ဘီလီယံနာတွေနဲ့ လက်ထပ်ခဲ့ကြတဲ့ ကမ္ဘာကျော် ဆယ်လီများ

Image:IG/Miranda Kerr

ကမ္ဘာကျော်အမျိုးသမီးဆယ်လီတွေ အများကြီးထဲကမှ ဘီလီယံနာတွေ နဲ့ ဖူးစာဆုံခဲ့ကြတဲ့ ဆယ်လီ မမ တွေကို ဖော်ပြ ပေးချင်ပါတယ်။ချမ်းသာပြည့်စုံတဲ့ အမျိုးသားကို အိမ်ထောင်ဖက် အဖြစ် ရွေး ချယ်ချင်ကြတာ မိန်းကလေး အများစုရဲ့ ဆန္ဒပါ။အဲ့ဒီ ဆန္ဒကို အကောင်အထည် ဖော်နိုင်ခဲ့ကြသူေ တွ ကတော့….

Janet Jackson

 

View this post on Instagram

 

#2Nite 💜

A post shared by Janet Jackson (@janetjackson) on

အမေရိကန် အဆိုတော် တေးရေး Janet Jackson ကတော့ နှစ်ကြိမ်တိုင်တိုင်လက်ထပ်ခဲ့ဖူး သူပါ။တတိယ အကြိမ်မှာတော့ ဘီလီယံနာ တစ်ယောက်နဲ့ လက်ထပ် ခဲ့တာပါ။(၂၀၁၂)မှာ Wissam Al Mana ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်နဲ့ လက်ထပ်ခဲ့ပါတယ်။သူ့ရဲ့ ပိုင်ဆိုင်မှု ကတော့ ကန်ဒေါ်လာ တစ်ဘီလီယံ ပါ။ဒါပေမယ့် နောက်ပိုင်းမှာတော့ အိမ် ထောင်ရေး ပြိုကွဲသွားခဲ့ပါတယ်။

Image:twitter/‏ @Loves_TheLord2

Miranda Kerr

ပါးချိုင့်လှလှ လေးနဲ့ သြစတြေးလျ မော်ဒယ် မလေးပါ။ Victoria’s Secret Angels တွေထဲက တစ်ယောက်ပါ။သူမဟ  ဘီလီယံနာ Evan Spiegel နဲ့ (၂၀၁၇)မှာ လက်ထပ်ခဲ့ပါတယ်။ Snapchat ရဲ့Founder ဖြစ်ပြီး သူ့ရဲ့ ချမ်းသာကြွယ်ဝ မှုကတော့ ကန်ဒေါ်လာ (၃.၄)ဘီလီယံ လောက်ရှိပါတယ်။

Image:IG/Miranda Kerr

Salma HayekSalma Hayek

မင်းသမီး Salma HayekSalma Hayek  ကတော့ ပြင်သစ်ဘီလီယံနာ Henri Pinault နဲ့ (၂၀၀၉)မှာ လက်ထပ်ခဲ့ပါတယ်။ Henri ရဲ့ CEO ဖြစ်ပြီး ပြင်သစ်ရဲ့ အချမ်းသာဆုံး မိသားစုတွေ ထဲက တစ်ခုပါ။ဒေါ်လာ (၇)ဘီလီယံလောက် ချမ်းသာတဲ့ သူနဲ့ လက်ထပ်ခဲ့တာပါ။

READ
Fans တွေရဲ့ နှလုံးသားကို ကြွေအောင်အလုပ်နိုင်ဆုံး ကိုရီးယား Idols များ
Image:twitter/@mattlieberman

Elle MacPherson

Supermodel Elle Mac Pherson ရဲ့ ဒုတိယ မြောက် ခင်ပွန်း Jeffrey Soffer ကတော့ အိမ်ခြံမြေ လုပ်ငန်းရှင်ပါ။(၂၀၁၃)မှာ လက်ထပ်ခဲ့ပါတယ်။လက်ထပ်ပြီး နှစ်နှစ်အကြာမှာတော့ Soffer ဟာ Forbes က ထုတ်ပြန်တဲ့ ကမ္ဘာ့ အချမ်းသာဆုံး ဘီလီယံနာ စာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။

