ပရိုတိန်းအသောက်လွန်ပြီး သေဆုံးသွားတဲ့ ကိုယ်ကာယအလှမယ်

‘တန်ဆေးလွန်ဘေး’ ဆိုတဲ့ စကားပုံအတိုင်းပဲ လွန်သွားရင် ဘေးဖြစ်တတ်ပါတယ်။အစားစားရင် အစားခြေဖျက်ဖို့နဲ့ ကြွက်သားတတ်ဖို့က အချိန်ယူရပါတယ်။ Body fit ဖြစ်ဖို့ပရိုတိန်းဓာတ်ပါတဲ့ အရည်ကိုသောက်တာ အကောင်းဆုံးဖြစ်ပါတယ်။ ပရိုတိန်းအရည်က မိနစ် ၃၀တည်းနဲ့  ကြွက်သားကိုကျစ်ကျစ်လစ်လစ်ဖြစ်စေပါတယ်။ ခန္ဓာကိုယ့် လှပအောင်ထိန်းသိမ်းတဲ့လူတော်တော်များများ ပရိုတိန်းဓာတ်ပါတဲ့ အရည်ကိုသောက်ကြပါတယ်။ ဒါပေမယ့်လည်း လွန်သွားရင် ဘေးဖြစ်တတ်ပါတယ်။

သြစတေးလျနိုင်ငံမှ ၂၅နှစ်အရွယ် ကိုယ်ကာယအလှမယ်ဖြစ်သူ Meegan Hefford ကို သူမရဲ့နေအိမ် တိုက်ခန်းအတွင်းမှာ မေ့လဲနေတာကိုတွေ့ခဲ့ရပါတယ်။ တွေ့တွေ့ချင်း ဆေးရုံပို့ခဲ့သောလည်း ဆေးရုံမှာပဲသေသွားခဲ့ပါတယ်။ Meegan က ကျန်းမာရေးအလွန်လိုက်စားတဲ့ ကိုယ်ကာယအလှမယ်ဖြစ်ပါတယ်။ ခန္ဓာကိုယ့်ကျန်းမာလှပအောင် အမြဲဂရုစိုက်နေသူအဖို့ အခုလိုရုတ်တရက် သေဆုံးသွားတာဟာ လူတော်တော်များများကို အံ့အားသင့်စေခဲ့ပါတယ်။

Meegan Hefford

ကလေးနှစ်ယောက်အမေဖြစ်တဲ့ Meegan Hefford ဟာ ခန္ဓာကိုယ်ပိုမိုလှပအောင်ထိန်းပြီး ကာယအလှမယ်ပြိုင်ပွဲဝင်ပြိုင်ရန် ပြင်ဆင်ခဲ့ပါတယ်။ သူမ မဆုံးခင်နေ့က သူမနေရထိုင်ရတာတစ်မျိုးကြီးဖြစ်နေတယ်လို့ သူမရဲ့ မိသားစုဝင်တွေကိုပြောပြခဲ့ပါသေးတယ်။ သူမသေဆုံးပြီးနောက် ဆေးစစ်ချက်ရလဒ်က သူမမှာ မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ရောဂါတစ်မျိုးရှိနေခဲ့ပါတယ်။

READ
အကင်စက်ထဲရောက်နေတဲ့ မြွေကြီးတွေကို တခဏအတွင်း ဖမ်းပြခဲ့တဲ့ (၈၁)နှစ်အရွယ်ဖွားဖွား

သူမရဲ့ မိခင် Michelle White က ” Meegan သေသွားတာကို အခုထိမယုံသေးဘူး။ သမီးက နေမကောင်းဖြစ်နေခဲ့တာလည်းမဟုတ်ဘူး။ အခုလိုရုတ်တရက်သေသွားတော့ မယုံနိုင်ဘူး” လို့ ပြောခဲ့ပါတယ်။ Meeganကိုဆုံးရှုံးသွားရတာ ၀မ်းနည်းမိပါတယ်။ အခုထိ သူမ မရှိတော့ဘူးဆိုတာ မယုံနိုင်သေးပါဘူး လို့လည်း သူမရဲ့သူငယ်ချင်းဖြစ်သူက စိတ်မကောင်းစွာပြောခဲ့ပါတယ်။ သူမ မိသားစုဝင်များက Protein ကိုအဆမတန်သောက်သုံးခြင်းကြောင့် ဖြစ်လာနိုင်မယ့် အန္တရာယ်များနဲ့ပတ်သက်ပြီး သတိပေးချက်များထုတ်ပြန့်ခဲ့ကြပါတယ်။

Hannwe Soe (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

SHARE