နွေရာသီအပန်းဖြေခရီးထွက်ဖို့အတွက် စရိတ်ငြိမ်းဖိတ်ခေါ်နေတဲ့ Finland နိုင်ငံ

shutterstock

ခရီးသွား industry တိုးတက်လာဖို့အတွက် Finland နိုင်ငံကတော့ ခရီးသွားတွေကို စရိတ်ငြိမ်းခေါ်ယူနေပါပြီ။ ဒီ project ဟာဆိုရင်တော့ ယခုနွေရာသီအတွက် အပန်းဖြေခရီးလို့လည်း ဆိုနိုင်ပါတယ်။ ဘယ်သူမဆိုဝင်ရောက်ပါဝင်နိုင်မှာဖြစ်တဲ့အတွက် ဘယ်လိုမျိုးဝန်ဆောင်မှုတွေပေးမလဲ၊ ဘာတွေလိုအပ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါနော်။

Project ရဲ့ နာမည်ကတော့ “Rent A Finn” လို့ အမည်ရပါတယ်။ Finland နိုင်ငံရဲ့နေရာအသီးသီးမှာရှိတဲ့ မြို့လေးတွေဆီက နွေဥတုအတွင်းအသာယာဆုံးနေရာလေးတွေနဲ့ ရိုးရာဓလေ့တွေ၊ မြို့ရဲ့နောက်ကြောင်းတွေကို သိခွင့်ရရှိမှာပဲဖြစ်ပါတယ်။ ဒီအတွက် လမ်းညွှန်ပေးမယ့် မြို့အသီးသီးက Finland နိုင်ငံသား တွေကိုလည်း ရွေးချယ်ထားပြီးပါပြီ။

ဒီအစီအစဉ်မှာပါဝင်ပြီး စရိတ်ငြိမ်းသွားလည်လိုသူတွေအတွက်ကတော့ အရင်ဆုံး ကိုယ်ဘယ်လမ်းညွှန်နဲ့ လည်ချင်လဲဆိုတာကို အရင်ဆုံးစဉ်းစားရမှာပဲဖြစ်ပါတယ်။ ဧည့်လမ်းညွှန်တွေထဲ လူငယ်တွေကစလို့ မြို့တော်ဝန်အထိအသီးသီးပါရှိတဲ့အတွက် ခရီးစဉ်အစီအစဉ်တွေဟာ ဧည့်လမ်းညွှန်တစ်ဦးချင်းစီ အပေါ်လိုက်ပါပြောင်းလဲသွားမှာဖြစ်ပါတယ်။ ဧည့်လမ်းညွှန် ၈ ဖွဲ့ထဲကမှ နမူနာအနေနဲ့ ၂ ဖွဲ့ကို ဖော်ပြပေးသွားမှာပါ။

READ
ထောင်ကျနိုင်တာသိရက်နဲ့ ဝက်ဝံလေးကို ရအောင်ကယ်ဆယ်ခဲ့သူ
Rent a Finn
Rent a Finn

ပထမတစ်ယောက်ကတော့ Esko လို့ခေါ်ပါတယ်။ ဒီပုဂ္ဂိုလ်ကတော့ Rovaniemi ဆိုတဲ့ မြို့မှာ မြို့တော်ဝန်အဖြစ် ဆောင်ရွက်နေသူတစ်ဦးပါ။ သူကတေ့ ဧည့်သည်တွေကို သူအနားယူလေ့ရှိတဲ့ ခြံကြီးထဲက အပန်းဖြေအိမ်လေးမှာ တည်းခိုင်းမှာဖြစ်ပြီး ဘယ်ရီသီးတွေခူးမယ်၊ အကင်တွေကင်စားရင်း အနီးမှာရှိတဲ့ရေကန်ထဲ လှေစီးထွက်ကြမယ်၊ mölkky လို့ခေါ်တဲ့ ရိုးရာကစားနည်းကစားရင်း သဘာဝကြီးကို ခံစားစေမှာပါ။

နောက်ထပ်ဖော်ပြပေးချင်တဲ့အဖွဲ့ကတော့ Linda နဲ့ Niko တို့အဖွဲ့ပါ။ သူတို့ကတော့ Utö က စုံတွဲကတော့ သူတို့ခွေးလေးနဲ့အတူ ဧည့်သည်တွေနဲ့ camping လုပ်မယ်၊ ရွက်လွှင့်မယ်၊ ကျွန်းပေါ်ကအလှအပတွေနဲ့ အစားအစာတွေကို မြည်းစမ်းဖို့အတွက် လမ်းညွှန်ခေါ်ဆောင်ပေးသွားမှာပါ။

အပေါ်မှာဖော်ပြခဲ့သလိုမျိုးပဲ မတူညီတဲ့မြို့တွေနဲ့ မတူညီတဲ့ လမ်းညွှန်တွေကြောင့်မို့လို့ သင်ရွေးချယ်လိုက်တဲ့ လမ်းညွှန်ပေါ်မူတည်ပြီး ခရီးစဉ်တွေ ကွဲပြားသွားမှာဖြစ်ပါတယ်။

သင်သာဒီအစီအစဉ်မှာ ပါဝင်ချင်တယ်ဆိုရင်တော့ သုံးမိနစ်စာဗီဒီယိုလေးနဲ့ ကိုယ့်ကိုယ်ကို မိတ်ဆက်ပြီး သဘာဝကြီးကို ဘာလို့ ချစ်မြတ်နိုးရတာလဲဆိုတဲ့ အကြောင်းရယ်၊ ဘာလို့ Finland ကို သွားလည်ချင်ရတာလဲဆိုတာရယ်ကို ထည့်သွင်းရိုက်ကူးပြီး website မှာ လိုအပ်တဲ့ form ဖြည့်ကာ အရွေးခံရဖို့အတွက် ဝင်ပြိုင်နိုင်ပါတယ်။ Website ကတော့ https://rentafinn.com/en//#guides ပါ။ သိထားရမှာတစ်ခုက ခရီးစဉ်တစ်လျှောက်ကိုတော့ မှတ်တမ်းတင်ဖို့အတွက် ဗီဒီယိုရိုက်ကူးခံရမှာပါ။ သင့်နိုင်ငံကနေပြီး Finland ကိုလာခဲ့တဲ့ ခရီးစရိတ်တစ်လျှောက်လုံး အသွားရောအပြန်အတွက်ပါ ပိုက်ဆံပြန်ရမှာဖြစ်တဲ့အတွက် စရိတ်ငြိမ်းခရီးစဉ်လေးကို သွားဖို့ဘယ်လိုသဘောရပါသလဲ။

READ
Endgame ကိုကြည့်ရင်း အိပ်ပျော်သွားသူ ရုပ်ရှင်ရုံထဲမှာ ပိတ်မိကျန်နေခဲ့တဲ့အဖြစ်

Source: Rent A Finn, Unilad, Lad Bible

Penny

 

 

SHARE