READ
ရေထဲက ပုံတွေ တင်လိုက်ပြန်တဲ့ ရွှေမှုံရတီ

Stephanie Seymour

Image:IG/Stephanie Seymour

Stephanie Seymour ကတော့ အမေရိကန်မော်ဒယ်ပါ။သူမဟာ Peter M. Brant နဲ့ (၁၉၉၅)မှာ လက်ထပ်ခဲ့ပါ တယ်။သူ့ရဲ့  ကြွယ်ဝ ချမ်းသာမှုကတော့ အမေရိကန်ဒေါ်လာ (၂.၇)ဘီလီယံနာ ရှိခဲ့ပါတယ်။

 Heather Mills

Image:twitter/@BobbyDeRose

Heather Mills  ကတော့ နာမည်ကြီး မော်ဒယ်ပါ။Paul McCartney နဲ့ (၂၀၀၂)မှာ လက်ထပ်ခဲ့ပြီး  (၂၀၀၈)မှာ ကွာရှင်းခဲ့ပါတယ်။McCartney  ကတော့ ကမ္ဘာ့ အချမ်းသာဆုံး Rock Star တွေ ထဲက တစ်ယောက်ဖြစ်ပြီး  ပိုင်ဆိုင်မှု ကန်ဒေါ်လာ (၁.၂)ဘီလီယံပါ။

Talulah Riley

Image:twitter/@Westworld_Daily

မင်းသမီး Talulah Riley  ကတော့ ဘီလီယံ နာနဲ့ နှစ်ကြိမ် လက်ထပ်ပြီး နှစ်ကြိမ်ကွာရှင်းခဲ့ပါတယ်။(၂၀၀၈)မှာတော့ Riley ဟာ ဘီလီယံနာ စွန့်ဦးတီထွင်သူ Elon Musk နဲ့ တွဲခဲ့ပါတယ်။(၂၀၁၀)မှာ လက်ထပ်ခဲ့ပါတယ်။(၂၀၁၂)မှာ သူတို့ Relationship အဆုံးသတ်ပြီလို့ ကြေညာခဲ့ပါတယ်. (၂၀၁၃)မှာတော့ ပြန်လက်ထပ်ခဲ့ပါတယ်။

Melania Trump

Melania Trump ကတော့ မော်ဒယ် တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။(၁၉၉၈)မှာ Donald Trump နဲ့ တွေ့ပြီး (၂၀၀၅)မှာ လက်ထပ်ခဲ့ပါတယ်။  Donald Trump ကတော့ သမ္မတမဖြစ်ခင်တည်းက ဘီလီယံနာပါ။ပိုင်ဆိုင်မှု ကန်ဒေါ်လာ (၃.၁)ဘီလီယံ လောက်ရှိပါတယ်။

Charlene Wittstock

Image:twitter/@vogueaustralia

Charlene Wittstock  ကတော့ တောင်အာဖရိကရဲ့ အိုလံပစ်ရေကူးအားကစားမယ် တစ်ယောက်ဖြစ်ခဲ့ဖူးပါတယ်။ Monaco ရဲ့  တော်ဝင် မင်းသား Albert of Monaco နဲ့ တွေ့ပြီး (၂၀၁၁)မှာ လက်ထပ်ခဲ့ပါတယ်။အခုဆိုရင်တော့ Princess of Monaco ဖြစ်လာခဲ့ပါတယ်။Prince Albert  ကတော့ ကမ္ဘာ့ အချမ်းသာဆုံး တော်ဝင် မိသားစု ၀င်တွေထဲက တစ်ယောက်ပါ။

Ref;Wiki

SHARE