ပြင်သစ်ကနေစတင်ခဲ့တဲ့ ဆယ်ကျော်သက်တို့ရဲ့ “Fill The Bottle” Challenge လေး

@AmlTlh/Twitter

လူမှုကွန်ယက်ခေတ်မှာ Challenge တွေ တစ်နေ့နဲ့တစ်နေ့ မရိုးနိုင်အောင် ပေါ်ပေါက်လာတာ မထူးဆန်းတော့ပါဘူး။ ဒါပေမယ့် လက်တလော Twitter မှာ ခေတ်စားနေတဲ့ challenge လေးကတော့ စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် ကမ္ဘာမြေကြီးကို တစ်တပ်တစ်အား ကူညီကယ်ဆယ်ပေးဖို့အတွက် တစ်နေရာကနေ ပါဝင်ပေးနိုင်တာမလို့ ပရိတ်သတ်ကြီးတို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Challenge လေးက လွယ်ကူတယ်၊ ရိုးစင်းတယ်၊ အရှက်မဲ့စွာ ကခုန်တာမျိုးတွေ တစ်ပါးလူကို အနှောင့်အယှက်ဖြစ်စေတာမျိုးတွေ ပါဝင်ခြင်းလည်း မရှိပါဘူး။

Challenge နာမည်ကတော့ “Fill The Bottle” ဗူးခွံကို ဖြည့်ပါတဲ့။ ရေသန့်ဗူးခွံအဟောင်းထဲကို အမှိုက်ပုံးထဲ သေချာစန်စတကျ မစွန့်ပစ်ထားကြတဲ့ စီကရက်ဖင်ဆီခံတွေကို လိုက်ကာစုပြီး ရေသန့်တစ်ဗူးပြည့်အောင် လုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။ စီးကရက်သောက်ပြီးရင် မီးသတ်တယ်ဆိုပြီး လူတွေဟာ လွယ်လင့်တကူပဲ လမ်းမပေါ် ချနင်းကာ ပစ်ထားခဲ့တာမျိုး၊ လမ်းဘေးတစ်ရာမှာ စီကရက်ကို မီးသတ်ပြီးချေပစ်ခဲတာမျိုးတွေ အများကြီးရှိလို့နေပါတယ်။ စီးကရက်ဖင်ဆီခံလေးကလည်း သေးတော့ ဘယ်သူမှမမြင်လောက်ဘူး ထင်ကြတာကိုး။

READ
ဗိုက်ထဲရောက်နေတဲ့ပလတ်စတစ်တွေကြောင့် ကျင်ကြီးစွန့်ဖို့ခက်ခဲနေတဲ့လိပ်ပေါက်ကလေး
@AmlTlh/Twitter
@singularmcu/Twitter

ဒီလိုစနစ်တကျ စွန့်ပစ်ခြင်းမရှိတဲ့ စီးကရက်ခွံတွေဟာ ကျွန်တော်တို့ လမ်းလျှောက်နတေဲ့ လမ်းမတွေ၊ သစ်ပင် ပန်းပင်ပေါက်ရောက်နေတဲ့ မြေဆီလွှာကြားထဲမှာတွေ၊ ကမ်းခြေကသဲသောင်ပြင် စတဲ့နေရာမျိုးစုံမှာ ရှာတွေ့နိုင်ပါတယ်။ လူတွေတစ်ခု သတိမထားမိကြတာက အဲဒီ ဆေးလိပ်ဖင်ဆီခံတွေ လုံးဝဓာတ်ပြိုကွဲပျက်ဆီးသွားဖို့ ၁၈ လကျော်လောက် ကြာတာကိုပါပဲ။ သဘာဝပတ်ဝန်းကျင်အတွက် အဆိပ်အတောက်ဖြစ်နေစေတဲ့ ဆေးလိပ်ဖင်ဆီခံတွေကို “Fill The Bottle” challenge လေးနဲ့ စုစည်းလိုက်ကောက်ကာ သီးသန့်ပစ်ပေးခြင်းဖြင့် ကမ္ဘာကြီးကို ကယ်တင်ကြပါစို့လား။

@oriane_trlt/Twitter
@Jsn_Drk94/Twitter

Penny

SHARE