ထောင်သားနဲ့ပြန်ကြိုက်မိလို့ ထောင်ဒဏ်တစ်နှစ်ချမှတ်ခံလိုက်ရတဲ့ ထောင်မှူး

Twitter / Mirror

အိုင်ရှီယာ ဂန်း ဆိုတဲ့ အသက် (၂၇)နှစ်အရွယ် အမျိုးသမီးဟာ ဝေးလ်နိုင်ငံ ၊ ၀ရက်စ်ဟမ်ပြည်နယ်ရဲ့ အကျဉ်းထောင်မှာ အရာရှိတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။

သူမဟာ ထောင်အရာရှိအဖြစ် စတင်တာဝန်ယူခဲ့စဉ်က သူမလိုပဲ ထောင်အရာရှိတစ်ဦးနဲ့ ချစ်သူဖြစ်ခဲ့ပြီး ချစ်သူသက်တမ်း(၄)နှစ်ကျော်မှာတော့ သူမရဲ့ချစ်သူက အခြားတစ်ယောက်နဲ့တွဲသွားခဲ့ပြီး သူမကို ထားရစ်ခဲ့ပါတယ်။

(၂၀၁၈)ခုနှစ် ဇူလိုင်လအတွင်းမှာတော့ သူမ ဟာ ထောင်အရာရှိတစ်ယောက်အနေနဲ့ လုံးဝကို မလုပ်သင့်တဲ့ အရာတစ်ခုကို လုပ်ခဲ့မိတယ်။

အဲဒါကတော့ လက်နက်ကိုင်ဓားပြမှုနဲ့ အကျဉ်းကျနေတဲ့ အကျဉ်းသားတစ်ယောက်နဲ့ ချစ်ကြိုက်ခဲ့မိတာပါပဲ။

ရာယက်ဇ် လို့ အမည်ရတဲ့ အသက် (၂၉)နှစ်အရွယ် အကျဉ်းသားနဲ့ ဂန်း တို့ ဇာတ်လမ်းဖြစ်ခဲ့ကြပြီး (၂၀၁၈) သြဂုတ်လကနေ နိုဝင်ဘာလအတွင်း ဖုန်းခေါ်ဆိုမှု (၁၂၁၃)ကြိမ်အထိ ရှိခဲ့ကြသလို ၊ မရေမတွက်နိုင်တဲ့ Video Call ခေါ်ဆိုမှုတွေကိုလည်း တာဝန်ရှိသူတွေက တွေ့ရှိခဲ့ရတာပါ။

READ
ဒေါ်လာ2သိန်းကျော်တန်ကားဝယ်ပြီးနာရီပိုင်းအတွင်း တိုက်မှုဖြစ်ပြီး မီးလောင်ပျက်စီး

အကျဉ်းသားတစ်ယောက်အနေနဲ့ Video Call ခေါ်ရတယ်ဆိုလို့ မအံ့သြလိုက်ပါနဲ့။ ရာယက်ဇ် ဟာ အကျဉ်းသားနှစ်ယောက်သာ နေရတဲ့ ထောင်ရဲ့ အဆောင်သစ်မှာ နေထိုင်ရသူဖြစ်ပြီး သူ့ရဲ့အခန်းမှာ လက်ပ်တော့ ၊ ဖုန်း ၊ ရေချိုးခန်း၊ အိမ်သာ အကုန်တွဲလျက် ပါပြီးသားပါ။

ဒါပေမယ့် သူမတို့နှစ်ယောက်တွဲနေတယ်ဆိုတဲ့သတင်းက ပေါက်ကြားသွားခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်တဲ့အချိန်မှာတော့ ဂန်းနဲ့ ရာယက်ဇ်တို့နှစ်ယောက် နမ်းနေကြတဲ့ ဓာတ်ပုံတွေပါ ပေါ်ထွက်လာခဲ့တာပါ။ အဲဒီအချိန်မှာ ဂန်း တစ်ယောက် ထောင်အရာရှိ ယူနီဖောင်းကို ၀တ်ထားခဲ့လို့ တကယ့်ကို အန္တရာယ်များတဲ့ အခြေအနေလို့ အားလုံးက ယူဆခဲ့ကြတာပါ။

READ
ကြောင်ကိုအီဂျစ်နတ်ဘုရားပုံတက်တူးထိုးပေးတဲ့ပိုင်ရှင်တရားစွဲခံရနိုင်ခြေရှိ

ရာယက်ဇ် က ဂန်း ရဲ့ ဘဏ်အကောင့်ထဲကို ပေါင်(၁၅၀၀) လွှဲပေးထားတာကိုလည်း စစ်ဆေးနိုင်ခဲ့ကြပြီး ထောင်ဒဏ် (၁၂)နှစ်ချမှတ်ခြင်းခံထားရတဲ့ ရာယက်ဇ်အနေနဲ့ ဂန်း ကို အသုံးချနေခဲ့တယ်လို့ ယူဆခဲ့ကြတာပါ။

ရာယက်ဇ်က လက်နက်ကိုင်ဓားပြမှုတစ်ခုကို ကျူးလွန်ခဲ့တဲ့သူဖြစ်ပြီး (၂၀၂၁)ခုနှစ်မှာ ထောင်ကနေ လွတ်တော့မယ့် သူပါ။ ဂန်း က သူမတို့နှစ်ယောက်ရဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဘာမှ ဖြေရှင်းချက်မပေးချင်ဘူးလို့ မှတ်ချက်ပေးထားပြီးတဲ့နောက် တရားရုံးက သူမ ကို ထောင်ဒဏ် တစ်နှစ် ပြစ်ဒဏ်ကျခံစေလိုက်ပါတယ်။

Linn

SHARE