နှလုံးသားကို လေယာဉ်စီးရင်း အပိုင်သိမ်းသွားတဲ့ ကိုယ်လူချောကို လိုက်ရှာနေတဲ့သူမ

ခရီးသွားရင်း စကားစမြည်ပြောမိရာ၊ အကြည့်ချင်းတွေဆုံမိရာမှ ဘယ်အရပ်ဇာတိကမှန်းမသိ၊ နာမည်လည်းမသိ၊ သူဘယ်သူလဲဆိုတာလဲမသိဘဲ ကြွေမိခဲ့သော်လည်း ခရီးကနေအိမ်ကိုပြန်ရောက်တဲ့အချိန်မျိုးမှာ အဲဒီလူကိုပဲ တမ်းတသတိရနေတဲ့ အဖြစ်မျိုး ကြုံဖူးကြပါလား။

ဖိလစ်ပိုင်နိုင်ငံက စီးပွားရေးကျောင်းသူကောင်မလေးကတော့ အိမ်ပြန်စဉ် ၁၀ နာရီကြာ ဘေးချင်းကပ်ရှိနေခဲ့တဲ့ အမျိုးသားတစ်ယောက်ဆီမှာ သူမစိတ်ဝိဥာဉ်တွေ ကပ်ပါသွားတဲ့အတွက် ရှာပုံတော်ဖွင့်နေရှာပါတယ်။

Facebook

Jomaica Alfiler ဟာ အသက် ၂၁ နှစ်ရှိနေပြီဖြစ်တဲ့ ဆီယက်တယ်မှာ နေထိုင်နေတဲ့ ဖိလစ်ပိုင်စီးပွားရေးတက္ကသိုလ်ကျောင်းသူတစ်ယာက်ပါ။ သူငယ်ချင်းရှိတဲ့ဆီကို သွားလည်ရင်း အပန်းဖြေခရီးထွက်အပြီး ဂျာမနီ၊ Frankfurt မှ နေထိုင်ရာဆီယက်တယ်ကို လေယာဉ်စီးကာပြန်ခဲ့ပါတယ်။

သို့ပေမယ့် check in ဝင်ရာမှာ လုံခြုံရေးအရ စစ်ဆေးမှုတွေ ကြုံခဲ့တဲ့အတွက် လေယာဉ်ပေါ်တက်တာ နောက်ကျခဲ့ပါတယ်။ လောလောလောလောနဲ့ လေယာဉ်ပေါ်တက်ကာ စီးရမယ့်ထိုင်ခုံနေရာကို လိုက်ရှာရာ ထိုင်ခုံဘေးမှာ သူမကိုပြုံပြီး ကြိုဆိုနေတဲ့အမျိုးသားတစ်ယောက်ကို တွေ့ခဲ့ရပါတယ်။

Facebook

စစတွေ့ချင်းဆိုတော့ သူမလည်းသဘောရိုးနဲ့ ပြန်လည်ပြုံးပြခဲ့ပြီး ပါလာတဲ့အိတ်သေးသေးလေးကို အပေါ်ကအိတ်ထည့်တဲ့အကန့်မှာတင်ဖို့လုပ်ခဲ့ပါတယ်။ ဒါကိုအဲဒီအမျိုးသားက သယ်ပေးဖို့ထပေမယ့်လည်း Jomaica Alfiler ဟာ အရင်ကတည်းက ဘယ်အရာမဆိုဆို ကိုယ်တိုင်လုပ်လိုက်ရမှ စိတ်ကျေနပ်သူမို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမဲ့လည်း သူမရဲ့အရပ်က ၅ ပေနဲ့ ၁ လက်မပဲရှိတာကြောင့် အိတ်ကိုအပေါ်ကန့်ထဲထည့်ဖို့ ခက်ခဲနေခဲ့ပါတယ်။ ဒါကိုသိသွားတဲ့အမျိုးသားဟာ ချက်ချင်းထလာပြီး အိတ်ကိုထည့်ပေးခဲ့ပါတယ်။

