အချင်းရောအဆင်းပါ ပြည့်စုံလို့ဆိုပြီး နာမည်ကြီးနေတဲ့ ဖိလစ်ပိုင် အမျိုးသမီးလေယာဉ်မှူး

အမျိုးသမီးတွေ ကမ္ဘာ့မျက်နှာစာရဲ့ရှေ့တန်းကို ရောက်လာတာဟာ ကာလအားဖြင့် အများကြီး မကြာသေးပါဘူး။ ပုခက်လွှဲသောလက်ဖြင့်၊ ကမ္ဘာကြီးကို လှုပ်ခတ်နိုင်အောင် အမျိုးသမီးတွေဟာ အားသွန်ခွန်စိုက် ကြိုးစားခဲ့ရပါတယ်။ ကမ္ဘာ့သမိုင်းကို တစ်မျိုးတစ်ဖုံ ပြောင်းလဲစေခဲ့တဲ့ အမျိုးသမီးသူရဲကောင်းတွေ များစွာ ပေါ်ထွန်းခဲ့ဖူးပါတယ်။ ဆက်ပြီးတော့လည်း ပေါ်ထွန်းနေကြဦးမှာပါ။

viral4real

အခုလည်း ယခင်က အမျိုးသားတွေသာ စိုးမိုးခြယ်လှယ်ခဲ့တဲ့ လေယာဉ်မှူးလောကမှာ အမျိုးသမီးတွေလည်း နေရာရနေတာ အတော်လေးကို နှစ်ကာလအားဖြင့် ကြာခဲ့ပါပြီ။ ဖိလစ်ပိုင်အမျိုးသမီး လေယာဉ်မှူးတစ်ယောက်ဖြစ်တဲ့ Shanika Silverio ကတော့ သူမရဲ့ ချောမောလှပတဲ့ ရုပ်ရည်၊ ထက်မြက်တဲ့ဉာဏ်ရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးနေသူပါ။

viral4real

သူမဟာ Airlink Flying School မှာ လေယာဉ်မှူးသင်တန်း တက်ရောက်သင်ကြားခဲ့ပြီး Aircraft Operations and Aviation ဘွဲ့ရရှိခဲ့သူပါ။ အခုဆို Shanika ဟာ လေယာဉ်မှူးတစ်ယောက် ဖြစ်နေပြီဖြစ်ပြီး တရားဝင်မောင်းနှင်ခွင့်လည်း ရနေပါပြီ။

viral4real

တစ်ချို့ကတော့ သူမရဲ့ လူမှုကွန်ယက်ပေါ်က ဓာတ်ပုံတွေကြောင့် လေယာဉ်မှူးမဟုတ်ဘူးဆိုရင်တောင် မော်ဒယ်ဘဝနဲ့ ရပ်တည်နိုင်လိမ့်မယ်လို့ ပြောနေကြပါတယ်။ သူမဟာ ဓာတ်ပုံတွေကို လူမှုကွန်ယက်ပေါ်မှာ စတင်မျှဝေလိုက်ပြီဆိုကတည်းက ပရိသတ်ကြောက်ခမန်းလိလိ တိုးလာခဲ့သူဖြစ်ပါတယ်။ Shanika ဟာ ပျော်လည်းပျော်တတ်ပြီး အမြဲလိုလို ပြုံးရွှင်နေလေ့ရှိပါတယ်။

READ
လူမည်းဆန့်ကျင်ရေး ဂိုဏ်းသားတွေနဲ့ မိတ်ဆွေဖြစ်အောင်ကြိုးစားခဲ့တဲ့ လူမည်းအမျိုးသား
viral4real

Shanika ကို အမျိုးသမီးအချင်းချင်းကလည်း လေးစားအားကျနေပြီး ထက်မြက်တဲ့ဉာဏ်ရည်နဲ့အတူ ချောမောလှပတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားခြင်းဟာ အမျိုးသမီးတစ်ယောက်အတွက်တော့ တကယ့်ကို Perfect ဖြစ်လွန်းတယ်လို့ ချီးမွမ်းခံနေရပါတယ်။

viral4real

Shanika ကတော့ သူမဘဝရဲ့ ရည်မှန်းချက်ကို လက်တွေ့အကောင်ထည် ဖော်လိုက်နိုင်ပြီမို့ ပျော်ရွှင်နေပါတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ သူမ တက်ရောက်ခဲ့တဲ့ Airlink Flying School ကျောင်းက လေယာဉ်မှူးမလေးတွေရဲ့ အကဗွီဒီယိုဖိုင်လေးကိုလည်း ဖော်ပြပေးလိုက်တယ်နော်။

viral4real

နတ်စည်တော် (Shwemom)

source : viral4real.com

SHARE