စုတ်တံလုံးဝမသုံးဘဲ မိနစ်ပိုင်းအတွင်း လက်ရာမြောက်ပန်းချီတွေ ဖန်တီးပြသွားတဲ့အမျိုးသား

ပန်းချီပညာကို ရှုပ်ထွေးတယ်လို့ ထင်ထားရင် ဒီလူကို ကြည့်ပြီး ပိုလို့တောင် နက်နဲတယ် ထင်သွားနိုင်ပါတယ်။ လူတော်တော်များများက အကြောင်းပြချက်မျိုးစုံနဲ့ ပန်းချီပညာကို လေ့လာလိုက်စားဖို့ လက်လျှော့ခဲ့ကြပေမယ့် ဘရာဇီးနိုင်ငံ တစ်နေရာမှာလို့ ယူဆရတဲ့ ဒီ street painter ကတော့ ပန်းချီကားတစ်ချပ်ဖြစ်လာဖို့ ဘာရဲ့ အတားအဆီးမှ မခံခဲ့ပါဘူး။ ပုံဆွဲစုတ်တံတောင် မလိုဘဲ ပန်းချီကို ဆွဲပြသွားခဲ့ပါတယ်။

Tugay Varol

ဟုတ်ပါတယ်။ နွမ်းပါးလှတဲ့ ဒီပန်းချီဆရာဟာ ပန်းချီဆွဲဖို့ စုတ်တံတောင် မရှိဘဲ ပိုအံ့သြစရာကောင်းတာကတော့ လုံးဝကို မင်သက်လောက်စရာ လက်ရာမြောက် ပန်းချီကားတစ်ချပ်ကို သူ့ရဲ့ လက်ဖဝါးတွေ၊ လက်ချောင်းတွေနဲ့ပဲ ရေးဆွဲဖန်တီးသွားခဲ့တာပါ။ သူ့ရဲ့ စကေးကြမ်းပုံကို သင်လည်း တော်တော်သဘောကျသွားမှာပါ။

Tugay Varol

ဗီဒီယိုထဲမှာ တွေ့ရမှာကတော့ အရင်ဆုံးသူဟာ ကင်းဗတ်စပေါ်မှာ ဆေးတွေ ထည့်ပြီး လက်နဲ့ ပွတ်ချလိုက်ပါတယ်။ ဘာမှ မဟုတ်သေးသလိုပါပဲ။ ထို့နောက်မှာတော့ တစ်ဆင့်ချင်းစီ ပန်းချီကားထဲမှာ ပါစေချင်တဲ့အရာတွေကို ရုပ်လုံးပေါ်လာအောင် လက်နဲ့ပဲ ပွတ်တိုက်ရေးဆွဲနေခဲ့ပြီး နောက်ဆုံးရလာတဲ့ ရလဒ်ကတော့…… ရလဒ်ကို သိရဖို့ အောက်က ဗီဒီယိုလေး ကြည့်လိုက်နော်..။

READ
ဂီတာကို ခြေထောက်နဲ့ ကျွမ်းကျင်စွာ တီးခတ်ပြသွားတဲ့ မွေးရာပါ လက်မပါသူ အမျိုးသား

Ref: Elite Readers, Youtube

SHARE