ဝက်အပြင်းဖျားရောဂါကြောင့် တရုတ်နိုင်ငံမှာ ဝက်သားသုဉ်းလုနီး အခြေအနေရောက်

တရုတ်နိုင်ငံက စွန်းဒါဝူဆိုသူရဲ့ ၀က်တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ထူးဆန်းဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် စတင်သေဆုံးခဲ့ပါတယ်။ လေးလအကြာမှာတော့ မွေးမြူရေးခြံတစ်ခြံက ၀က်ကောင်ရေ (၂) သောင်း သေဆုံးခဲ့ပြီး သေဆုံးခဲ့တဲ့ ၀က်ကောင်ရေ (၂) သောင်းမှာ (၁) သောင်းခွဲဟာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးခဲ့ရတာပါ။ စွန်းဒါဝူကတော့ ၀က်မွေးမြူရေးခြံပိုင်ရှင်တစ်ဦးဖြစ်ပြီး တစ်ေန့ထဲနဲ့လည်း သူ့ခြံထဲက ၀က်အကောင် (၈၀၀) လောက် သေဆုံးရတဲ့ ဗိုင်းရပ်စ်ပိုးအကြောင်းကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

cnn

အာဖရိကန် ၀က်အပြင်းဖျားရောဂါလို့ ခေါ်ကြတဲ့ ASF ဟာ တရုတ်နိုင်ငံရဲ့ ၀က်မွေးမြူရေးနဲ့ ၀က်သားထုတ်ကုန်ပစ္စည်းရောင်းချရေးကို အနှောင့်အယှက်ပေးနေခဲ့ပြီဖြစ်ပါတယ်။ ခန့်မှန်းရတာက အခုအခါမှာ ၀က်တွေဟာ ဗိုင်းရပ်စ်ကြောင့် သေကြေပျက်စီးပြီးတဲ့နောက် တရုတ်နိုင်ငံရဲ့ ၀က်ကောင်ရေဟာ (၂၀၁၉) ခုနှစ်အရောက်မှာ သုံးပုံတစ်ပုံလောက် လျော့ကျသွားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီပမာဏက နည်းနည်းနောနော မဟုတ်ပါဘူး။ တရုတ်ပြည်ရဲ့ ၀က်ကောင်ရေ သုံးပုံတစ်ပုံဟာ အမေရိကန်နဲ့ဥရောပ နှစ်နိုင်ငံပေါင်းရဲ့ ၀က်ကောင်ရေနီးနီးရှိပါတယ်။

ဝက်အပြင်းဖျားရောဂါပိုးဟာ လူသားတွေမှာတော့ အန္တရာယ်ဖြစ်ခဲပေမယ့် ၀က်တွေကိုတော့ သေကြေပျက်စီးစေပါတယ်။ ယနေ့အချိန်ထိလည်း ကုသလို့မရသလို ကာကွယ်ဆေးလည်း မရှိသေးပါဘူး။ အာဖရိကကနေ စတင်ပြန့်ပွားလာတဲ့ ဒီရောဂါကို အခုလို တရုတ်နိုင်ငံမှာ မတွေ့ရခင် ဥရောပအရှေ့ပိုင်းနဲ့ ရုရှားနိုင်ငံတို့မှာ အရင်တွေ့ခဲ့ရပါတယ်။

READ
အလှပြင်ဆိုင်မှာ တင်ပါးအစားထိုးခွဲစိတ်မှုခံယူပြီးစမှာပဲ သေဆုံးခဲ့တဲ့ အမျိုးသမီး
cnn

ထိုစဉ်ကစလို့ အာရှနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာပါ ပြန့်နှံ့ခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဆီ ဗိုင်းရပ်စ် မကူးစက် မပြန့်နှံ့ခင်မှာတော့ တရုတ်အာဏာပိုင်တွေက သူတို့ဟာ ရောဂါပြန့်နှံ့လာခဲ့ရင် ဘယ်လိုကာကွယ်မယ်ဆိုတဲ့ အစီအမံတွေ ရှိပြီးကြောင်း ဆိုခဲ့ပေမယ့် တကယ်တမ်းဖြစ်လာတဲ့အခါ ဗိုင်းရပ်စ်ပြန့်ပွားနှုန်းဟာ အာဏာပိုင်တွေ ခန့်မှန်းထားတာထက် အများကြီး ပိုဆိုးရွားခဲ့ပါတယ်။

လက်ရှိမှာ ၀က်အပြင်းဖျားရောဂါပြန့်ပွားနေတာကြောင့် တရုတ်ပြည်ရဲ့ ၀က်သားထုတ်လုပ်ရေးလုပ်ငန်းတွေဟာ အစိတ်စိတ်အမွှာမွှာဖြစ်သွားဖို့ ရှိနေပါတယ်။ တရုတ်ပြည်ထဲမှာ လုံခြုံရေးအစီအမံတွေ ကောင်းကောင်းမတင်းကြပ်ရသေးတဲ့ မွေးမြူရေးခြံတွေ ရှိနေသလို ဗိုင်းရပ်စ်ဟာ ၀က်ထွက် ပစ္စည်းတွေထဲမှာ လနဲ့ချီကြာပြီး နေနိုင်တာကြောင့် မွေးမြူရေးခြံတွေထဲက ၀က်တွေကို အချိန်မရွေး အန္တရာယ်ဖြစ်စေနိုင်သေးကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: CNN

SHARE