သတို့သမီးနှစ်ဦးနဲ့ တပြိုင်တည်းလက်ထပ်ခဲ့တဲ့ တူအတွက် ဂုဏ်ယူနေတဲ့ဦးလေး

ခရစ်ယာန်အများစုနေထိုင်တဲ့ ဖိလစ်ပိုင်နိုင်ငံမှာ တစ်ကြိမ်တည်းမှာ သတို့သမီးနှစ်ဦးနဲ့ သို့မဟုတ် သတို့သားနှစ်ဦးနဲ့ ကာယကံရှင်တစ်ယောက်က လက်ထပ်ပွဲကျင်းပခြင်းဟာ ဥပဒေအရ တရားဝင်ခြင်းတော့ မရှိပါဘူး။ ဒါပေမယ့် အခု ဖိလစ်ပိုင်နိုင်ငံမှာပင် သတို့သားလူရွယ်တစ်ယောက်ဟာ သတို့သမီးနှစ်ယောက်နဲ့ တပြိုင်တည်း လက်ထပ်ခဲ့ပါတယ်။

တကယ်တော့ သူတို့တစ်တွေဟာ အစ္စလာမ်ဘာသာကို ကိုးကွယ်ကြသူတွေ ဖြစ်ပါတယ်။ အစ္စဘာသာရဲ့ ထုံးတမ်းစဉ်လာအရ သတို့သားတစ်ဦးဟာ သတို့သမီးတွေ့က ဆန္ဒလည်း ရှိနေမယ်ဆိုရင်၊ ထို့အပြင် ၎င်းသတို့သမီးတွေကို ကာယကံရှင်အမျိုးသားက လုပ်ကျွေးနိုင်တဲ့အနေအထားဆိုရင် သူတို့ရဲ့ သဘောဆန္ဒနဲ့အညီ လက်ထပ်ခွင့် ရှိနေပါတယ်။

သို့သော် ယင်းထုံးတမ်းစဉ်လာဟာ ဖိလစ်ပိုင်ပါအပါအဝင်၊ အခြား အစ္စလာမ်မစ်နိုင်ငံတစ်ချို့မှာတောင် ဥပဒေအရ တရားဝင်တာမျိုးတော့ မရှိပါဘူး။ အခုဖြစ်ရပ်မှာ သတို့သမီးနှစ်ဦးနဲ့ မင်္ဂလာဆောင်ခဲ့တဲ့တူဖြစ်သူအစား ဦးလေးက ဂုဏ်ယူဝင့်ကြွားစွာနဲ့ မင်္ဂလာပွဲဓာတ်ပုံတွေကို လူမှုကွန်ယက်မှာ ဖြန့်ဝေခဲ့ပါတယ်။

READ
သုတေသနအတွက် လူသေအလောင်းတွေကို ကွင်းပြင်မှာ သဘာဝအတိုင်းထားတဲ့နေရာ

အဆိုပါ ဦးလေးရဲ့ အမည်မှာ Ronquillo Guiambangan ဖြစ်ပြီး သူရဲ့တူဟာ သတို့သမီးနှစ်ယောက်ကို ဆောင်ကျဉ်းမင်္ဂလာဆောင်နိုင်ခဲ့တဲ့အတွက် ဦးလေးတစ်ယောက်အဖို့ အလွန်ကို ဂုဏ်ယူဝမ်းမြောက်မိကြောင်း လူမှုကွန်ရက်ပေါ်မှာ ထုတ်ဖော်ပြောဆိုခဲ့တာပါ။ ဒီဓာတ်ပုံကို လူတွေများစွာ ဝေဖန်ခဲ့ကြပြီး တစ်ချို့ကလည်း ဥပဒေအရ အရေးယူပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

တစ်ချို့ကတော့ မင်္ဂလာပွဲဟာ လူပြောစရာဖြစ်နေပေမယ့် အသက်ပြည့်မီတဲ့ သတို့သမီးနှစ်ယောက်ရဲ့ လွတ်လပ်တဲ့ ရွေးချယ်ခွင့်ကိုတော့ တစ်ခြားသူတွေအနေနဲ့ လေးစားသင့်တယ်လို့ ဆိုနေကြပါတယ်။ တစ်ချို့ကလည်း သူတို့ရဲ့ထုံးတမ်းစဉ်လာအရ ဒီလိုပွဲမျိုးဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စရပ်တစ်ခုဖြစ်ကြောင်း၊ လူမှုကွန်ယက်ပေါ်မှာသာ အထူးတဆန်းဖြစ်နေတာ ဖြစ်ကြောင်း တုန့်ပြန်ထားတာကို တွေ့ရပါတယ်။

နတ်စည်တော် (Shwemom)

source : viral4real.com

SHARE