အများရှေ့မှာ ၀န်မခံပေမယ့် အမျိုးသမီးတွေ တိတ်တခိုးနှစ်သက်ကြတဲ့ အချက်များ

အမျိုးသမီးတွေဟာ နားလည်ရခက်တဲ့သူတွေပါ။ တစ်ခါတစ်လေမှာ ပါးစပ်က ထွက်တာနဲ့ စိတ်ထဲမှာ ရှိနေတာက တခြားစီ ဖြစ်နေတတ်ပါတယ်။ အခုအခါမှာတော့ လူသိရှင်ကြား ၀န်မခံပေမယ့် အမျိုးသမီးတွေ စိတ်ထဲမှာ ကြိတ်ကြိုက်လေ့ရှိကြတဲ့ အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

လူကြည့်ခံရတဲ့အခါ..

© eastnews

မိန်းမတွေဟာ သူတို့ကို လူကြည့်တဲ့အခါ နှစ်သက်ကြပါတယ်။ ဥပမာပြောရရင် ကိုယ်နဲ့လိုက်ဖက်တဲ့ အ၀တ်အစားလေးဝတ်၊ ဆံပင်လေးသပ်သပ်ရပ်ရပ်စည်းထားပြီး လမ်းလျှောက်နေတုန်းမှာ အမျိုးသားတွေက ကိုယ့်ကိုလိုက်ကြည့်ရင် သိပ်သဘောကျကြပါတယ်။ စိတ်ထဲကလည်း ငါတော်တော်လှနေတာပဲ လို့ တွေးနေတတ်ပါတယ်။

အခြားအမျိုးသမီး အချင်းချင်း အားကျခံရတဲ့အခါ

© eastnews

မိန်းမဆိုတာ ပုံမှန်ဆို သူတို့လူကို အခြားမိန်းမတစ်ယောက်က ကြည့်တာမျိုးကို မကြိုက်ကြပါဘူး။ ၀န်တိုကြပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ အတွင်းစိတ်တစ်ေနရာမှာတော့ အခြားလူတွေရဲ့ ချီးကျူးဂုဏ်ပြုတာ အားကျတာကို ခံချင်တဲ့စိတ်ကလည်း ရှိနေပါတယ်။ ဒါကြောင့် တစ်ခါတစ်လေမှာတော့ ကိုယ့်လူဟာ ဘယ်လိုပုံစံမျိုးဖြစ်ကြောင်း သူများကို ကြွားချင်တဲ့စိတ်ကလည်း ပါနေပါတယ်။

READ
ဥာဏ်ကောင်းလာလေလေ ချစ်ရခက်လာလေလေ ဖြစ်ရခြင်းအကြောင်းအရင်း (၄)မျိုး

အမျိုးသားတွေရဲ့ အီစီကလီလုပ်ခံရတာ..

© eastnews

အခြေအနေအတော်များများမှာ အမျိုးသမီးတွေဟာ အီစီကလီလုပ်ခံရတာကို အန္တရာယ်မရှိဘူးလို့ မြင်ကြပါတယ်။ ဥပမာ ကော်ဖီဆိုင်က အမျိုးသားတစ်ယောက်က ကိုယ့်ကို ပြုံးပြတာ၊ ကိုယ့်လုပ်ဖော်ကိုင်ဖက် အမျိုးသားတစ်ယောက်က ဒီနေ့ကိုယ်ဝတ်ထားတာ အဆင်ပြေတယ်၊ လှတယ်ပြောရင် မိန်းမတွေက အရမ်းသဘောကျကြပါတယ်။

ကိုယ့်အတွက်နဲ့ အမျိုးသားတွေ ရန်ဖြစ်ကြတာ…

© eastnews

ပုံမှန်ဆိုရင်တော့ သူများတကာ စုံတွဲတွေမှာ ကောင်မလေးကြောင့် ကောင်လေးက ရန်ဖြစ်ရတယ်ဆိုရင် ဒီကောင်လေးဟာ ရူးနေသလားဆိုပြီး မိန်းမတွေက ထင်တတ်ပါတယ်။ ဒါပေမယ့်လည်း ကိုယ့်ကို အမူးသမားတစ်ယောက်က နှောင့်ယှက်နေတဲ့အခါ ဒါကို မြင်လိုက်တဲ့ အခြားသူတစ်ယောက်က ကိုယ့်ကို အမူးသမားလက်ထဲက ကာကွယ်ပေးနိုင်ခဲ့ရင် ထိုသူဟာ လူစွမ်းကောင်းလို့ မိန်းမတွေက မြင်တတ်ကြပါတယ်။

တချိန်တည်းမှာ ပိုးပန်းသူတွေ အပြိုင်ရှိနေတာ

© eastnews

ပွင့်ပွင့်လင်းလင်း ပြောရရင် မိန်းမတွေဟာ ကိုယ့်ကိုပိုးပန်းနေသူတွေ ရှိတာ သဘောကျကြပါတယ်။ ပိုများလေ ပိုကောင်းလေပေါ့။ ဒီလိုဆိုလို့ ကိုယ့်ကို ပိုးပန်းနေသူအားလုံးကို တစ်ချိန်တည်းမှာ ကြိုက်တာလားဆိုတော့လည်း မဟုတ်ပါဘူး။ ကိုယ်ချစ်တဲ့သူကိုတော့ အခြားယောကျာ်းသားတွေနဲ့ ခွဲခြားထားလေ့ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် မိန်းမတစ်ယောက်ဟာ မျိုးမတူတဲ့သူဆီက သူမဟာ ဆွဲဆောင်မှုရှိကြောင်း၊ လှပကြောင်းပြောရင် အမျိုးသမီးသဘာဝအတိုင်း ကြိုက်နှစ်သက်ကြပါတယ်။

READ
ချစ်ရတဲ့သူနဲ့ ခရီးသွားရင်း အမှတ်တရဓာတ်ပုံ ကောင်းကောင်းလေးတွေ ရစေချင်လို့....

လင်းလင်း (ShweMom)

Ref: brightside

SHARE