ကမ္ဘာ့ပထမဆုံး ထရီလီယံနဲ့ချီပြီး  အချမ်းသာဆုံး ကုမ္ပဏီဖြစ်လာတဲ့ Apple

Apple ဟာ Silicon Valley က စတိဗ်ဂျော့ နဲ့ စတိဗ်ဝေါ့ဇ်နက်ခ်တို့ရဲ့ တည်ထောင်မှုနဲ့ (၄၂)နှစ်တာ ကြာပြီးနောက်မှာ ထရီလီယံဒေါ်လာ(၁)သန်းတန်ဖိုးရှိတဲ့ ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့ပါပြီ။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က စတော့ရှယ်ယာအမြင့်ဆုံးရောက်ခဲ့တဲ့ Apple ရဲ့ အခြေအနေဟာ (၁၉၉၇)ခုနှစ်က အခြေအနေနဲ့ မနှိုင်းစာနိုင်အောင် ဖြစ်နေပါပြီ။

Dailymail

(၁၉၉၇) က Apple ကုမ္ပဏီဟာ ဒေ၀ါလီခံရလုနီးနီး အခြေအနေဖြစ်ခဲ့ပြီး ကုမ္ပဏီရဲ့ စတော့အရောင်းဝယ်တန်ဖိုးဟာ (၁)ဒေါ်လာအောက်ကို ရောက်တဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ကုမ္ပဏီပုံမှန်ပြန်လည်လည်ပတ်နိုင်ဖို့ Apple ဟာ စတိဗ်ဂျော့ကို ပြန်ခေါ်ခဲ့ရပြီး ပြိုင်ဖက်ကုမ္ပဏီဖြစ်တဲ့ မိုက်ကရိုဆော့ဖ်ဆီကနေ ဒေါ်လာသန်း(၁၅၀) ချေးပေးဖို့ အကူအညီတောင်းခဲ့ရပါတယ်။

Dailymail

စတိဗ်ဂျော့ဟာ နောက်ဆုံးမှာ နာမည်ကျော် iPod နဲ့ iPhone တွေကို မိတ်ဆက်ပေးနိုင်ခဲ့တာကြောင့် ကုမ္ပဏီရဲ့ အခြေအနေက သိသိသာသာကြီး တိုးတက်လာခဲ့ပါတယ်။ ယခုနှစ်မှာတော့ Apple ရှယ်ယာရာခိုင်နှုန်းဟာ (၂၂)ရာခိုင်နှုန်းကျော်အထိ တက်လာနေပြီးဖြစ်တယ်လို့ သိရပါတယ်။

READ
အိမ်ထဲက လေထုကို သန့်စင်ပေးမယ့် အပင်တစ်မျိုးကို သိပ္ပံပညာရှင်များ တီထွင်
Bio

(၁၉၇၆)ခုနှစ်ကတည်းက စတိဗ်ဂျော့ ပူးတွဲတည်ထောင်လာပြီး ကားဂိုထောင်လေးတစ်ခုကနေ အစပြုခဲ့တဲ့ Apple ဟာခန့်မှန်းထားတဲ့ အမြတ်အစွန်းတွေကိုတောင် ကျော်လွန်ပြီး ကုမ္ပဏီတန်ဖိုးတက်လာခဲ့တာပါ။ Apple က သူ့လျှောက်လှမ်းလာတဲ့ နည်းပညာလမ်းကြောင်းတစ်လျှောက်မှာ ဖောက်သည်တွေနဲ့ချိတ်ဆက်ပုံ၊ နေ့စဉ်လုပ်ဆောင်နေတဲ့ စီးပွားရေးလုပ်ငန်းအရပ်ရပ် ချိတ်ဆက်လည်ပတ်ပုံတွေကို တဆင့်ပြီးတဆင့် ပြောင်းလဲခဲ့တာဖြစ်ပါတယ်။

Fortune

(၂၀၁၁)ခုနှစ်မှာ စတိဂျော့သေဆုံးပြီးနောက်ပိုင်း အမှုဆောင်အရာရှိချုပ်တာဝန်ကို တင်မ်ကွတ်ခ်က ဆက်ခံခဲ့ပါတယ်။ တင်မ်ကွတ်ခ်ရဲ့ လက်ထက်မှာ ကုမ္ပဏီရဲ့ အမြတ်အစွန်းတွေက နှစ်ဆတိုးလာပေမယ့် iPhone ထွက်ရှိတုန်းက အကြီးအကျယ်ပေါက်သလိုမျိုး ကုန်ပစ္စည်းအသစ် ဖန်တီးနိုင်ဖို့ကိုတော့ ရုန်းကန်ကြိုးစားနေရဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့(၂၀၀၆)ခုနှစ် iPhone မထွက်ရှိခင်မှာ Apple ရဲ့အရောင်းပိုင်းဟာ ဘီလီယံဒေါ်လာ(၂၀) အောက်ရောက်ခဲ့ပြီး အမြတ်ငွေ ဘီလီယံ(၂)ဒေါ်လာလောက်သာရှိခဲ့ပါတယ်။ ဒါပေမယ့် (၂၀၁၇) ခုနှစ်မှာတော့ Apple ဟာ ရောင်းအား ဘီလီယံဒေါ်လာ(၂၂၉) နဲ့ အသားတင်အမြတ် ဘီလီလံဒေါ်လာ(၄၈.၄) အထိ ရှိလာခဲ့ပြီး အမေရိကန်ကုမ္ပဏီတွေထဲမှာ အမြတ်အစွန်းငွေအများဆုံး နည်းပညာကုမ္ပဏီတစ်ခုဖြစ်လာကြောင်း သိရပါတယ်။

READ
ယူအေအီးနဲ့အိန္ဒိယကို ဆက်သွယ်ပေးမယ့် ရေအောက်ကျည်ဆန်ရထားအကြောင်း

လင်းလင်း (ShweMom)

Ref: CNN, Dailymail

SHARE