READ
အမျိုးသားတွေရဲ့ ဝှေးစေ့ကို ကိုက်ဖြတ်လေ့ရှိတဲ့ငါးမျိုးစိပ်

လမ်းတစ်လျှောက်မှာလည်း ရောက်တတ်ရာရာ ထွေရာလေးပါးစကားပြောခဲ့ကာ အနည်းငယ်ရင်းနှီးလာခဲ့တာပါ။ လမ်းတစ်လျှောက်စားစရာမမှာဘဲ အိပ်ချည်းနေနေတဲ့ Jomaica Alfiler ဖို့ ကိုရီးယားကြက်ကြော်နဲ့ အအေးတွေမှာပေးခဲ့တဲ့အပြင် သူကဆောင်မခြုံတဲ့အတွက် အေးရင်သူ့စောင်ကိုယူပါလို့လည်း Jomaica Alfiler ကိုပြောခဲ့ပါသေးတယ်။ Jomaica Alfiler က ရုပ်ရှင်ကြည့်တာတောင်မှ နားကြပ်မတပ်ဘဲ စာတမ်းထိုးဖွင့်ပြီးသာ ကြည့်ခဲ့ပေမယ့် သူမရုပ်ရှင်ကြည့်တဲ့အချိန်ကစပြီး အနှောက်အယှက်ဖြစ်မှာဆိုးလို့ စကားစလုံးဝပြတ်သွားခဲ့ပါတယ်။

Facebook

၁၀ နာရီကြာတဲ့လေယာဉ်ခရီးစဉ်အတွင် စကားစမြည်သာ ပြောခဲ့ရပေမယ့် အဲဒီအမျိုးသားရဲ့ နာမည်တွေ၊ လူမှုကွန်ယက်အကောင့်တွေ၊ သူနဲ့ပတ်သက်ပြီး ဘာတစ်ခု မသိခဲ့ရပါဘူး။ လေယာဉ်ပေါ် အတူရှိနေစဉ်တုန်းကတော့ သိပ်မသိသာခဲ့ပေမယ့် အခုအိမ်ကိုပြန်ရောက်တဲ့အထိ အဲဒီအမျိုးသားအကြောင်းကို အတွေးထဲကထုတ်လို့မရဘဲ ဖြစ်နေခဲ့ပါတယ်။

Facebook

ဒါကြောင့်ပဲ ၁၀ နာရီကြာလေယာဉ်ခရီးစဉ်တစ်လျှောက် သူမကိုဂရုတစိုက်အကူအညီပေးခဲ့တဲ့ ကိုယ်လူချောကို အွန်လိုင်းပေါ်တက်ရှာခဲ့ပါတယ်။ အရင်ဆုံး စီးခဲ့တဲ့ လေကြောင်းလိုင်းကို ခုံနံပါတ်နဲ့ ခရီးစဉ်ကို အတိကျပို့ကာ message ပို့ကာ အကူအညီတောင်းခဲ့ပေမယ့်လည်း လေကြောင်းလိုင်းဘက်မှ ချစ်ဖို့အရမ်းကောင်းတဲ့ ဇာတ်လမ်းလေးကြောင့် ကူညီချင်ပေမယ့် ခရီးသည်တွေရဲ့ အချက်အလက်တွေကို မပေးရဘူးဆိုတဲ့စည်းကမ်းချက်ကြောင့် မကူညီနိုင်တာ သိပ်ကိုစိတ်မကောင်းဖြစ်ခဲ့ရပါတယ်လို့ ပြန်ဖြေခဲ့ပါတယ်။

READ
ဂျင်းဘောင်းဘီတွေကို မလျှော်ခဲ့တာ(၁၀)နှစ်လောက် ရှိပြီလို့ ပြောလာတဲ့ Levi's သူဌေး
Facebook

Jomaica Alfiler ဟာ ကြံရာမရတဲ့အဆုံး သူမရဲ့ လူမှုကွန်ယက်ပေါ်မှာတင်ပြီး နှလုံးသားကိုဖမ်းစားသွားတဲ့ ကိုယ်လူချောကို ရှာဖွေခဲ့ပါတယ်။ ဆံပင်မည်းနက်နက်ကိုမှ သပ်သပ်ရပ်ရပ်ဖီးထားပြီး အရပ်ကတော့ ခန့်မှန်းချေ ၅ ပေ ၉ လောက်ရှိလောက်မယ်တဲ့။ ဗြိတိသျှအင်္ဂလိပ်အသံထွက်လိုမျိုး ဆင်တင်တင်ပြောလေ့ရှိပြီး ရုပ်ရည်မှာလည်း အပြစ်ပြောစရာမရှိတဲ့ လူချောလေးပါ။ မိန်းကလေးတစ်ယောက်ကို နှမအရင်းသဖွယ် ကြင်ကြင်နာနာကူညီတဲ့အပြင်ကို ရည်မွန်သူလည်းဖြစ်ပါတယ်တဲ့။

Facebook

Jomaica Alfiler တစ်ယောက် အသည်းအသန်ရှာဖွေနေတဲ့ ကိုကိုကိုတွေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Daily Mail, Next Shark

Penny

SHARE