လေယာဉ်ပေါ်အိပ်ပျော်ကာပြန်နိုးလာပြီးနောက် ခြောက်ခြားဖွယ်နဲ့ကြုံတွေ့ခဲ့ရတဲ့သူမ

TheDigitalArtist/pixabay

အကယ်၍ ခဏလေးအိပ်ပျော်သွားပြီး ပြန်နိုးလာတဲ့အချိန် ပတ်ဝန်းကျင်မှာ ဘာမှမမြင်ရဘဲ မှောင်မဲနေတဲ့ ပတ်ဝန်းကျင်းကြီးက ဆီးကြိုနေခဲ့ရင် သင်ဘယ်လိုလုပ်မှာလဲ။

Tiffani Adams ဆိုတဲ့ အမျိုးသမီးကတော့ လေယာဉ်ပေါ်မှာ တစ်ယောက်တည်း အိပ်မက်ဆိုးအလား ထင်မှတ်ရလောက်တဲ့ ဖြစ်ရပ်တစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။Independent  သတင်းစာမှာ ဖော်ပြထားတဲ့အတိုင်း Tiffani Adams ဟာ Air Canada လေကြောင်းလိုင်းမှ လေယာဉ်နဲ့ Quebec မှ Toronto သို့ ဇွန်လ ၈၉ ရက်နေ့က ခရီးနှင်လာခဲ့ပါတယ်။

Free-Photos/pixabay

ခရီးဟာ မိစစ် ၉၀ ကြာမြင့်မှာဖြစ်တဲ့အတွက် လေယာဉ်ပေါ် လိုက်ပါလာရင်း သဘာဝအတိုင်း ငိုက်မြည်းလာခဲ့တဲ့အတွက် Tiffani Adams တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက်ပဲ အိပ်ပျော်သွားခဲ့ကာ သူမနိုးလာတဲ့အချိန်မှာတော့ ပတ်ဝန်ကျင်တစ်ခုလုံးက မည်းနက်နေတာပါပဲတဲ့။ မှောင်လွန်းလို့ နားထဲမှာ ဝီစီသံလိုလို တဝီဝီကြားရတဲ့အထိ မှောင်မည်းနေပြီး အမှောင်နဲ့ ကျင့်သားရသွားတဲ့အချိန်မှာတော့ သူမသတိထားမိတာက Quebec ကနေ ထွက်လာတဲ့လေယာဉ်ပေါ်မှာပဲ ရှိနေသေးတယ်ဆိုတာပါ။ ကွာခြားသွားတာတစ်ခုကတော့ သူမအိပ်မပျော်ခင်တုန်းက လင်းလင်းထိန်ထိန်နဲ့ လူတွေအများကြီးရှိနေခဲ့ပြီး အခုအချိန်မှာတော့ အေးစိမ့်မှောင်မည်းပြီး လူဆိုလို့ သူတစ်ယောက်တည်း ကျန်နေခဲ့တာပဲဖြစ်ပါတယ်။

READ
အမေများနေ့မှာ သားတွေအတွက် မိခင်ကိုယ်စား ကြိုးစားဖြည့်ဆည်းပေးခဲ့တဲ့ ဖခင်
DaniloBueno/pixabay

အစကတော့ အိပ်မက်ဆိုးများမက်နေသလားလို့ ထင်မိခဲ့တာကြောင့် အိပ်ယာကနေ ပြန်နိုးဖို့ ကိုယ့်စိတ်ကိုကိုယ် အမိန့်ပေးခဲ့ပါသေးတယ်။ နောက်မှ တကယ်ကြီးဖြစ်နေမှန်း လက်ခံသွားခဲ့ရတာပါ။ Tiffani Adams ဟာ သူငယ်ချင်းဆီကို ဖုန်းဆက်ဖို့ စဉ်းစားခဲ့ပေမယ့်လည်း ဖုန်းဘတ်ထရီဟာလည်း ကုန်သွားပြီး ဖုန်းတောင် ပိတ်သွားခဲ့တာမလို့ အခက်တွေ့နေခဲ့ပါတယ်။ အားသွင်းဖို့ လေယာဉ်ကပေးထားတဲ့ နေရာမှာ ကြိုးတပ်ခဲ့ပေမယ့်လည်း လေယာဉ်ကစက်မနှိုးထားတာကြောင့် အားးသွင်းမရဖြစ်နေခဲ့ရပါတယ်။ ဒါကြောင့် အားတင်းကာ ဟိုဟိုဒီဒီလိုက်ရှာတဲ့အခါမှာတော့ ကံကောင်းစွာနဲ့ လက်နှိပ်ဓာတ်မီးတစ်လက်ကို ရှာတွေ့ခဲ့ပါတော့တယ်။

