တစ်ခါထဲ ချိန်းတွေ့ဖူးတဲ့ အမျိုးသားဆီ စာတွေမတရားပို့ပြီး ခြိမ်းခြောက်ခဲ့တဲ့ အမျိုးသမီး

အပြင်မှာ တစ်ခါတည်း ချိန်းတွေ့ဖူးတဲ့ အမျိုးသားကို အကြိမ်ရေ (၁၅၉,၀၀၀) ကျော်စာပို့ပြီး နှောင့်ယှက်နေတဲ့ အမျိုးသမီးတစ်ယောက်ကို ရဲအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ အဆိုပါ အမျိုးသမီးဟာ အရီဇိုးနားပြည်နယ် ဖီးနစ်စ်မြို့နေ ဂျက်ကလင်းအေးဒီးစ်ဆိုသူ ဖြစ်ပါတယ်။ သူမဟာ ဖူးစာရှာ app တစ်ခုကနေ အမျိုးသားတစ်ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ထိုနေ့မှာပဲ သူမနဲ့တွေ့ဆုံတဲ့ အမျိုးသားက သူမကို ထပ်မတွေ့တော့ဘူးဆိုပြီး အဆက်ဖြတ်ခဲ့တာပါ။

ဒါပေမယ့်လည်း  (၁၀) လကြာ ကာလအတွင်းမှာ ဂျက်ကလင်းဟာ ထိုအမျိုးသားကို စာသိန်းနဲ့ချီပြီး အကြမ်းဖက်တိုက်ခိုက်ခဲ့ပါတယ်။ ပေးပို့တဲ့ စာတွေကလည်း ခြောက်ခြားစရာ စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလွန်းတဲ့ စာသားတွေဖြစ်ပါတယ်။ (၂၀၁၇) ခုနှစ် ဇူလိုင် မှာတော့ ၄င်းအမျိုးသားဟာ ဂျက်ကလင်းရဲ့ ကားကို သူ့အိမ်ပြင်ဘက်မှာ တွေ့ခဲ့တာကြောင့် ရဲကိုဖုန်းဆက်ပြီး တိုင်ခဲ့ပါသေးတယ်။ တဖန် (၂၀၁၇) ခုနှစ် ဒီဇင်ဘာလမှာလည်း သူမဟာ ၄င်းအမျိုးသားအိမ်နားကို ရောက်လာခဲ့ပါသေးတယ်။ (၂၀၁၈)ခုနှစ် မေလမှာတော့ ၄င်းအမျိုးသားရဲ့ နေအိမ်ထဲမှာ ဂျက်ကလင်းဟာ ရေ၀င်ချိုးနေပြီး သူမရဲ့ ကားထဲမှာလည်း သားသတ်ဓားကြီးတစ်ချောင်းကို ရဲတွေက ရှာဖွေတွေ့ရှိခဲ့ပြန်ပါတယ်။

READ
မီးဖွားထားတဲ့ ဇနီးသည်ကို ဖောက်ပြန်တယ်ဆိုပြီး လေးနာရီကြာရိုက်သတ်ခဲ့သည့် အမျိုးသား

ရဲအဖွဲ့ကတော့ ဂျက်ကလင်းဟာ စိတ်မကျန်းမမာဖြစ်နေပုံပေါ်တယ်လို့ ဆိုထားပါတယ်။ သူမဟာ အချို့နေ့တွေမှာ တစ်နေ့ထဲကို စာအစောင်(၅၀၀) လောက် ၄င်းအမျိုးသားဆီ ပေးပို့တတ်ပါတယ်။ “နင့်ကျောက်ကပ်ကို ဆူရှီလုပ်ပစ်မယ်…” “လက်အရိုးတွေကို တူလုပ်ပစ်မယ်..” “ရှင့်သွေးတွေနဲ့ ရေချိုးပစ်မယ်… ထားခဲ့ဖို့ မကြိုးစားနဲ့.. သတ်ပစ်မယ်..”စတဲ့ ကြောက်မက်ဖွယ် ခြိမ်းခြောက်စကားတွေကိုပါ ဆိုခဲ့တာ ဖြစ်ပါတယ်။

ရဲတွေက စစ်မေးတဲ့အခါမှာတော့ သူမဟာ ၄င်းအမျိုးသားကို မြင်တွေ့ပြီးနောက်မှာ အရမ်းကြိုက်နှစ်သက်ခဲ့ကြောင်းနဲ့ သူမရဲ့ လုပ်ရပ်တွေက သူ့ကို ထိတ်လန့်စေလိမ့်မယ်လို့ မယုံနိုင်ကြောင်း ဆိုပါတယ်။ ဒါ့အပြင် ၄င်းအမျိုးသားဆီ ခြိမ်းခြောက်စာတွေ ပို့တဲ့ကာလမှာ တစ်စုံတစ်ခုက သူမကို လွှမ်းမိုးပြီး လုပ်ခိုင်းကြောင်းနဲ့ ဘယ်သူ့ကိုမှ ထိခိုက်စေဖို့ မရည်ရွယ်ဘူးလို့လည်း ဂျက်ကလင်းက ဆိုပါတယ်။ လက်ရှိမှာ သူမကို အရီဇိုးနားပြည်နယ် မာရီကိုပါကောင်တီ အကျဉ်းထောင်မှာ ချုပ်ထားပြီး ပြစ်ဒဏ်ချမှတ်ခံရဖို့ စောင့်ဆိုင်းလျက်ရှိကြောင်း သိရပါတယ်။

READ
မော်တာဗုံးအရှည်ကို ချစ်တင်းနှောရာမှာ အသုံးပြုခဲ့လို့ သေဆုံးခဲ့ရတဲ့ အမျိုးသမီး

လင်းလင်း (ShweMom)

Ref: dailymail,ladbible

SHARE