ဒေါ်လာ၂၀၀ကျော်တည်းနဲ့စကာ တရုတ်မှလေလံအပစ်ခံနေရတဲ့ Ferrari 599 ကား

3g.163.com

Ferrari 599 ဟာ လက်ရှိပေါက်ဈေးအရဆိုရင်တော့ ၂၀၁၁ ခုနှစ်မော်ဒယ်တောင် ဒေါ်လာ ၁ သိန်းခွဲကနေ ၂ သိန်းခွဲပတ်ဝန်းကျင်လောက်အထိ နိုင်ငံတကာမှာ ပေါက်ဈေးရှိနေပါတယ်။ မြန်မာငွေနဲ့တွက်မယ်ဆိုရင်တော့ ကားချည်းပဲ သိန်း ၃ ထောင်၊ ၄ ထောင်နီးပါးပျမ်းမျှရှိလို့နေပါတယ်။ Ferrari ဟာ လူငယ်တိုင်းရဲ့ စိတ်ကူးအိပ်မက်ရတဲ့ ကားတွေပါ။

ဒီလိုကားမျိုးကို တရုတ်နိုင်ငံမှာတော့ ဒေါ်လာ ၂၀၀ ကျော်ထဲနဲ့ လေလံပစ်လို့နေပါတယ်။ တိတိကျကျပြောရရင်တော့ ၂၄၅ ဒေါ်လာပါ။ ဒါဟာ မြန်မာငွေနဲ့ဆိုရင် ၄ သိန်းနီးပါးပဲရှိတဲ့ပမာဏပါ။ ကမ္ဘာ့ဈေးအပေါဆုံး Ferrari အဖြစ် စံချိန်တင်ခဲ့ပြီး လေလံပွဲကိုတော့ တရုတ်နိုင်ငံ၊ Dongguan, Guangdong ဒေသမှာ ဇွန်လ ၂၀ ရက်နေ့မှာ ကျင်းပသွားမယ်လို့ NetEase က ဖော်ပြထားပါတယ်။

3g.163.com

လေလံပစ်ရတဲ့အကြောင်းအရင်းကတော့ အများသုံးကားပါကင်မှာ ကားကိုလာရပ်ထားတာ လနဲ့ချီကြာနေပြီဖြစ်ပြီး ဘယ်သူဘယ်ဝါရပ်ထားတယ်ဆိုတာကို တိတိကျကျမသိရတဲ့အပြင် နံပါတ်ပြားကလည်း အတုဖြစ်နေတာကြောင့်ပဲဖြစ်ပါတယ်။ ဝစ်သောက်ကားကို ဝယ်မယ်ဆိုရင်တော့ ကားတန်ကြေးကိုသာ လေလံပစ်တဲ့အထဲ ပါဝင်မှာစြဖ်ပြီး ဝယ်ယူသူဟာ ချက်ချင်းဆိုသလို ကားကို နာမည်ပေါက်လျှောကထားရမှာပဲဖြစ်ပါတယ်။

READ
လူပြောများနေတဲ့ ကလေးလမ်းလျှောက်တဲ့ဗီဒီိယိုရဲ့ လျှို့ဝှက်ချက်
3g.163.com

တစ်ခုသတိထားရမှာက အခကြေးငွေပေးကာ ရပ်ရတဲ့ကားပါကင်ဖြစ်တာကြောင့် ကားကို လေလံအောင်သွားတဲ့လူဟာ ပါကင်ကြေး ၁၄၄၅ ဒေါ်လာကိုလည်း ပေးသွင်းရဦးမှာပါ။ ဒါပေမဲ့လည်း ပြန်တွက်ကြည့်မယ်ဆိုရင်တော့ တန်နေပါသေးတယ်နော်။

3g.163.com
3g.163.com

Penny

 

SHARE