ဓာတ်မီးရဲ့ အလင်းကိုပဲအားကိုးပြီး လေယာဉ်ပင်မတံခါးပေါက်ကို ရှာဖွေကာ တံခါးဖွင့်လိုက်တော့မှပဲ အသက်ဝဝရှူနိုင်ခဲ့တယ်လို့ Tiffani Adams က Independent ကို ပြောခဲ့တာပါ။ ဒါပေမဲ့လည်း သူမရောက်နေတာဟာ လေယာဉ်ပေါ်ဖြစ်ပြီး ဂိုဒေါင်ထဲမှာ လေယာဉ်စိုက်ထားတာကြောင့် မြေကြီးနဲ့ ပေ ၁၅၀ လောက်အကွာမှာ ရှိနေခဲ့တာပါ။ အပြင်ကို မြင်နေရပေမယ့်လို့ အောက်ကိုလည်း မဆင်းနိုင်၊ လူသူလည်း မရှိဆိုတာနဲ့ Tiffani Adams ခင်ဗျာ အခက်တွေ့ပြီးရင်း တွေ့နေခဲ့ရပါတယ်။

Sharing for my friend Tiffani AdamsAnother sleepless night for moi unfortunately insomnia doesn’t care that I work in…

Posted by Deanna Noel-Dale on Wednesday, June 19, 2019

12019/pixabay

တံခါးပေါက်ကနေ ခြေထောက်တွဲလဲချကာ ထိုင်လိုက်ပြီး ဓာတ်မီးကိုအသုံးပြုကာ သူမကို တစ်ယောက်ယောက်များ မြင်လေမလားဆိုပြီး အပြင်ဖက်ကို မီးတွေဝှေ့ယမ်းလိုက်၊ နားလိုက်နဲ့နေနေခဲ့တာ အချိန်ဘယ်လောက်ကုန်လို့ ကုန်မှန်းတောင် မသိခဲ့ပါဘူးတဲ့။ ကံကောင်းစွာနဲ့ပဲ အိတ်သယ်တဲ့ဝန်ထမ်းတစ်ယောက် ဂိုဒေါင်နားရောက်လာခဲ့ပြီး သူမရဲ့မီးကို မြင်သွားခဲ့ပါတော့တယ်။ Tiffani Adams ကို လေယာဉ်ပေါ်ကနေ အောက်ကိုကူချပေးရင်း ဖြစ်ကြောင်းကုန်စင်ကို ပြောပြတဲ့အချိန်မှာတော့ ဝန်ထမ်းကိုယ်တိုင် လူတစ်ယောက်လုံးကို လေယာဉ်ပေါ်ချန်ထားခဲ့မိလောက်တဲ့အထိ ပေါ့ဆလွန်းတာကို နားမလည်နိုင်ဖြစ်နေခဲ့ပါတော့တယ်။

READ
ဘောနက်ဖုံးအောက်က လျောထွက်ပြီး ကားကြုံလိုက်စီးခဲ့တဲ့ ခရီးသည်တစ်ဦး

Tiffani Adams နေရာမှာ အမှောင်ကြောက်တတ်တဲ့သူ ဒါမှမဟုတ် အသည်းငယ်တတ်တဲ့သူသာဆိုရင် မတွေးဝံ့စရာပါပဲ။

Penny

SHARE