Kpop သမိုင်းတစ်လျှောက် Album အရောင်းရဆုံး စာရင်းဝင်ထားတဲ့ အမျိုးသမီးအဖွဲ့(၅)ဖွဲ့

Instagram/Twice_GirlGeneration

Kpop လောကရဲ့ သမိုင်းတစ်လျှောက်လုံးမှာ album အရောင်းရဆုံး Kpop girl group 5 ဖွဲ့ကို ဖော်ပြပေးလိုက်ပါတယ်။ သူတို့တွေထဲမှာ ပရိတ်သတ်တွေ လုံးဝထင်မထားတဲ့ အဖွဲ့တွေလည်း ပါဝင်နေပြီးတော့ သူတို့ဟာ အားလုံးထဲမှာ album အရောင်းရဆုံး စာရင်းဝင်ခဲ့သူတွေပါ။ ဘယ်အဖွဲ့တွေက album အချပ်ပေါင်း ဘယ်လောက်တောင် ရောင်းချနိုင်ခဲ့လဲဆိုတာကိုတော့ koreaboo က ခုလိုဖော်ပြထားပါတယ်။

TWICE

https://www.instagram.com/p/CBcDcDgjGeD/?utm_source=ig_embed&utm_campaign=loading

2015 ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ TWICE အဖွဲ့ဟာ သူတို့ပွဲဦးထွက်တဲ့ နှစ်မှာတင်ပဲ album အရောင်းရဆုံး စာရင်းဝင်လာခဲ့ပါတယ်။ ခုချိန်ထိတော့ သူတို့အဖွဲ့ကို ကျော်ပြီးရောင်းရတဲ့ အဖွဲ့တွေတော့ မရှိသေးပါဘူးနော်။ သူတို့ရဲ့အဖွဲ့က 2015 ခုနှစ်မှာ album ပေါင်း 7,355,067 အထိရောင်းရခဲ့တဲ့ ပထမဆုံး အဖွဲ့တစ်ဖွဲ့ ဖြစ်လာခဲ့ပါတယ်။

Girl’s Generation

https://www.instagram.com/p/BusB6W4AXeX/?utm_source=ig_embed&utm_campaign=loading

Girl’s Generation အဖွဲ့ 2007 ခုနှစ်မှာ စတင်ပွဲဦးထွက်လာခဲ့ပြီး အတော်လည်း လူကြိုက်များ ရေပန်းစားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ခဲ့ပါတယ်။ အဲဒီ့နှစ်မှာပေါင်း သူတို့ရဲ့ album က အချပ်ပေါင်း 6,030,054 အထိရောင်းထွက်သွားခဲ့ပါတယ်။ ခုချိန်မှာတော့ သူတို့ဟာ kpop သမိုင်းရဲ့ album အရောင်းရဆုံး ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

KARA

 

2007 ခုနှစ်မှာ စတင်ပွဲထွက်လာတဲ့ KARA အဖွဲ့ဟာ album ပေါင်း 3,939,509 အထိ ရောင်းရခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လို့ နောက်ပိုင်းမှာ အဖွဲ့ထဲက ထွက်ခွါတဲ့ သူတွေရှိခဲ့ပြီး သူတို့ရဲ့ အဖွဲ့က 2016 ခုနှစ်အထိပဲ အနုပညာလှုပ်ရှားမှုတွေ ရှိခဲ့ပြီးတော့ နောက်ပိုင်းမှာ ပြိုကွဲသွားခဲ့ပါတယ်။

READ
နေရောင်အောက်မှာ တောက်တောက်ပပနဲ့ လှနေတဲ့ သင်ဇာဝင့်ကျော်ရဲ့ ပုံရိပ်များ

S.E.S

မိန်းကလေး သုံးယောက်နဲ့ ဖွဲ့စည်းထားတဲ့ S.E.S အဖွဲ့ဟာ 1997 ခုနှစ်က စတင် ပွဲဦးထွက်ခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ပါ။ သူတို့ရဲ့ ပွဲဦးထွက်တဲ့နှစ်မှာ album ပေါင်း 3,579,859 အထရောင်းချနိုင်ခဲ့ပြီးတော့ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ မိန်းကလေး အဖွဲ့တစ်ဖွဲ့ပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ လှုပ်ရှားမှုက 2002 ခုနှစ်အထိ ရှိခဲ့ပါတယ်။

READ
နန်းမြတ်ဖြိုးသင်းရဲ့ ကလေးလေးအတွက် သူငယ်ချင်းတွေပြုလုပ်ပေးတဲ့ gender reveal ပါတီ

Fin K.L.

https://www.instagram.com/p/B_CQJUTJzQk/?utm_source=ig_embed&utm_campaign=loading

1998 ခုနှစ်မှာ ပွဲဦးထွက်ခဲ့တဲ့ Fin K.L. ဆိုတဲ့ အဖွဲ့က မိန်းကလေး လေးယောက်နဲ့ ဖွဲ့စည်းထားတဲ့ တော်တော်များများလည်း ခုချိန်ထိ သိနေကြဆဲ အဖွဲ့တစ်ဖွဲ့ပဲ ဖြစ်ပါတယ်။ ခုချိန်မှာ solo artist တစ်ယောက်အဖြစ် အောင်မြင်နေတဲ့ Lee Hyori ဟာလည်း အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူတို့တွေဟာ album ပေါင်း 2,158,698 အထိရောင်းချနိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ အရမ်းကိုနာမည်ကြီးနေတဲ့ BLACKPINK အဖွဲ့ဟာ album ပေါင်း 841,847 ရောင်းချနိုင်ခဲ့ပြီး နံပါတ်တစ်ဆယ်နေရာမှာ ရပ်တည်နေပါတယ်။

Khin

 

SHARE