ရင်သပ်ရှုမောစရာ အလှပုံရိပ်တွေနဲ့ ကြော်ငြာ ရိုက်ကူးခဲ့တဲ့ Kim Yoojung

IG/yoojung_only

ကလေး သရုပ်ဆောင်အဖြစ် နာမည်ကြီးခဲ့တဲ့ Kim Yoojung ကတော့ သူမရဲ့ ဆယ်ကျော်သက် ဘဝအထိ နာမည်ကြီးနေခဲ့သလို အခုလို လူငယ်ဘဝရောက်တဲ့အထိလည်း ပရိသတ်တွေကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာ မွေးခဲ့တဲ့ သူမကတော့ အခုဆို အသက် ၂၀ ပြည့်ပြီးတဲ့သူတစ်ယောက် ဖြစ်နေပါပြီ။

https://www.instagram.com/p/CAsOLtDpED6/

ကလေးတစ်ယောက်အဖြစ် ချစ်စရာ ကောင်းလှတဲ့ သူမကတော့ လူငယ်ဘဝအနေနဲ့လည်း ရင်သပ်ရှုမောဖွယ် လှပနေတာကို ပရိသတ်တွေက FlLA Korea က တင်လိုက်တဲ့ ပုံရိပ်တွေကနေ သိရှိခဲ့ပါတယ်။ ဒီအကြောင်းကို kstarlive ကလည်း ရေးသားဖော်ပြထားခဲ့ပါတယ်။

https://www.instagram.com/p/CAuNOBzJlhV/

မျက်နှာလေးက ကြည်လင်ပြီး ကလေးဆန်တဲ့ ပုံရိပ်တွေကြောင့် အချစ်ပိုခံခဲ့ရသလို အခုလည်း သူမက sexy ကျကျ လှပကြောင်းကို သူမရဲ့ ဗိုက်သားအလှကို ထုတ်ဖော်ရိုက်ကူးခဲ့တာကို ကြည့်ရင်း သိလိုက်ကြရမှာပါ။ FILA ရဲ့ နွေရာသီ Campaign တစ်ခုဖြစ်တဲ့ Aqua Time Collection အတွက် သူမကတော့ နွေရာသီ အငွေ့အသက်တွေနဲ့အတူ ကြော်ငြာ ဓာတ်ပုံတွေ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

READ
D&C ဆိုင်ဖွင့်ပွဲမှာ အပြိုင်လှနေတဲ့ မိုးဟေကို နဲ့ ဇင်ဇင်ဇော်မြင့်

https://www.instagram.com/p/CAo-YlWhMIK/

လက်ရှိမှာ သူမကတော့ Ji Changwook နဲ့ အတူ Backstreet Rookie ဆိုတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးလျက် ရှိနေပါတယ်။

Kham

SHARE