ရေမြေခြားခဲ့ပေမယ့် ခရစ္စမတ်လက်ဆောင်လေးကြောင့် ဖူးစာဆုံခဲ့တဲ့ အချစ်ဇာတ်လမ်း

လူနှစ်ဦးဟာ ဘယ်လောက်ပဲနီးနီးရှိပါစေ ဖူးစာလွဲနေရင် ကွဲရသလို ဘယ်လောက်ပဲဝေးဝေး ရှိနေပါစေ ဖူးစာမှန်ရင် မြဲရတာ ဓမ္မတာပါပဲ။ အမေရိကန်နိုင်ငံဟာ ဖိလစ်ပိုင်နိုင်ငံနဲ့ မိုင်(၈,၀၀၀) ကျော်ကွာဝေးပါတယ်။ ဒါပေမယ့် ဒီအကွာအဝေးဟာ အမေရိကန်သား တိုင်ရယ်နဲ့ ဖိလစ်ပိုင်က ဂျိုအာနာတို့အတွက်တော့ အတားအဆီးတစ်ခုမဟုတ်ခဲ့ပါဘူး။

လွန်ခဲ့တဲ့(၁၅)နှစ်တုန်းက တိုင်ရယ်ဟာ အသက်(၇)နှစ်သားအရွယ် ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ သူက အပြည်ပြည်ဆိုင်ရာ လူမှုအကျိုးဆောင်အဖွဲ့အစည်းတစ်ခုမှာ ပါဝင်ခဲ့သူပါ။ ခရစ္စမတ်ကာလမတိုင်ခင်မှာတော့ အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ တိုင်ရယ်ဟာ လှူဒါန်းမှုတစ်ခုပြုလုပ်ဖို့ ဖြစ်လာပါတယ်။ အဲဒါကတော့ နိုင်ငံအသီးသီးမှာရှိတဲ့ ကလေးတွေကို ခရစ္စမတ်လက်ဆောင်ပေးဖို့ တိုင်ရယ်ဟာ ကျောင်းသုံးပစ္စည်းတွေနဲ့ အရုပ်ကလေးတွေကို ဖိနပ်ဘူးထဲထည့်ပြီး လှူဒါန်းရမှာဖြစ်ပါတယ်။

Facebook

တိုင်ရယ်ရဲ့ ဖိနပ်ဘူးလေးကို ရရှိသွားတဲ့သူကတော့ ဖိလစ်ပိုင်က ကောင်မလေး ဂျိုအာနာပါ။ ဂျိုအာနာက တိုင်ရယ်ဆီ ကျေးဇူးတင်ကြောင်း စာပေးပို့ခဲ့ပေမယ့် တိုင်ရယ်ဆီကို စာမရောက်ခဲ့ပါဘူး။ ဂျိုအာနာကတော့ သူမလက်ဆောင်ရရှိခဲ့တဲ့ သေတ္တာဘူးလေးကို အမြတ်တနိုးနဲ့ သိမ်းထားပြီး ဘူးပိုင်ရှင်ကို ကျေးဇူးတင်စကားပြောချင်တဲ့ ဆန္ဒကလည်း သူမစိတ်ထဲမှာ အမြဲတမ်းရှိနေခဲ့ပါတယ်။

READ
ချစ်စရာအကောင်းဆုံး ချစ်သူမိန်းကလေးတစ်ယောက်၏ လက္ခဏာများ

ဒီလိုနဲ့ နောက်ထပ်(၁၄)နှစ်ကြာပြီးနောက် (၂၀၁၁)ခုနှစ်မှာတော့ ဂျိုအာနာဟာ တိုင်ရယ်ကို ဖေ့စ်ဘုတ်ကနေတဆင့် ခြေရာကောက်မိသွားပြီး နှစ်ဦးသားဟာ သူငယ်ချင်းတွေဖြစ်လာကြပါတယ်။ တစ်နှစ်လောက်နီးပါး ဆိုရှယ်မီဒီယာပေါ်ကနေ ဆက်သွယ်ပြီး အပြန်အလှန်စကားပြောဆိုတာတွေကို ပြုလုပ်ခဲ့ပါတယ်။

Facebook

တစ်နေ့မှာတော့ တိုင်ရယ်ဟာ ဂျိုအာနာဆီကို (၁၀)ရက်တာ အလည်အပတ်ခရီးလာခဲ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မြင်မြင်ချင်းမှာပဲ တိုင်ရယ်နဲ့ ဂျိုအာနာနှစ်ဦးစလုံးရဲ့ စိတ်ထဲမှာ သူဟာ ကိုယ့်ဘ၀ရဲ့ ဖူးစာဖက်ဆိုတာ ထုတ်ပြောနေစရာမလိုပဲ သိခဲ့ကြပါတယ်။ ဂျိုအာနာကတော့ တိုင်ရယ်ကို တွေ့တဲ့အခါမှာ ပျော်လွန်းလို့ ငိုခဲ့ပါသေးတယ်။ တိုင်ရယ်ကတော့ ဂျိုအာနာကို စတွေ့တဲ့အချိန်မှာ သူမဟာ သူ့ဘ၀အတွက် တစ်ခုတည်းသောအရာဆိုတဲ့ အသိဖြစ်ပေါ်လာကြောင်း ပြန်ပြောင်းပြောခဲ့ပါတယ်။

Facebook

သိပ်မကြာခင်မှာပဲ တိုင်လာဟာ ဖိလစ်ပိုင်ကိုပြန်လာခဲ့ပြီး ဂျိုအာနာကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ (၂၀၁၄)ခုနှစ် အောက်တိုဘာလမှာတော့ ချစ်သူနှစ်ဦးရဲ့ လက်ထပ်ပွဲလေး ကျင်းပခဲ့ပါတယ်။ မင်္ဂလာမောင်နှံက သူတို့ရဲ့ မင်္ဂလာဦးအမှတ်တရအနေနဲ့ ကမ္ဘာတစ်ဝှမ်းက ကလေးတွေဆီ ဒါနပြုဝေငှဖို့အတွက် ခရစ္စမတ်လက်ဆောင်ဘူးလေးတွေ သယ်လာပေးကြဖို့ မင်္ဂလာပွဲလာပရိသတ်တွေကို တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

READ
အိမ်ထောင်ရေးမပြိုကွဲဖို့ လိုက်နာသင့်တဲ့ နည်းလမ်း(7)မျိုး

လင်းလင်း (ShweMom)

Ref: newsner

SHARE