အသားအရည်ကောင်းမွန်ပြီး အရွယ်တင်နုပျိုဖို့ နေ့စဉ်လိုက်နာသင့်တဲ့ အလေ့အထများ

Pexels/Renato Abati

လူတွေဟာ တစ်နေ့အိုလာရမှာပါ။ အိုမင်းရင့်ရော်လာတာကို တားဆီးလို့ မရနိုင်ပေမယ့် နှေးကွေးအောင်တော့ လုပ်ဆောင်နိုင်ပါတယ်။ ဥပမာ မျက်နှာပေါ်ပေါ်လာတဲ့ အရေးအကြောင်းတွေနဲ့ လျော့တွဲကျနေတဲ့ လက်မောင်းသားတွေကို ခွဲစိတ်စရာမလိုပဲ အသားအရည် တင်းရင်းနေအောင်မျိုးပါ။ သဘာဝမိခင်ကြီးက တစ်ခါတစ်လေမှာ လူသားတွေ အိုမင်းရင့်ရော်လွယ်ခြင်းက ကာကွယ်နိုင်အောင် နည်းလမ်းတွေပေးထားပါတယ်။ အခုဖော်ပြပေးမှာကတော့ brightside မှာ တွေ့မြင်ရတဲ့ အိုမင်းရင့်ရော်လာတာကို သဘာဝနည်းနဲ့ ခုခံနိုင်မယ့် နေ့စဉ်အလေ့အထလေးတွေပါ။

ဘလူးဘယ်ရီသီး စားသုံးပေးပါ

အသက်ရလာတဲ့အခါ အရေပြားတွေ တွဲကျလာတဲ့ဖြစ်စဉ်ကို oxidative DNA damage လို့ခေါ်ပါတယ်။ ဒါကို လူတိုင်းကြုံတွေ့ရပါလိမ့်မယ်။ ဒီဖြစ်စဉ်ကို မလွှဲမရှောင်သာ ကြုံတွေ့ရမှာဖြစ်ပေမယ့် နှေးကွေးအောင်တော့ ဘလူးဘယ်ရီသီးတွေက အကူအညီပေးပါလိမ့်မယ်။ ဒီအသီးလေးတွေမှာ အင်တီအောက်ဆီးဒန့်တွေ ကြွယ်ကြွယ်၀၀ပါဝင်တဲ့အတွက် အသားအရည်ကို အများကြီး အထောက်အကူဖြစ်စေပါတယ်။

Pexels/rawpixel.com

သကြားစားသုံးမှူ လျော့ပါ

မကြာသေးခင်က တွေ့ရတဲ့ လေ့လာချက်တစ်ခုအရ သကြားဟာ အိုမင်းရင့်ရော်လွယ်စေပြီး မျက်ကွင်းညိုတာ၊ ရေဓာတ်ခန်းခြောက်တာနဲ့ ပါးရည်တွန့်တာတွေကို ဖြစ်ပေါ်စေပါတယ်လို့ ဆိုပါတယ်။ ပညာရှင်တွေက အချိုဓာတ်များတဲ့ အစားအသောက်တွေနဲ့ ဖျော်ရည်တွေကို လျော့သောက်သုံးပြီး ရေကိုသာများများသောက်သုံးဖို့ အကြုံပြုထားပါတယ်။

ကယ်လ်ဆီယမ် စားသုံးပေးပါ

ကယ်လ်ဆီယမ်ဟာ အရိုးတွေအတွက် အားဖြစ်စေတယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ဒါပေမယ့် ကယ်လ်ဆီယမ်ဟာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာကို ကာကွယ်ပေးနိုင်တဲ့ သတ္တုဓာတ်တစ်မျိုးလည်း ဖြစ်ပြန်ပါတယ်။ ဒီတော့ အရိုးတွေသန်မာအောင်၊ အရေးအကြောင်းထင်လာတာတွေ လျော့ပါးအောင် ကယ်လ်ဆီယမ်ကိုလည်း မှီဝဲသင့်ပါတယ်။

Pexels/Pixabay

မှောက်ခုံအနေအထားနဲ့ အိပ်စက်ခြင်းမှ ရှောင်ကြဉ်ပါ

တကယ်လို့ စာဖတ်သူက မှောက်ခုံအိပ်တတ်တဲ့ အကျင့်ရှိသူဆိုရင်တော့ စာဖတ်သူရဲ့ အကျင့်ကို ချက်ခြင်းပြောင်းပေးဖို့ လိုနေပါပြီ။ အကြောင်းရင်းကတော့ ခေါင်းအုံးကို ဖိအိပ်တဲ့အတွက် မျက်နှာမှာ အရေးအကြောင်းတွေ ထင်စေနိုင်လို့ ဖြစ်ပါတယ်။ ဒါကြောင့် စောစောစီးစီး အိုမင်းရင့်ရော်မလွယ်ချင်ဘူးဆိုရင်တော့ ဒီအကျင့်ကိုလည်း ပြင်ရမှာ ဖြစ်ပါတယ်။

လက်ဖက်စိမ်း အသုံးပြုပါ

လက်ဖက်စိမ်းဟာ လူသားတွေအတွက် အကျိုးရှိစေတဲ့ သဘာဝက ပေးတဲ့ လက်ဆောင်တစ်မျိုးပါ။ အင်တီအောက်ဆီးဒန့်တွေ ကြွယ်ဝစွာ ပါဝင်သလို အရေပြားဆဲလ်တွေကို ပြုပြင်ပေးတဲ့အတွက် လူကို နုပျိုစေပါတယ်။ အသားအရည်မှာ ရောင်ယမ်းတာတွေ၊ ယားယံတာတွေအတွက်လည်း သူက ကူညီပေးနိုင်ပါသေးတယ်။ လက်ဖက်စိမ်းကို ပုံမှန်သောက်သုံးရင်တော့ ကျန်းမာရေးအတွက်သာ မကပဲ အသားအရည်အတွက်လည်း အကျိုးရှိစေမှာ ဖြစ်ပါတယ်။

Pexels/Ray Rodriguez

နေရောင်ခြည်ဒဏ်မှ ကာကွယ်ပါ

နေရောင်ထဲ ထွက်ပါများလေလေ၊ မျက်နှာမှာ မှဲ့ခြောက်တင်းတိပ်စတဲ့ အသားအရည်ကို ပျက်စီးစေတဲ့ အရာတွေ ပိုအထွက်များလေလေပါပဲ။ နေရောင်ခြည်ဟာ လူကို အိုမင်းမြန်စေပါတယ်။ နေပူထဲထွက်တဲ့အခါမျိုးမှာတော့ နေရောင်ခြည်ကလာတဲ့ UV ရောင်ခြည်တွေက ခံနိုင်အောင် ခန္ဓာကိုယ်ကို လုံခြုံစွာဖုံးအုပ်ထားသင့်ပါတယ်။

ရေမြန်မြန်ချိုးပါ

လေ့လာသူတွေ ဆိုတာက အချိန်အကြာကြီးရေချိုးတဲ့အခါ အသားအရည်တွေဟာ ခြောက်သွေ့ပြီး ပျက်စီးစေတယ်လို့ ဆိုပါတယ်။ ရလဒ်အနေနဲ့ ပါးရည်တွန့်လာတာ၊ အသားအရည်တွေ လျော့တွဲလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရေချိုးတဲ့အခါ သိပ်အချိန်ကုန်မခံပဲ မြန်မြန်ချိုးသင့်ပါတယ်။

လင်းလင်း (ShweMom)

SHARE