ရွှေရမှာ သေချာနေပေမယ့် ဆုတံဆိပ်ကိုစွန့်ပြီး ပြိုင်ဖက်ကို ကယ်တင်ခဲ့တဲ့ အမျိုးသား

facebook/jefferson.ganuelas

ကမ္ဘာပေါ်မှာရှိတဲ့ လူသားတွေမှာ အများစုဟာ တစ်ကိုယ်ကောင်းသမားတွေပါ။ ဘယ်နေရာမဆို သူများဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဂရုမစိုက်၊ သူများထက် ငါပဲသာရမယ်၊ ငါပဲရရမယ်ဆိုတဲ့ အတ္တသမားတွေ များပါတယ်။ ဒါပေမယ့် အခုတွေ့မြင်ရမယ့် ဖိလစ်ပိုင်နိုင်ငံက ရေလွှာလှိုင်းစီးသမား အမျိုးသားတစ်ဦးကတော့ ပြိုင်ပွဲထဲ အားလုံးထက်သာလွန်ဖို့ဆိုတဲ့ လောဘစိတ်ကို စွန့်ကာ အသက်ဘေးနဲ့ ကြုံတွေ့တော့မယ့် ပြိုင်ပွဲဝင်တစ်ဦိးကို ကယ်တင်ခဲ့ကြောင်း storypick သတင်းအရ သိရပါတယ်။

facebook/jefferson.ganuelas

Fox Sports အရတော့ စိတ်ထားမြင့်မြတ်သူ အဆိုပါ ရေလွှာလှိုင်းစီးသမားဟာ (၂၀၁၉) ခုနှစ် ဆီးဂိမ်းထဲ ရေလွှာလှိုင်းစီးမှာ ပထမဆုရဖို့ သေချာနေတဲ့ ပြိုင်ပွဲဝင်တစ်ဦးပါ။ သူ့နာမည်ကတော့ ရိုဂျာကာဆုဂေး ဖြစ်ပါတယ်။ ရိုဂျာဟာ ပြိုင်ပွဲမှာ အင်ဒိုနီးရှားနိုင်ငံသား အာရစ်ပ်နူဟီဒါရက်တ်ဆိုသူနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲအလယ်လောက်မှာ အာရစ်ပ်ရဲ့ လှိုင်းစီးဘုတ်ပြားကနေ စီးနင်းသူရဲ့ ခြေထောက်ကိုတွယ်ထားတဲ့ ကြိုးဟာ ပြတ်ထွက်သွားပါတယ်။ ဒီအတွက် အာရစ်ပ်ဟာ ကြီးမားတဲ့ လှိုင်းကြီးတွေကြားထဲ ရေနစ်မလို ဖြစ်ခဲ့ရပါတယ်။

READ
ဇနီးသည် ခံစားနေရတာမမြင်ရက်လို့ ခွဲခန်းထဲမှာ ပျော်ရွှင်စေခဲ့တဲ့ ချစ်စဖွယ်ခင်ပွန်းရဲ့အပြုအမူ
facebook/jefferson.ganuelas

အာရစ်ပ်ဟာ လှိုင်းကြီးတွေကြားရောက်သွားပြီး ပြင်းထန်လှတဲ့ လှိုင်းလုံးတွေကြား သူ့ရဲ့ လက်နှစ်ဖက်ကို ဝှေ့ယမ်းကာ အကူအညီတောင်းနေခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ ဒါကို မြင်သွားတဲ့ ရိုဂျာက အာရစ်ပ်ဆီကို ရောက်အောင် သွားကာ အာရစ်ပ်ကို ဆွဲခေါ်ပြီး သူ့ရဲ့ လှိုင်းစီးဘုတ်ပြားပေါ်မှာ အတူလိုက်ပါစေခဲ့ပါတယ်။ နှစ်ယောက်သားဟာ ကမ်းခြေကို ချောချောမောမောနဲ့ ပြန်လည်ရောက်ရှိသွားခဲ့ပါတယ်။

The #seagames2019 surfing is on hold. Indonesian longboard sensation @mencosss broke his leash and swept away and being…

Posted by Jefferson Ganuelas on Thursday, December 5, 2019

ကမ်းခြေရောက်တဲ့အခါမှာတော့ ပရိသတ်တွေက ကယ်တင်ရှင်သူရဲကောင်း ရိုဂျာကို လှိုက်လှိုက်လှဲလှဲအားပေးခဲ့ကြပါတယ်။ အာရစ်ပ်တောင်မှ သူ့အသက်ကိုကယ်ခဲ့တဲ့ ကျေးဇူးရှင်ရဲ့ လက်ကို မြှောက်ကာ ချန်ပီယံဆိုပြီး ကြွေးကြော်ခဲ့ပါသေးတယ်။ ဒီဖြစ်ရပ်ဖြစ်ပွားအပြီးမှာတော့ လှိုင်းလေထန်တာရယ်၊ ရာသီဥတုဆိုးရွားတာတွေရယ်ကြောင့် နောက်ပြိုင်ပွဲတွေကို ရွေ့ဆိုင်းထားကြောင်း သိရပါတယ်။

READ
ချစ်သူကို အချိန်ကိုက် အမိုက်စားစပရိုက်လုပ်ပြီး ပရိုပို့စ်လုပ်ခဲ့တဲ့ အမျိုးသားရဲ့ အားထုတ်မှု
storypick

လင်းလင်း (ShweMom)

SHARE