိသွားကြီး"လို့ အမည်တွင်နေတဲ့ တရုတ်အဖိုးအို

အမေရိကန်ဆေးပညာရှင်တွေကတော့ ဒီ ဗိုင်းရပ်စ်ဟာ ရေထွက်သတ္တ၀ါတွေဆီကနေ ကူးစက်တာဖြစ်မယ်လို့ မှတ်ချက်ချထားပြီး အသက်ရှူလမ်းကြောင်းကို အန္တရာယ်ပြုနိုင်တဲ့ ဗိုင်းရပ်စ်မျိုးဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။

အမေရိကန်နိုင်ငံမှာ တွေ့ရှိရတဲ့ ဗိုင်းရပ်စ်ကူးစက်ခံရသူရဲ့ အခြေအနေကတော့ ကောင်းမွန်နေဆဲဖြစ်ပြီး ဆရာဝန်တွေက ဗိုင်းရပ်စ်ကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို ပြင်ဆင်နေကြပြီလို့ နယူးယော့ခ်တိုင်းမ်က ဖော်ပြပါတယ်။

Linn

SHARE