ဂိုဏ်းစတားကိုဖမ်းဖို့အတွက် အချစ်ကိုအလွဲသုံးစားလုပ်ကာ အသွင်ယူခဲ့တဲ့ရဲမေလေး

Pixabay-qimono

အသွင်ယူဖမ်းဆီးတယ်ဆိုတာ ကျွန်တော်တို့အနေနဲ့ ရုပ်ရှင်တွေ၊ ဝတ္ထုတွေထဲမှာပဲ ကြည့်ဖူး၊ ဖတ်ဖူးကြတယ်မဟုတ်လား။ ဒါပေမဲ့ တလောကပဲ အိန္ဒိယရဲတပ်ဖွဲ့က ရဲမေမလေးတစ်ယောက်က ရုပ်ရှင်တွေထဲကအတိုင်းပဲ အသွင်ယူ၊ ဂိုဏ်းစတားကို ဖမ်းဆီးဖို့အတွက် အချစ်ကိုခုတုံးလုပ်ခဲ့ပါတယ်တဲ့။ Times of India မှ ကိုးကားဖော်ပြလိုက်ပါတယ်။

Chhattarpur ဒေသမှာ ဒုစရိုက်မှုပေါင်းစုံကျူးလွန်ပြီး အဓိကကတော့ လူသတ်မှုပေါင်း ၁၅ မှုကျူးလွန်ခဲ့တဲ့ ဂိုဏ်းစတားတစ်ယောက်ရှိပါတယ်။ ရဲဌာနမှ ဖဝရမ်းထုတ်ထားခဲ့သော်လည်း အရှောင်အတိမ်းကောင်းလွန်းတာကြောင့် လူချင်းတွေ့ဖို့ ဘယ်လိုမှမဖြစ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် Chhattarpur ဌာနချုပ်မှ အမျိုးသမီးအရာရှိတစ်ယောက်ကို ခေါ်ပြီး အသွင်ယူဖမ်းဆီးဖို့ စေခိုင်းခဲ့ပါတယ်။

သူမနာမည်ကတော့ Madhvi Agnihotri ဖြစ်ပြီး အသက်ကတော့ ၂၈ နှစ်ရှိလို့နေပါပြီ။ အထက်မှ တာဝန်ပေးထားတဲ့အတိုင်း အရာရှိ Madhvi ဟာ အသင့်စုံစမ်းထားတဲ့ ဂိုဏ်းစတား Balkishan Choubey ဆီကို ဖုန်းမှားခေါ်သလိုနဲ့ ဖုန်းဆက်ခဲ့ပါတယ်။ နောက်မှာတော့ စကားစမြည်ပြောရင်း သူမရဲ့မာယာတွေအောက်မှာ Balkishan Choubey ပြားပြားဝပ်ပါလာအောင် သိမ်းသွင်းခဲ့ပါတော့တယ်။

READ
စမတ်ဖုန်းနဲ့လက်ကိုင်ပုဝါ မျက်လှည့်ပြကွက်ရဲ့ လျှို့ဝှက်ချက်
Chhattarpur Police Department

အချိန် ၃ ရက်ပဲ ယူပြီးနောက်မှာတော့ အရာရှိ Madhvi ဟာ ဒုစရိုက်ခေါင်းဆောင်နဲ့ တွေ့ဖို့  စတင်ကမ်းလှမ်းခံခဲ့ရပါတော့တယ်။ ဒီရက်ပိုင်းအတွင်း မင်္ဂလာကိစ္စတွေ ဆောင်ရွက်မယ်ဆိုပြီးတော့ပေါ့။ ဒါနဲ့ အရာရှိ Madhvi ဟာ လူရှင်းတဲ့ဘုရားကျောင်းကို ရွေးချယ်ခဲ့ပါတယ်။ စစ်ဆင်ရေးလုပ်ဖို့အတွက် ပြင်ဆင်နေချိန်မှာ အရာရှီ Madhvi ရဲ့ ခေါင်းထဲ အရာ ၂ ခုပဲရှိနေပါတယ်။ ပထမတစ်ချက်ကတော့ အလိမ်မပေါ်ဖို့နဲ့ ဒုတိယတစ်ချက်ကတော့ လိုအပ်လာရင် အမိန့်ရထားတဲ့အတိုင်း ပစ်သတ်ဖို့ပါပဲ။ လူတစ်ယောက်ကို ပစ်သတ်တယ်ဆိုတာ ရဲအရာရှိတွေအတွက်တောင်မှ အကျင့်မရှိရင် မလွယ်ကူတဲ့အလုပ်မျိုးပါ။

ချိန်းထားတဲ့နေရာကို ရောက်လည်းရောက်သွားရော စကားစမြည်ပြောပြီးတာနဲ့ ဒုရိုက်သမားမထင်မှတ်ထားတဲ့အချိန်မျိုဒးမှာ အရာရှိ Madhvi ဟာ Balkishan Choubey ကို  ရုတ်တရက် ကိုင်ပေါက်ကာ မြေပေါ်ကို ပစ်ချလိုက်ပါတယ်။ အချိန်ကိုက်ပဲ အပြင်မှာ အသင့်အနေအထားနဲ့စောင့်နေတဲ့ တပ်သားတွေ ဝင်လာခဲ့ပြီး Balkishan Choubey ကို ဖမ်းဆီးခဲ့ပါတော့တယ်။ သြဂုတ်လကတည်းက Balkishan Choubey ကို ဖမ်းဆီးဖို့ ကြိုးစားနေခဲ့ပေမယ့်လည်း လူသတ်မှု ၁၅ မှုနဲ့ နယ်စပ်ရေးရာကိစ္စတွေမှာ ပါဝင်နေတဲ့ ဒုစရိုက်ကောင်ကို ဘယ်လိုမှ အစနတောင် ရှိာမရခဲ့ပါဘူးတဲ့လေ။

READ
တောခွေးရိုင်းတွေ တိုက်ခိုက်လို့ နားရွက်တစ်ဖက်နဲ့ မေးရိုးတစ်ခုလုံး ဆုံးရှုံးခဲ့ရတဲ့ ကလေးငယ်

Penny

 

SHARE