V-day အမီ ချစ်သူရအောင် ဘယ်လိုလုပ်ရမလဲဆိုတော့

အချစ်ဆိုတဲ့အရာကို လူတိုင်း တစ်နေ့မဟုတ် တစ်နေ့ မလွဲမသွေ တွေ့ကြုံရမှာပါ..  ချစ်သူများနေ့အမီ မိမိကိုယ်ကို အစွံထုတ်မယ်ဆိုတဲ့ Single (or) FA လေးတွေ V-Day မှာ ချောကလက်ငတ်မစားလိုက်ရဘဲ တစ်ယောက်တည်းဖြတ်ကျော်နေရမှာစိုးတဲ့အတွက် ချစ်သူမြန်မြန်ရနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်တယ်နော်…

(၁) ပြီးပြည့်စုံတဲ့သူဆိုတာ မရှိဘူး။

သင်သိဖို့ထားစရာတစ်ခုက ဒီလောကကြီးမှာ အရာရာပြီးပြည့်စုံတဲ့လူဆိုတာမရှိပါဘူး…လူတိုင်းမှာ အားနည်းချက်ကိုယ်စီရှိတတ်ကြပါတယ်။ သင်က ဒီဘ၀မှာ အရာရာပြီးပြည့်စုံတဲ့လူမျိုးကို မျှော်လင့်နေတယ်ဆိုရင် ဒီတစ်သက် အချစ်စစ်နဲ့တွေ့ရဖို့ မလွယ်ကူပါဘူး။ ဥပမာ- ဒီလူက  ရုပ်မချောဘူး၊ အရပ်ပုတယ်၊ ဝက်ခြံတွေနဲ့ ၊ အသားမည်းတယ် တွေကအစ လိုက်ပြီး စိတ်တိုင်းမကျဖြစ်နေစရာ မလိုပါဘူး…အဓိကက သင့်ကိုချစ်နေတဲ့သူဟာ စိတ်ရင်းအမှန်နဲ့ ချစ်တဲ့သူဖြစ်ဖို့သာ တကယ်လိုအပ်ကြောင်း သိထားရမှာပါ။

(၂) သူများအားကိုးပြီး မချစ်မိပါစေနဲ့။

လူတစ်ယောက်ကိုချစ်မိပြီဆိုရင် အဲဒီလူကို မိမိကိုယ်တိုင် ချစ်ခွင့်ပန်ရမယ့်အစား သူများအားကိုးပြီး ချစ်ခွင့်ပန်မယ်ဆိုတဲ့အတွေးက တော်တော်မှားယွင်းတဲ့ အတွေးအခေါ်တစ်ခုပါ။ တကယ်လုပ်သင့်တာက သင့်ချစ်နေရတဲ့သူကို ကိုယ်တိုင်ချစ်ရေးဆိုသင့်တာပါ။ ဒါကြောင့်မို့ သူများအားကိုးပြီးချစ်ခွင့်ပန်မယ့်အစား ကိုယ့်အားကိုယ်ကိုးပြီး ချစ်သူဖြစ်ခွင့်ရအောင် ကြိုးစားသင့်ပါတယ်။ သင်က မြန်မာမိန်းကလေးတစ်ဦးဖြစ်နေလို့ ချစ်ခွင့်ပန်ရမှာ အဆင်မပြေဘူးဆိုရင်လည်း ရေလာကောင်းအောင် မြောင်းတူးပေးဖို့လိုပါတယ်။

READ
လမ်းခွဲချင်လာပြီဆိုရင် ယောက်ျားတွေ လုပ်တတ်တဲ့ အပြုအမူများ

(၃) လူချစ်လူခင်ပေါများအောင်နေပါ။

တစ်ခါတလေမှာ သင်ချစ်နေရတဲ့ ချစ်သူက သင်အနားကိုကပ်ဖို့အတွက် ကြောက်နေတတ်တဲ့ အချိန်မျိုးရှိနေတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးရောက်နေပြီဆိုရင် သင်ဟာ ခင်မင်စရာအရမ်းကောင်းတဲ့လူတစ်ယောက်ဆိုတာ သူသိအောင်  ပြုံးပြုံးလေးနေတာ၊ စကားကို ချိုချိုသာသာ ယဉ်ယဉ်ကျေးကျေးလေးပြောတာ၊ ရွှင်ရွှင်ပျပျလေးနေတာမျိုးတွေလုပ်ပြီး လူတွေနဲ့အဆင်ပြေအောင် ပေါင်းသင်းပြလိုက်ပါ။ ဒါဆိုရင် သင်ဟာ ခင်မင်စရာအရမ်းကောင်းတယ်လို့ မြင်ပြီး သင့်ကို ချဉ်းကပ်ဖို့ကြိုးစားလာမှာဖြစ်ပါတယ်။

(၄) စိတ်အရမ်းမလှုပ်ရှားမိပါစေနဲ့။

တစ်ခါတလေ စိတ်လှုပ်ရှားပြီး လူတိုင်းလုပ်မိတဲ့ အမှားလေးတွေရှိတတ်ပါတယ်။ ဥပမာ-ကိုယ်သဘောကျတဲ့ ကောင်လေးရှေ့မှာပဲဖြစ်ဖြစ်၊ ကောင်မလေးရှေ့ပဲဖြစ်ဖြစ် ရောက်သွားတဲ့အခါ စိတ်လှုပ်ရှားပြီး တလွဲတွေလျောက်လုပ်တတ်ပါတယ်။ဒါကြောင့် သင်သတိထားရမှာက စိတ်လှုပ်ရှားပြီး မာက်ကြွမြောက်ကြွပုံစံ မလုပ်မိဖို့ရယ်၊ နှုတ်ကြမ်းအာကြမ်း နဲ့ လက်ပါတတ်တဲ့ပုံစံမျိုးမလုပ်မိဖို့ရယ်၊ စပ်စလူးထတဲ့ပုံစံမလုပ်မိဖို့ သတိထားပြီး ရင်ခုန်နှုန်းကို အတတ်နိုင်ဆုံးထိန်းပြီး သာမန်အတိုင်း ပြုမှုဆက်ဆံပေးလိုက်ပါ။

ကဲ ဒီလောက်ဆိုရင် သင်ဆင်ခြင်ရမယ့် အချက်တွေကို သိလောက်ပါပြီနော်…အခုနည်းလမ်းလေးတွေအသုံးပြုပြီး V-day အမီအချစ်စစ်၊ အချစ်မှန်နဲ့တွေ့နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

READ
ချိန်းတွေ့ချိန်မှာ ကောင်မလေးတွေပြောချင်တဲ့အကြောင်းအရာများ

 

SHARE