ကမ္ဘာအနှံ့က ဘီလျံနာတွေကို တကူးတကလာလည်ဖို့ ဖိတ်ခေါ်နေရတဲ့ ကျွန်းစုနိုင်ငံလေး

Pixabay- fleglsebastian7

Fiji ဆိုတာ ကျွန်းပေါင်း ၃၀၀ ကျော်လောက်နဲ့ ဖွဲ့စည်းထားတဲ့ တောင်ပစိဖိတ်နိုင်ငံလေးတစ်နိုင်ငံဖြစ်ပါတယ်။ အရင်တုန်းကတော့ ပွင့်လင်းရာသီမှာ ခရီးသွားတွေနဲ့ ပြည့်နှက်လျက်ရှိနေပြီး တော်တော်လေး စည်ကားနေတဲ့အတွက်ကြောင့် နိုင်ငံ့စီးပွားရေးဟာလည်း ခရီးသွားကဏ္ဍအပေါ် မှီခိုလျက်ရှိနေပါတယ်။

Pexels-Ferdie Drone

ဒါပေမဲ့လည်း အခုလိုကပ်ရောဂါဘေးအခြေအနေမျိုးမှာတော့ ခြောက်ကပ်လျက်ရှိနေတဲ့ ကျွန်းလေးတွေဟာ အခုဆိုရင် ခရီးသွားတွေကိုလာဖို့ ကိုယ်တိုင်တောင် ဖိတ်ခေါ်နေရပါပြီ။ သူတို့ဖိတ်ခေါ်ပုံကတော့ ကမ္ဘာအနှံ့မှာရှိနေတဲ့ ဘီလျံနာတွေကိုပါတဲ့။ ဘာကြောင့်ဆို အခုလို လေကြောင်းလိုင်းတွေ ရပ်တန့်ထားတဲ့အချိန်လိုမျိုးမှာ ကိုယ်ပိုင် ဂျက်လေယာဉ်ရှိတဲ့ ဘီလျံနာတွေအနေနဲ့ ကျွန်းတွေမှာ လွတ်လွတ်လပ်လပ် အပန်းဖြေဖို့ပဲဖြစ်ပါတယ်။

Pexels- Damon Hall

ဒီအပြင် စိတ်ကြိုက်ကျွန်းတွေကိုလည်း သီးသန့်နေဖို့ ငှားနိုင်ပြီး နိုင်ငံတွင်း ဘယ်သွားသွား အခမဲ့လည်း ဖြစ်ပါတယ်။ ထပ်ပြီးလည်း COVID-19 စစ်ဆေးမှုကို နိုင်ငံဘက်က အခမဲ့လုပ်ပေးသွားမှာဖြစ်ပြီး ကျန်းမာရေးဌာနတွေက ညွှန်ကြားထားတဲ့အတိုင်း စည်းကမ်းချက်တွေအတိုင်းလည်း လုပ်ဆောင်သွားပေးဦးမှာဖြစ်ပါတယ်။ ဒီအပြင် ကျွန်းတစ်ကျွန်းလုံးလည်း ငှားလို့ရတယ်ဆိုတော့ social distancing နဲ့လည်း ကိုက်ညီနေပါတယ်။

READ
မင်္ဂလာဆောင်ပြီး၁နာရီအကြာမှာပဲ သတိုးသားကို သေနတ်နဲ့ပစ်ဖို့ကြိုးစားခဲ့တဲ့ သတိုးသမီး
Pexels- Asad Photo Maldives

လက်ရှိအချိန်မှာတော့ ကုမ္ပဏီကြီးတွေပိုင်တဲ့ ဘီလျံနာအယောက် (၃၀) လောက်က Fiji ကျွန်းစုနိုင်ငံကို လည်ပတ်ဖို့ ဖိတ်ခေါ်တာကို လက်ခံထားပြီး ပျမ်းမျှ ရက် ၃၀ လောက်နေကြမယ်လို့ CNN သတင်းဌာနရဲ့ဖော်ပြချက်အရ သိထားရပါတယ်။

Penny

SHARE