အသက်အန္တရာယ်နဲ့ ကြုံခဲ့ရပေမယ့် မတုန်လှုပ်ဘဲ live ဆက်လွှင့်ခဲ့တဲ့ သတင်းထောက်

MSNBC

ကမ္ဘာ့ကပ်ရောဂါရင်ဆိုင်ကြုံတွေ့နေရစဉ် stay home မနေနိုင်ကြဘဲ ရှေ့တန်းကို ထွက် အလုပ်လုပ်နေရတဲ့ ဝန်ထမ်းတွေထဲ ဂျာနယ်လစ်တွေဟာလည်း အပါအဝင်ပါပဲ။ ပြည်သူလူထုကို အချိန်နဲ့တပြေးညီ မှန်ကန်တိကျတဲ့ သတင်းစကားတွေ ပေါက်ရောက်ဖို့အတွက် သူတို့ခင်ဗျာမှာလည်း အန္တရာယ်ကြား လှုပ်ရှားလုပ်ကိုင်သွားလာနေခဲ့ရပါတယ်။

ဒီလို ရောဂါဘယအန္တရာယ်ကြား အလုပ်လုပ်နေရင်းတောင်မှ US က သတင်းတင်ဆက်သူအမျိုးသမီးသတင်းထောက်တစ်ဦးကတော့ မတော်တဆ အန္တရာယ်တစ်ခုကို ထပ်မံကြုံတွေ့ခဲ့ရပါတယ်။

Pro Football Talk ဆိုတဲ့ Twitter account မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့တုန်းက ဗီဒီယိုတစ်ခု တင်လာခဲ့ပါတယ်။ ဗီဒီယိုကတော့ Kristen Welker ဆိုတဲ့ သတင်းတင်ဆက်သူ အမျိုးသမီးအနေနဲ့ ဝါရှင်တန်ဒီစီမှာ နေ့ခင်း ၁၂ နာရီခွဲကျော်လောက်တုန်းက တိုက်ရိုက်ထုတ်လွှင့်မှုနဲ့ သတင်းတင်ဆက်နေခဲ့တာပဲဖြစ်ပါတယ်။

MSNBC

ကူးစက်ရောဂါကွယ်ဖို့အတွက် face mask တပ်ထားပေမယ့် live လွှင့်နေတုန်းမှာတင်ကို အဲဒီနေရာမှာ လေကြမ်းတွေအရမ်းတိုက်နေတာ တွေ့ရမှာပါ။ ရုတ်တရက်ဆိုသလို သူမရဲ့မျက်နှာနားကို ပစ္စည်းတစ်ခုကျလာခဲ့ပါတယ်။ ပစ္စည်းကတော့ မီးထိုးတဲ့မီးသီးတိုင်ကြီးပါ။ မီးထိုးတိုင်က ပေါ့ပေါ့လေးမဟုတ်ပါဘူး။

READ
ရေနွေးကြမ်းကို ဈေးများတယ်ပြောလို့ ခရီးသွားနှစ်ဦးကို လိုက်ရိုက်တဲ့ ဈေးသည်အမျိုးသမီး
MSNBC

ကံကောင်းထောက်မစွာနဲ့ Kristen Welker တစ်ယောက် လေတိုက်ကြမ်းလို့ မျက်နှာနားပြုတ်ကျလာတဲ့ မီးထိုးတိုင်ကို ရှောင်လိုက်နိုင်ပေမယ့် စက္ကန့်မလပ်ဘဲ နောက်တစ်ဖက်က မီးထိုးတိုင်တစ်ခု သူမခေါင်းပေါ်ကို ထပ်ပြုတ်ကျလာခဲ့ပါတယ်။ ဒါကိုလည်း Kristen Welker က ထပ်ရှောင်လိုက်နိုင်ခဲ့ပြန်တယ်။ တော်တော်သတိရှိတဲ့အမျိုးသမီးတစ်ယောက်ပဲနော်။

ဒီဗီဒီယိုဟာ Twitter မှာ ကြည့်ရှုသူပေါင်း ၁.၄ သန်းကျော်သွားခဲ့ပါပြီ။ လူအများစု ချီးကျူးအံ့သြနေတဲ့ အချက်ကတော့ မီးထိုးတိုင်ကြီး နှစ်ကြိမ်တိတိပြုတ်ကျခဲ့ပေမယ့် ထိတ်လန့်မသွားဘဲ တိုက်ရိုက်တင်ဆက်မှုကို ဘာမှမဖြစ်သလို ဆက်လုပ်နေနိုင်တာပါပဲ။ အသည်းယားစရာဗီဒီယိုလေးကို ကြည့်လိုက်ပါဦး။

MSNBC

 

Penny

SHARE