စည်းကျော်တော့မယ့်ဘောလုံးကို ဂျွမ်းပစ်တားခဲ့တဲ့ အမျိုးသမီးခရစ်ကတ်သမား

instagram/bcci_indian_cricket_ twitter/AwanishSharan

မွန်ဘိုင်းအိန္ဒိယန်းတွေနဲ့ ဒေလီမြို့တွေကြားမှာ နောက်ဆုံး IPL ပြိုင်ပွဲတစ်ပွဲကိုကျင်းပတဲ့အချိန် ခရစ်ကတ်ပရိသတ်တွေဟာ တီဗီဖန်သားပြင်ပေါ်မှာ မျက်လုံးကိုကော်ကပ်ထားသလို မျက်တောင်မခတ်တမ်းကြည့်နေခဲ့ကြပါတယ်။ နိုဝင်ဘာ၁၀ရက်နေ့တုန်းကလည်း အမျိုးသမီး T20 မှာ Trailblazers နဲ့ Supernovas တို့ပြိုင်ပွဲရှိခဲ့ပါတယ်။

Trailblazers ဟာ ၁၆မှတ်အသာနဲ့ Supernovas ကိုအနိုင်ရကာ ဆုတံဆိပ်ဆွတ်ခူးသွားခဲ့တယ်လို့ storypick သတင်းစာမျက်နှာအရ သိရပါတယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲအတွင်းမှာ ကြည့်ရှုသူပရိသတ်တွေကို ကြက်သီးဖြန်းဖြန်းထသွားစေတဲ့ အခိုက်အတန့်လေးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒါကတော့ Trailblazers က ခရစ်ကတ်ကစားသမား Natthakan Chantham ဟာ သူမရဲ့အန္တရာယ်များပေမယ့် ပေါ့ပါးဖျတ်လတ်တဲ့စွမ်းရည်ကိုပြသသွားခဲ့တာ ဖြစ်ပါတယ်။

READ
ပေါင် 280 ရဖို့အတွက် ခန္ဓာကိုယ်တစ်ခုလုံး မီးရှို့ ပြိုင်ပွဲဝင်ခဲ့သူ မီးလောင်ဒဏ်ရာများ ရရှိခဲ့

သူမရဲ့ကစားပုံကိုတော့ အေရိုးဗစ်လှုပ်ရှားတယ်လို့ ခေါ်ဆိုရနိုင်မယ်ထင်ပါတယ်။ အဲ့ဒါကတော့ Natthakan Chantham ဟာ ဘောလုံးစည်းမကျော်စေဖို့ ခန္ဓာကိုယ်ကိုနောက်ပြန်ကျွမ်းထိုးကာ တားဆီးခဲ့တာဖြစ်ပါတယ်။ အောက်ဘက်မှာတော့ သူမရဲ့ ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်။

Smriti Mandhana ဆိုသူ ကစားသမားတစ်ဦးကတော့ အခုလိုဆိုပါတယ်။ “ကွင်းထဲမှာ တော်တော်ကစားနိုင်တဲ့သူ ၂ယောက် ၃ယောက်လောက်ပါပါတယ်။ အထူးသဖြင့် Chantham ပေါ့။ မိန်းကလေးတစ်ယောက် ဒီလိုမျိုးကစားတာ တစ်ခါမှမတွေ့ဖူးဘူး။” ဒါ့ပြင် အွန်လိုင်းပေါ်မှာရှိတဲ့ ခရစ်ကတ်ကစားသူပရိသတ်တွေဟာလည်း Chantham ရဲ့ကစားပုံကို တကယ်ပဲအံ့အားသင့်နေကြပြီး အများစုကတော့ အမျိုးသားခရစ်ကတ်ကစားသမားတွေတောင် Chantham ဟာ ပိုကောင်းကောင်းကစားနိုင်ကြောင်း ချီးမွမ်းနေကြတာပဲဖြစ်ပါတယ်။


ShweMom

SHARE