မီးတောင်က ထွက်တဲ့ပြာတွေသုံးပြီး အုတ်ခဲတွေ ထုတ်ခဲတဲ့ ဖိလစ်ပိုင်နိုင်ငံ

Philstar Youtube-Filipinos turn volcano's ash, plastic trash into bricks

မီးတောင်တစ်ခု ပေါက်ကွဲတဲ့အချိန်မှာ အဲဒီမီးတောင်ကနေပြီးတော့ ပြာတွေ တန်ချိန်ပေါင်းများစွာဟာ မီးတောင်ဝကနေပြီးတော့ ထွက်လာလေ့ရှိပါတယ်။ အဲဒီအချိန် မီးတောင် အနီးနားတစ်ဝိုက်မှာရှိတဲ့ ပတ်ဝန်းကျင်ဟာ ပြာတွေဖွေးဖွေးလှုပ်အဖုံးခံရပါတယ်။ ဖိလစ်ပိုင်နိုင်ငံကတော့ အဲဒီပြာတွေကို အသုံးပြုပြီး တစ်နေ့ကို အုတ်ခဲ ၅၀၀၀ ကျော် ထုတ်လုပ်နေကြောင်း Bangkok Post သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Youtube-Filipinos turn volcano’s ash, plastic trash into bricks

လွန်ခဲ့တဲ့ ဇန်န၀ါရီလ(၁၂)ရက်နေ့က ဖိလစ်ပိုင်နိုင်ငံရှိ Taal မီးတောင်ပေါက်ကွဲတဲ့အကြောင်းကိုတော့ လူတော်တော်များများ သိကြမှာပါ။ Taal မီးတောင်ပေါက်ကွဲတဲ့အချိန် အနီးဆုံးမြို့ဖြစ်တဲ့ Binan မြို့ကတော့ မီးတောင်ပေါက်ကွဲတဲ့ဒဏ်ကို အခံရဆုံးပဲ ဖြစ်ပါတယ်။ Binan မြို့ဟာ ချော်ရည်စီးကြောင်း ဒဏ်ကို သိပ်မခံလိုက်ရပေမယ့် မီးတောင်ပေါက်ကွဲစဉ် လွင့်ထွက်လာတဲ့ ပြာတွေရဲ့ ဒဏ်ကိုတော့ အလူးအလဲ ခံခဲ့ရပါတယ်။ တစ်မြို့လုံးနီးပါဟာ ပြာအတိ ဖုံလွှမ်းခံခဲ့ရပါတယ်။

READ
အရှိန်မထိန်းနိုင်တဲ့ကားနဲ့ ကံကောင်းလွန်းလို့ အတိုက်မခံရတဲ့သူ
Youtube-Filipinos turn volcano’s ash, plastic trash into bricks

အခုအချိန်မှာတော့ ဖိလစ်ပိုင်အစိုးရဟာ အဲဒီမီးတောင်ပြာတွေကို အသုံးပြုပြီး အုတ်ခဲတွေကို ထုတ်လုပ်ခဲ့ပါတယ်။ ပြာတွေချည်းသာသုံးပြီး အုတ်ခဲထုတ်လုပ်တာတော့ မဟုတ်ပါဘူး။ မီးတောင်ပြာရယ်၊ သဲရယ်၊ ဘိလပ်မြေရယ်နဲ့ စွန့်ပစ် ပလပ်စတစ်ပစ္စည်းတွေကို အကုန်ပေါင်းစပ်ပြီး အုတ်ခဲတွေ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ စက်ရုံကနေပြီးတော့ တစ်နေ့အုတ်ခဲ ၅၀၀၀ ကို ပုံမှန်ထုတ်လုပ်နေပြီး ပြည်တွင်းဆောက်လုပ်ရေးပရောဂျက်တွေမှာ အသုံးပြုနေကြောင်း သိရှိရပါတယ်။

“ ပြာတွေက တစ်မြို့လုံးအနှံ့ပဲလေ။ ဘာမှအသုံးပြုလို့မရဘူးဆိုတာတော့ မရှိပါဘူး။ နောက်ဆုံးတော့ စွန့်ပစ်ထားတဲ့ ပလပ်စတစ်တွေနဲ့ ပေါင်းပြီး အုတ်ခဲတွေ ပြန်ထုတ်ဖို့ အစိုးရက အကြံပေးခဲ့ပါတယ်။ အခုဆိုရင်တော့ တော်တော်လေးအဆင်ပြေနေပြီလို့ ပြောရမှာပေါ့” လို့ Binan မြို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအရာရှိတစ်ဦးဖြစ်တဲ့ Rodelio Lee က ပြောကြားခဲ့ပါတယ်။

READ
လာမည့် စက်တင်ဘာ(၂၃)ရက်နေ့ ကမ္ဘာပျက်မည်ဟု အတိအကျ ဟောကိန်းထုတ်ခဲ့သူ

Pyi Hein Kyaw

SHARE