(၁၆)နှစ်ကျော်တွဲလာတဲ့ ချစ်သူနဲ့ လက်ထပ်လိုက်ပြီဖြစ်တဲ့ Finland အမျိုးသမီးဝန်ကြီးချုပ်

[email protected] sannamarin

ကမ္ဘာ့အသက်အငယ်ဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်တဲ့ Finland နိုင်ငံရဲ့ ဝန်ကြီးချုပ် Sanna Marin ကိုတော့ တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ ၂၀၁၉ ဒီဇင်ဘာလမှာ Finland နိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ Sanna ဟာ ချောမောလှပတဲ့ ရုပ်ရည်နဲ့ လုပ်ရည်ကိုင်ရည်ရှိတာကြောင့် ဝန်ကြီးချုပ်တွေထဲမှာမှ လူသိအများဆုံး ဝန်ကြီးချုပ်ဖြစ်သလို COVID 19 ကာလမှာလည်း သူ့ရဲ့ စီမံချက်တွေကြောင့် Finland နိုင်ငံဟာ COVID 19 ဒဏ်ကို သိပ်မခံခဲ့ရပါဘူး။ အခုလည်း ပြီးခဲ့တဲ့ စနေနေ့(၁.၈.၂၀၂၀)တုန်းက Sanna ဟာ ၁၆ နှစ်ကျော်တွဲလာခဲ့တဲ့ သူမရဲ့ ချစ်သူနဲ့ တရားဝင်လပ်ထပ်ခဲ့ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

https://www.instagram.com/p/CCojhleBumk/

အသက် ၃၄ နှစ်ရှိပြီဖြစ်တဲ့ Sanna ဟာ သူမရဲ့ ၁၆ နှစ်ကြာလက်တွဲခဲ့တဲ့ Finland ဘောလုံးသမားဖြစ်သူ Markus Raikkonen နဲ့ လက်ထပ်ခဲ့ပြီး အဆိုပါလက်ထပ်ပွဲကိုတော့ ဝန်ကြီးချုပ် အခြေစိုက်ရုံးဖြစ်တဲ့ Kesäranta အရပ်မှာပဲ ကျင်းပခဲ့ပါတယ်။ အဆိုပါ မင်္ဂလာပွဲကိုတော့ နှစ်ဖက်မိသားစုဝင်တွေ အပါအဝင် အရင်းနှီးဆုံး သူငယ်ချင်းအချို့နဲ့သာ ကျင်းပခဲ့ကြပါတယ်။ ဒါ့အပြင် သူမတို့နှစ်ယောက်ရဲ့ အသက် ၂ နှစ်ခွဲအရွယ်ရှိ သမီးလေး Emma Amalia Marin ကိုပါ မိတ်ဆက်ပေးခဲ့ပါတယ်။

“မင်္ဂလာပွဲကတော့ အကျဉ်းချုံးပြီးပဲ ကျင်းပခဲ့တာပါ။ ကျွန်မနဲ့ Markus ဟာ တွဲနေခဲ့တာ ၁၆ နှစ်ကျော် ကြာပါပြီ။ အဲဒီ ၁၆ နှစ်အတွင်းမှာလည်း ကျွန်မတို့အနေနဲ့ ညှိယူခဲ့ရတာတွေ၊ အဆင်မပြေတာတွေ အများကြီးပါပဲ။ ဒါပေမယ့်လည်း ကျွန်မတို့နှစ်ယောက် ကြံ့ကြံ့ခံရင်ဆိုင်နိုင်ခဲ့ပါတယ်။ နောက်ဆုံးတော့ ဒီလိုမျိုးလေး အဆုံးသတ်ခဲ့ရတာ အင်မတန်ကို လှပပါတယ်။ ကျွန်မလည်း တော်တော်ပျော်ရသလို Markus လည်း တော်တော်ပျော်ရှာပါတယ်”လို့ Sanna က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE