ဆင်းရဲမွဲတေမှုကို လွန်မြောက်ပြီး ဟားဗတ်တက္ကသိုလ်ဝင်ခွင့်ရခဲ့တဲ့ ကောင်လေး

အောင်မြင်မှူဆီကို ဇွဲလုံ့လနဲ့ ကြိုးကြိုးစားစားအလုပ်လုပ်ပြီး သွားနိုင်ပါ့မလားဆိုတာ သံသယဖြစ်စရာပါ။ ဒါကို ဖိလစ်ပိုင်လယ်သမားကြီးတစ်ဦးရဲ့ သားက အမှန်တကယ် ကြိုးစားရင် အဟုတ်ဖြစ်နိုင်တယ်ဆိုတာ သက်သေပြလိုက်ပါပြီ။ လယ်သမားကြီးရဲ့ သားလေးဟာ မိသားစုက ဆင်းရဲပေမယ့် ပညာကောင်းကောင်းတတ်ဖို့ အားထုတ်ခဲ့ပါတယ်။ သူ့ရဲ့ ကြိုးစားအားထုတ်မှူဟာ အချိန်တန်လာတဲ့အခါမှာတော့ နာမည်ကြီးဟားဗက်တက္ကသိုလ်မှာ သွားရောက် ပညာသင်ယူရဖို့အထိ ဖြစ်လာခဲ့ပါတယ်။

elitereaders

ကောင်လေးနာမည်က ရွမ်းနစ်ခ်ပါ။ သူက ဖိလစ်ပိုင်နိုင်ငံ ဘူလကန်ပြည်နယ်မှာပဲ ကြီးပြင်းခဲ့ပါတယ်။ အဖေက သူ့ကို ပညာသိပ်တတ်စေချင်မှန်းသိတော့ ရွမ်းနစ်ခ်က စာအရမ်းကြိုးစားပါတယ်။ နေ့တိုင်း အိမ်ကနေ မြစ်တစ်ဖက်ကိုကူးပြီး ကျောင်းသွားပါတယ်။ တစ်နေ့သူပညာတတ်ကြီးဖြစ်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အပြင်းအထန်စာကြိုးစားခဲ့တဲ့ ရွမ်းနစ်ခ်ရဲ့ သည်းခံနိုင်စွမ်းက တစ်နေ့တော့ အရာထင်လာခဲ့ပါပြီ။

ရွမ်းနစ်ခ်ရဲ့အကြောင်းကို Green Earth Heritage ဖောင်ဒေးရှင်းက သိသွားပြီး သူ့ကို မနီလာအပြည်ပြည်ဆိုင်ရာကျောင်းမှာ ပညာသင်ဆုနဲ့ ကျောင်းထားပေးခဲ့ပါတယ်။ အထက်တန်းကျောင်းမှာ ဂုဏ်ထူးတွေ ဝေေ၀ဆာဆာနဲ့ အောင်လာတဲ့အခါမှာတော့ ကျောင်းသားလေး ရွမ်းနစ်ခ်ဟာ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်တွေအကြား မျက်စိကျစရာ ဖြစ်လာပါတယ်။ တက္ကသိုလ်တက်ဖို့ ရွေးရမယ့်အချိန်ရောက်တော့ ရွမ်းနစ်ခ်က ကနဦးပိုင်းမှာ အထင်ကရရှိတဲ့ တက္ကသိုလ်တွေဖြစ်တဲ့ ဒါးမောက်ကောလိပ်၊ ၀က်စ်လီယမ် တက္ကသိုလ်နဲ့ အဘူဒါဘီက နယူးယောက်တက္ကသိုလ်တွေကို ရွေးချယ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ကံကောင်းချင်တော့ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကြီးဖြစ်တဲ့ ဟားဗက်ကျောင်းကပါ ပညာသင်ဆုအပြည့်နဲ့ ရွမ်းနစ်ခ်ကို ကျောင်းဝင်ခွင့်ပေးခဲ့ပါတယ်။

elitereaders

(၂၀၁၇) ခုနှစ်မှာတော့ ရွမ်းနစ်ခ်ဟာ အထက်တန်းကျောင်းပြီးခဲ့ပြီး နောက်ထပ် တက္ကသိုလ်တက်ဖို့ ခြေလှမ်းသစ် ထပ်မံလှမ်းနိုင်ခဲ့ပါတယ်။ ကြီးကျယ်ခမ်းနားလှတဲ့ ကမ္ဘာ့အကျော်ကြားဆုံး ကျောင်းကြီးထဲက တစ်ကျောင်းမှာ တက်ရောက်ခွင့်ရပေမယ့် တရွမ်းနစ်ခ်က ဘ၀မမေ့ပါဘူး။ သူ့ဖခင်ရဲ့ လယ်ထဲမှာ အပင်ပေါင်း(,၅၀၀) ကို စိုက်ပျိုးခဲ့ပါတယ်။ ကြိုးစားအားထုတ်မှူကို မလျော့ပဲ ပညာလိုလားစိတ်နဲ့ ကြိုးစားခဲတဲ့ ဖိလစ်ပိုင်လူငယ်လေးရဲ့ အဖြစ်ကတော့ တကယ့်ကို ချီးကျူးအတုယူစရာပါပဲ။ လက်ရှိမှာတော့ ရွမ်းနစ်ခ်ဟာ နာမည်ကျော်ဟားဗက်တက္ကသိုလ်မှာ ပညာဆက်လက်သင်ကြားလျက်ရှိနေတယ်လို့ သိရပြီး သူ့ရဲ့ အနာဂတ်ကတော့ သာယာဖြောင့်ဖြူးနေမှာ အသေချာပါပဲ။

လင်းလင်း (ShweMom)

READ
(၁၆)နှစ်နဲ့သန်းကြွယ်သူဌေးတစ်ဦးဖြစ်လာခဲ့တဲ့ ဒီဇိုင်နာကောင်လေးအကြောင်း

Ref: elitereaders

SHARE