လူငယ်ထုကြားမှာ ရေပန်းစားနေဆဲ့ဖြစ်တဲ့ Fidget spinner လေးတွေကို အခုအခါမှာ အရောင်းအသွေးစုံလင်လှတဲ့ ဒီဇိုင်းတွေနဲ့ ဖန်တီးထားပြီး၊ ယခင်ကထက် ပိုပြီး လိုချင်စဖွယ်ဖြစ်လာခဲ့ပါပြီ။ အကြောင်းကတော့ ယခု အသစ်ထုတ်လုပ်လိုက်တဲ့ Fidget spinner တွေဟာ ကစားစရာအဖြစ်သာမက ဖုန်းအဖြစ်ပါ သုံးနိုင်မှာဖြစ်ကြောင်း The Sun က ဆိုပါတယ်။

အသစ်ထုတ်လုပ်လိုက်တဲ့ Fidget spinner phone တွေဟာ ရောင်းဈေးကလည်း 15 ပေါင် ၀န်းကျင်သာ ရှိပြီး၊ ပေါ့ပါးသွက်လတ်ကာ ဆော့ကစားရတာလည်း လွယ်ကူပါတယ်။ ဖုန်းတစ်ခုမှာ ပါဝင်တဲ့ Function တွေ ပါဝင်လာလို့ ဆော့ကစားနေရင်းနဲ့လည်း ဖုန်းပြောနိုင်ဖို့ အဆင်ပြေတယ်လို့ သိရပါတယ်။

ဒီ Fidget spinner phone လေးတွေကို ဟောင်ကောင်အခြေစိုက် Chilli International ဖြစ်ပြီး၊ ယင်းတို့ထုတ်လုပ်တဲ့ Fidget spinner phone ကိုတော့ K118 လို့ သတ်မှတ်ထားပါတယ်။ အရောင်ခြောက်မျိုးနဲ့ ရယူနိုင်ပြီး၊ အလွယ်တကူဆောင်ယူသွားလို့ရတဲ့ အရွယ်အစားဖြစ်လို့ ပိုင်ရှင်ကို ကသိကအောက် ဖြစ်စေမှာ မဟုတ်ပါဘူး။

လောလောဆယ်တော့ Fidget spinner phone ကို အိန္ဒိယဈေးကွက်မှာ စတင်ဖြန့်ချိနေပြီး ရူပီး 1200 မှ 1300 (14.5 ပေါင်) အထိ ပေါက်ဈေးရှိပါတယ်။ အိန္ဒိယဈေးကွက် အမှုဆောင်ချုပ် Michael Feng က ” အိန္ဒိယက လူဦးရေဒုတိယ အများဆုံးနိုင်ငံဖြစ်ပြီး … ဆဲလ်ဖုန်းရောင်းချရမှုမှာ အမြန်ဆုံးနဲ့ အထိရောက်ဆုံး တိုင်းပြည်တစ်ခု ဖြစ်တယ်ဆိုတာ ကျနော်တို့ သိခဲ့ရပြီးပါပြီ … “လို့ ပြောခဲ့ပါတယ်။
နတ်စည်တော် (Shwemom)