အသက်(၂၁)နှစ်အရွယ်မှာပဲ ရုတ်တရက်သေဆုံးခဲ့ရတဲ့ အမျိုးသမီးရက်ပါ Lexii Alijai

Instagram/Lexii Alijai

အသက်(၂၁)နှစ်အရွယ် အမျိုးသမီးရက်ပါမလေး Lexii Alijai ကတော့ ယခုနှစ်ဆန်း (၂၀၂၀) ဇန်နဝါရီလ (၁)ရက်နေ့မှာပဲ သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ တက်သစ်စအရွယ်မှာ ကြွေလွင့်ခဲ့ရတဲ့အနုပညာကြယ်တစ်ပွင့်ဖြစ်လို့ ပရိသတ်တွေက နှမြောတသ ယူကြုံးမရ ဖြစ်နေကြပါတယ်။

Lexii Alijai ဟာ မသေခင်မှာ လူမှုကွန်ရက်အသုံးပြုခဲ့သေးပြီး၊ နောက်ထက် နာရီအနည်းငယ်အကြာမှာ သူမ သေဆုံးပြီဆိုတဲ့သတင်းဟာ ထင်မှတ်မထားဘဲ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒီအတွက် သူမရဲ့ပရိသတ်တွေဟာ လုံးဝမယုံနိုင်အောင်ဖြစ်ခဲ့ပြီး၊ ကနဦးတုန်းကတော့ နှစ်ဦးမို့ ဦးဦးဖျားဖျား နောက်ပြောင်နေတာလို့ ထင်ခဲ့ကြပါသေးတယ်။

ဒါပေမယ့် Lexii ရဲ့ ဝမ်းကွဲညီအစ်မဖြစ်သူ Raeisah Khan က သူမ သေဆုံးတဲ့အကြောင်းကို အတည်ပြုထုတ်ပြန်ခဲ့ပြီး သူမရဲ့ လူမှုကွန်ရက်မှာ “ မင်းက တကယ့်ဂန္ထဝင်ပါဘဲ .. တကယ်လို့ ရှင်တို့ သူ့ကိုသိတယ် .. ဒါမှမဟုတ် သူ့သီချင်းကို ကြားဖူးတယ်ဆိုရင် ဖျားလောက်မယ်ထင်ပါတယ် … “-

 

 

View this post on Instagram

 

How you posed to find the 1 when anyone would come wit u? 💔

A post shared by Lil Lexii (@lexiialijaii) on

“ကောင်းကင်ဘုံမှာ အနားယူပါ .. မင်းကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး … ကျွန်မမှာ ပြောစရာ စကားမရှိတော့ပါဘူး … ကျွန်မရဲ့ချစ်လှစွာသော ဝမ်းကွဲညီအစ်မလေးပါ … တက်လမ်းရှိပြီး စိတ်ထားကောင်းသူလေးမို့ အရမ်းကို စောလွန်းပါတယ် … ”လို့ ရေးသားခဲ့ပါတယ်။ Lexii သေဆုံးရခြင်းရဲ့အကြောင်းအရင်းကို အခုထက်ထိ မရှင်းလင်းသေးပါဘူး။

Lexii ရဲ့အမည်အရင်းမှာ Alexis Alijai Lynch ဖြစ်ပါတယ်။ သူမရဲ့ Jealous သီချင်းမှာပါဝင်သီဆိုခဲ့တဲ့ အဆိုတော် Kehlani Parrish က Lexii သေဆုံးရခြင်းသတင်းဟာ သူမ ဘယ်လိုမှ လက်မခံနိုင်တဲ့သတင်းလို့ ဆိုပါတယ်။ Lexii မသေခင်တစ်ရက်ကပဲ Kehlani ရဲ့မန်နေဂျာဖြစ်သူ David Ali ရဲ့မွေးနေ့ကိုပါ ဆုတောင်းပေးတာတွေ လုပ်သွားပါသေးတယ်။

(၂၀၁၉) ခုနှစ် ဖေဖေဝါရီမှာ Lexii ရဲ့ တစ်ကိုယ်တော် Anthony အမည်ရအခွေ ထွက်ခဲ့ပါတယ်။ သူမမှာ တွစ်တာအကောင့်နဲ့ချိတ်ဆက်ထားတဲ့ Soundcloud အကောင့်လည်းရှိပြီး၊ အဲဒီမှာတော့ သူမရဲ့ သီချင်း (၆၈)ပုဒ်တင်ထားတာကိုလည်း တွေ့ရပါတယ်။

Lexii ဟာ Saint Paul, Minnesota ဇာတိဖြစ်ပြီး၊ အနုပညာမျိုးရိုး မဟုတ်ပါဘူး။ လူမှုကွန်ရက်မှာ ပေါ်ပြူလာဖြစ်နေတဲ့သီချင်းတွေကို Rap ဗားရှင်းပြောင်းပြီး ပြန်လည်ဆိုပြရင်းက လူငယ်ထုကြားမှာ လူသိများလာခဲ့တာပါ။ သူမရဲ့အနုပညာလှုပ်ရှားမှုအပေါ် အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေကြောင့် မကြာခင်မှာ ဒီထက်ပိုထွန်းတောက်မယ်လို့ ထင်ကြေးပေးခံခဲ့ရပါတယ်။

လင်းဇော်ကို

SHARE