ကြောင်မျိုးစိတ်အနွယ်ဝင် ရှားပါးတိရိစ္ဆာန် ၇ မျိုးအကြောင်း

ကမ္ဘာတဝှမ်းမှာ နေရာဒေသအလိုက် ကြောင်မျိုးစိတ်ဝင် များစွာရှိပါတယ်။ ရှေးကတည်းက အီဂျစ်လူမျိုးတွေ အထွတ်အမြတ်ထားခဲ့တဲ့ ကြောင်တွေဟာ ယနေ့ခေတ်မှာလည်း လူတွေ သည်းသည်းလှုပ်ရတဲ့ တိရိစ္ဆာန်လေးတွေ ဖြစ်ဆဲပါပဲ။ ကြောင်မျိုးစိတ်နွယ်ဝင်ဆိုရင် ကျားတွေ၊ ခြင်္သေ့တွေ၊ ကျားသစ်တွေကိုတော့ အသိများပေမယ့် ကြောင်အနွယ်ဝင် အခြားရှားပါး သတ္တဝါလေးတွေလည်း ရှိပါသေးတယ်။ သူတို့ကတော့-

(1) Canadian Lynx (Lynx Canadensis)

mind-blowingfacts

အနောက်နိုင်ငံတွေမှာ ရှိတဲ့ လင့်ကြောင်မြီးတို အမျိုးအစားဖြစ်ပါတယ်။ အလက်စကာနဲ့ ကနေဒါတို့မှာ အဓိကတွေ့ရပါတယ်။ အမွေးထူကြီးတွေ၊ လက်ဝါးအကြီးကြီးတွေက အေးခဲတဲ့ ရာသီဥတုနဲ့ ကိုက်အောင် ရှိနေတာပါ။ နားရွက်ကလည်း ထူးခြားတယ်နော်။

(2) Sand Cat (Felis Margarita)

mind-blowingfacts

တစ်သက်လုံးကြောင်ပေါက်ရုပ်လေးတွေ ဖြစ်နေတဲ့ သဲကြောင်တွေကတော့ အာဖရိကတို့၊ အရှေ့အလယ်ပိုင်းတို့လို ကန္တာရဒေသတွေမှာ တွေ့ရပါတယ်။ ကန္တာရတွေထဲမှာ သဲတွေကြောင့် အသံကြားရနှုန်းနှေးတဲ့အတွက် သူတို့ နားရွက်လေးတွေက ကြီးနေတာပါ။ စိတ်မကောင်းစရာက သူတို့ဟာ မျိုးသုဉ်းတော့မယ့် အန္တရာယ်ရင်ဆိုင်နေရပါပြီ။

READ
ကမ္ဘာအတွင်းပိုင်းဝင်ပေါက်အဖြစ် သတ်မှတ်ထားကြတဲ့ ကမ္ဘာ့အနက်ဆုံးလိုဏ်ဂူ

(3) Pallas Cat (Otocolobus Manul)

mind-blowingfacts

Pallas တောကြောင်တွေက သူတို့ရဲ့ အမွေးဖွားကြီးတွေကြောင့် ကြီးသလိုထင်ရပေမယ့် တကယ်တမ်း သာမန်ကြောင်တွေနဲ့ ဆိုဒ်တူတူပါပဲ။ သာမန်ကြောင်တွေနဲ့ မတူတာက မျက်စိသူငယ်အိမ်ပါ။ တခြားကြောင်တွေက ဒေါင်လိုက်အချွန်လေးတွေ ဖြစ်ပေမယ့် သူတို့က အဝိုင်းလေးတွေ ဖြစ်ပါတယ်။

(4) Caracal (Caracal Caracal)

mind-blowingfacts

လင့်ကြောင်အမျိုးအစားပဲ ဖြစ်ပြီး အကောင်အနည်းငယ် ကြီးတဲ့ အမျိုးဖြစ်ပါတယ်။ အာဖရိကနဲ့ အာရှရဲ့ အချို့နေရာဒေသတွေမှာ တွေ့ရပါတယ်။ Caracal တွေက အကြားအာရုံလည်း သိပ်ကောင်းသလို တစ်နာရီ မိုင် ၅၀ နှုန်းနဲ့လည်း အရမ်းမြန်မြန် ပြေးနိုင်ကြသူတွေပါ။

(5) Serval (Leptailurus serval)

mind-blowingfacts

Serval ကြောင်တွေက တောနက်ထဲမှာ သိပ်မတွေ့ရတတ်ပါဘူး။ ဆာဗားနားဒေသမှာ တွေ့ရတတ်ပြီး ရေအရင်းအမြစ်ရှိတဲ့ ဘယ်နေရာမှာမဆို တွေ့ရတတ်ပါတယ်။ သူတို့ရဲ့ နားကားကားလေးတွေက အကြားအာရုံလည်း သိပ်ကောင်းလှပါတယ်။

(6) Snow Leopard (Panthera uncia)

mind-blowingfacts

နှင်းကျားသစ်တွေက အာရှရဲ့ နှင်းထူထပ်တဲ့ ဒေသတွေမှာ နေထိုင်ပါတယ်။ သူတို့က ပတ်ဝန်းကျင်ကို အသုံးပြုပြီး သရုပ်မှန်ဖုံးဖို့ တောင်ကမ်းပါးတွေ တောင်စောင်းတွေမှာ နေလေ့ရှိပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၃၅၀၀ အမြင့်မှာ နေထိုင်ကြပြီး မီတာ ၅၀၀၀ အထိ တက်နိုင်ကြပါတယ်။

READ
ဆီနီဂေါနိုင်ငံက လျှို့ဝှက်ဆန်းကျယ်ပြီး သည်းထိတ်ရင်ဖိုစရာကောင်းတဲ့ Boukout ရိုးရာဓလေ့တစ်ခု

(7) Geoffroy’s Cat (Leopardus geoffroyi)

mind-blowingfacts

တောင်အမေရိကမှာ ရှိတဲ့ တောကြောင်တစ်မျိုးပါ။ ဘိုလီဗီးယားရဲ့ Magellan ရေလက်ကြားဒေသမှာ တွေ့ရတတ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၃၃၀၀ မှာ နေထိုင်ကြပါတယ်။

Ref: Mind Blowing Facts

SHARE