မစ္စတာဘင်းန် အဆုံးသတ်သွားပါပြီလို့ ဆိုလိုက်တဲ့ Rowan Atkinson

မစ္စတာဘင်းန် ဇာတ်ကောင်အနေနဲ့ လူသိများထင်ရှားခဲ့တဲ့ ဟာသသရုပ်ဆောင် Rowan Atkinson က ပရိသတ်တွေအနေနဲ့ မစ္စတာဘင်းန်ကို ထပ်တွေ့ရတော့မှာ မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။ အခုဆိုရင် မစ္စတာဘင်းန်ဇာတ်ကောင်ကို မမြင်ရတာ အတော်ကြာနေပြီဖြစ်တဲ့အပြင် သရုပ်ဆောင်ကိုယ်တိုင်က ထပ်မတွေ့ရတော့ဘူးလို့ ဆိုခဲ့တဲ့အတွက် တော်တော်လေး ၀မ်းနည်းစရာပါပဲ။

BBC က The Graham Norton ရှိုးအစီအစဉ်မှာ တွေ့ရတဲ့ အသက်(၆၃) နှစ်အရွယ် ရှိပြီဖြစ်တဲ့ Rowan Atkinson က “မစ္စတာဘင်းန်ဇာတ်ကောင်က ပြန်ပေါ်ချင်မှ ပေါ်တော့မှာပါ။ ကိုယ်စွမ်းနိုင်သလောက် အလုပ်လုပ်ပြီးတဲ့အခါ လုပ်စရာကုန်သွားတဲ့ အခြေအနေဆိုတာ ရောက်လာတတ်ပါတယ်။ ကြေကွဲစရာပါပဲ။ ဟုတ်တယ် မဟုတ်လား။”

Atkinson က “ဒါပေမယ့်လည်း ဘယ်တော့မှ ထပ်မပေါ်လာတော့ဘူးလို့လဲ အသေအချာပြောလို့မရပါဘူး။” ဆိုပြီး မျှော်လင့်ချက်လေးတော့ ပေးသွားခဲ့ပါသေးတယ်။ သူ့ကို လူတွေက အရမ်းရယ်ရတဲ့ ဟာသသရုပ်ဆောင်တစ်ယောက်အဖြစ် မြင်ကြပေမယ့် လက်တွေ့လုပ်ငန်းခွင်ထဲမှာတော့ သူက နောက်နောက်ပြောင်ပြောင် နေတတ်သူ မဟုတ်ဘူးလို့ Atkinson က ဆိုပါတယ်။

READ
ဖက်တီးမလေးဘ၀မှ (126)အထိ လျှော့ချနိုင်ခဲ့တဲ့လျှို့ဝှက်ချက်ကို ထုတ်ပြောခဲ့တဲ့မော်ဒယ်
Wikipedia

Blackadder ဗြိတိန်တီဗီ အခန်းဆက်အစီအစဉ်ထဲ သရုပ်ဆောင်တုန်းကလည်း Blackadder ရိုက်ကွင်းပြင်ပက သူလုပ်ခဲ့တဲ့ ရယ်စရာဟာသအမှားတွေကို ရှာဖွေခဲ့ပေမယ့် တစ်ခုမှမတွေ့တဲ့အထိ Atkinson ဟာ ခပ်တည်တည်ပဲ နေတတ်သူ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် အပြင်မှာ တည်တည်တံ့တံ့ နေတတ်ပေမယ့် ဇာတ်ကားထဲမှာတော့ မျက်နှာမြင်ရုံနဲ့တင် Atkinson က ရီစရာကောင်းနေခဲ့ပါတယ်။ သူဟာ (၁၉၉၀) ခုနှစ်ကနေ (၁၉၉၅) ခုနှစ်အတွင်း ပြသခဲ့တဲ့ Mr. Bean အပိုင်းဆက် ဇာတ်လမ်းတိုလေးတွေမှာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ နာမည်ကျော်ခဲ့ပါတယ်။

ဇာတ်လမ်းတိုလေးတွေ ရိုက်ကူးပြီးတဲ့နောက်မှာတော့ (၁၉၉၇) ခုနှစ်မှာ Bean: The Ultimate Disaster Movieနဲ့ (၁၀) နှစ်အကြာမှာတော့ Mr Bean’s Holiday ဆိုပြီး ဇာတ်ကားတွေ ထွက်ရှိခဲ့ပါတယ်။ မစ္စတာဘင်းန်ဇာတ်ကောင်နဲ့ ပတ်သက်လို့ ကာတွန်းကားပေါင်းများစွာလည်း ထွက်ရှိခဲ့ပါသေးတယ်။ Atkinson ရဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ ရုပ်ရှင်ကားကတော့ Johnny English Strikes Again ဖြစ်ပြီး အခုလတ်တလော ရုပ်ရှင်ရုံကြီးတွေမှာ ရုံတင်ထားဆဲဖြစ်ပါတယ်။

READ
ဆေးလွန်ပြီးသေအံ့ဆဲဆဲသမီးအပေါ်လျစ်လျူရှုခဲ့တဲ့ဆေးရုံကို ဒေါသထွက်ခဲ့တဲ့မိဘများ
IMDb

လင်းလင်း (ShweMom)

Ref: ladbible

SHARE