နံနံပင်ဆိုတာ တကယ်တမ်းတော့ ဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးပါ။ အနံ့ရော၊ အရသာပါ ပြင်းတဲ့ အတွက်ကြောင့် နံနံပင် ကြိုက်တဲ့သူတွေကော မကြိုက်တဲ့သူတွေကော ရှိကြပါတယ်။ တစ်ချို့ကြတော့လဲ ဒီအတိုင်း မကြိုက်မစားဖြစ်တာပါ။ ဒါပေမယ့် လုံးဝခါးခါးသီးသီး မကြိုက်တဲ့လူတစ်ချို့ကတော့ ဖေဖော်ဝါရီလ ၂၄ရက်နေ့ကို နံနံပင် မုန်းတီးရေးနေ့လို့ သတ်မှတ်ခဲ့ကြကြောင်း Lad Bible သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်လောက်က Facebook ပေါ်မှာ နံနံပင်မုန်းတီးရေးအဖွဲ့ဆိုပြီး အဖွဲ့တစ်ခုပေါ်ပေါက်လာပါတယ်။ ဒီအဖွဲ့ကလဲ နယ်နယ်ရရ မဟုတ်ပါဘူး။ သူတို့ရဲ့ အဆိုအရဆိုရင်တော့ ဒီအဖွဲ့မှ ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းပါဝင်နေပြီး ဒီလူတွေအကုန်းလုံးဟာ နံနံပင် မုန်းတီးရေးသမားတွေပဲ ဖြစ်ပါတယ်။

ဒီကိစ္စကို စိတ်ဝင်စားတဲ့ သိပ္ပံပညာရှင်အချို့က လူငါးထောင်ကို စစ်တမ်းကောက်ကြည့်တဲ့အချိန်မှာတော့ လူငါးထောင်ရဲ့ လေးပုံသုံးပုံဟာ နံနံပင် လုံးဝမကြိုက်ပဲ မုန်းတီးတဲ့သူတွေ ဖြစ်နေတာ တွေ့ခဲ့ရပါတယ်။
“ ကျွန်တော်တို့လိုပဲ လူတော်တော်များများ နံနံပင် မကြိုက်ပါဘူး။ ကျွန်တော်တို့အဖွဲ့မှာတင် ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းရှိပါတယ်။ အကုန်တူညီတဲ့ တစ်ချက်ကတော့ ကျွန်တော်တို့ အကုန်လုံး နံနံပင် လုံးဝမကြိုက်ပါဘူး။ အရမ်းမုန်းတီးပါတယ်။ အထူးသဖြင့် ကမ္ဘာတစ်ဝှမ်းက စားသောက်ဆိုင်တွေကို ပြောချင်တာ တစ်ခုရှိပါတယ်။ ခင်ဗျားတို့ စားသောက်ဆိုင်ရဲ့ မီနူးထဲမှာ နံနံပင် ပါဝင်တဲ့ အစားအစားတွေကို နံနံပင် ပါကြောင်း မီးနူးထဲမှာ ထည့်ထားစေချင်ပါတယ်။ ဒါမှ ကျွန်တော်တို့လို လူတွေ နံနံပင်ကို ဖယ်ပြီး စားချင်တာ မှာခိုင်းလို့ရမှာပါ” လို့ နံနံပင်မုန်းတီးသူများအဖွဲ့ ပေ့ခ်ျရဲ့ အက်ဒမင်က သူတို့ ပေ့ခ်ျမှာ တင်ခဲ့ပါတယ်။


ဘယ်လိုလဲ သင်ရော နံနံပင်ကြိုက်တဲ့အထဲ ပါလား?
In honour of Valentine's Day this Friday, we thought we'd hit you with this little nugget of truth in case you were having second thoughts about your relationship…
Posted by I Hate Coriander on Tuesday, February 11, 2020
Pyi Hein Kyaw