အမြဲလှတဲ့ ကိုရီးယားအနုပညာရှင်စာရင်းရဲ့ နံပါတ်တစ် နေရာကို Son Ye Jin ရ

Image:IG/Han Ji Min & kyo/tvN

ကိုရီးယားနိုင်ငံမှာတော့ အရမ်းလှတဲ့ မင်းသားတွေ ရော မင်းသမီးတွေ ပါ အများကြီးရှိပါတယ်။တစ်ချို့က ခွဲ စိတ်ပြု ပြင်ပြီး လှ နေကြတာ တွေရှိသလို တစ်ချို့က ပင်ကိုယ် သဘာဝ ကို က လှ နေတာပါ။အ ချော တွေ အများကြီး ရှိတဲ့  အထဲကမှ ပရိသတ်တွေ က နေ အသက်ငယ်ငယ်တည်းက နေ အခုချိန် ထိ အမြဲ လှ နေတဲ့ အမျိုးသမီး အနုပညာရှင် စာရင်းကို မဲ ပေး ရွေးချယ်ခဲ့ပါတယ်။DCInside မှာ မဲ ပေး ရွေးချယ်ခဲ့တာ လို့ Allkop မှာ ဖော်ပြ ထားပါတယ်။

Image: Imdb/CrushLandingOnYou

ဒီစာရင်းရဲ့ နံပါတ် တစ်နေရာကိုတော့ မင်းသမီးချော Son Ye Jin က ရခဲ့ပါတယ်။သူမကို တော့ မဲ ပေးသူရဲ့ (၅၈.၈) ရာခိုင်နှုန်း (1,378) မဲ နဲ့ နံပါတ် တစ်ဖြစ်ခဲ့တာပါ။မိတ်ကပ် လိမ်း လိမ်း မလိမ်းလိမ်း ပင်ကိုယ် သဘာ ၀ ကို က အရမ်း လှ နေတာ ရယ်၊ဘယ်လို ဖက်ရှင်မျိုးနဲ့ မဆို လိုက်ဖက်တဲ့ အချက် တွေ ကြောင့် အခုလို နံပါတ် တစ် နေရာ ကို ရခဲ့တာပါ။Son Ye Jin ရဲ့ အသက် က တော့ (၃၈)ရှိ နေပါပြီ။အသက် (၃၈)နှစ်အထိ နုပျို လှ နေတာပါ။

READ
ဆွဲဆောင်မှုရှိရှိနဲ့ ပရိသတ်တွေကို ညို့ယူဖမ်းစားလိုက်တဲ့ ခင်ဝင့်ဝါ
Image:IG/Han Ji Min

နံပါတ် နှစ် နေရာကိုတော့ မင်းသမီး Han Ji Min က ရခဲ့ပါတယ်။Han Ji Min က တော့ အသက် (၃၇)နှစ်ပါ။ အရွယ် နဲ့ မလိုက် အောင်နုပျို လှပ သူ ဖြစ်ပြီး  သရုပ်ဆေင်ပိုင်းမှာဆိုရင်လည်း မတူညီတဲ့ ဇာတ် ကောင် မျိုး စုံကို ပိုင် နိုင် အောင်သရုပ်ဆောင်နိုင်သူပါ။

Image:IG/kyo

နံပါတ် သုံးနေရမှာတော့ ဆောင်းဟေကို ရှိ နေပါတယ်။သူမက တော့ ငယ်ငယ်တည်းက ပရိသတ်အားပေး မှုကို ရလာတာ ဒီနေ့ အထိ အာရှရဲ့ နတ်မိမယ် အလှ လေး လို့ တောင် တင်စားခံခဲ့ရဖူးတဲ့ မင်းသမီး တစ်ယောက်ပါ။ သူမရဲ့ အသက်ကလည်း (၃၈)နှစ်ပါ။

Image:IG/Kimtaehee

ဒီစာရင်းထဲမှာ ပါဝင် ခဲ့တဲ့ တခြား အနုပညာရှင် တေတွ ရှိပါတယ်။သူတို့ တွေ ကတော့ Kim Tae Hee, Lee Young Ae နဲ့  Han Ga In တို့ပါ။Kim Tae Hee ကတော့ Hi Bye, Mama!  ဆိုတဲ့ ဒရမ်မာကား သစ် ထွက်ထားတာ သိပ် မကြာ သေးပါဘူး။ဒုတိယ မြောက်ရင် သွေးလေး မွေးပြီး လအနည်းငယ် အကြာမှာပဲ အနုပညာ လောကထဲ ပြန်ဝင် လာပြီး ဇာတ်ကားသစ်ရိုက်ခဲ့တာပါ။Kim Tae Hee ရဲ့ အသက်က တော့ (၄၀)ပါ။

READ
အ၀ါရောင်ဖက်ရှင်လေးနဲ့ လှချင်တိုင်းလှ နေတဲ့ စိုးပြည့်သဇင်
Image:IG/Lee Young Ae

Lee Young Ae က တော့ ချန်ဂင်ဆိုပြီး မြန်မာပရိသတ် ကြား လူသိများခဲ့သူပါ။အသက် (၄၉)နှစ်ရှိ နေတဲ့ အထိ ပရိသတ် အားပေးချစ်ခင်မှုကို ရထားသူပါ။

Image:IG/Han Ga Infan

Han Ga In ကတော့ မင်းသား Yeon Jung-hoon ရဲ့ ဇနီးချောပါ။လှပ တဲ့ အသား အရေ ကို ပိုင်ဆိုင်ထားသူပါ။ ငယ်ငယ်တည်းက အခုထိ မ ပြောင်းလဲပဲ လှ နေတဲ့ သူမရဲ့ အသက် ကတော့ အခုဆိုရင် (၃၈)နှစ်ရှိ နေပါပြီ။

 

View this post on Instagram

 

HAN GA IN in Grazia March 2018 Pictorial

A post shared by Han Ga In 한가인 (@hgi.0202) on

SHARE