ဘန်ကောက်မြို့က Chatuchak ဈေးကြီး မီးလောင်မှုကြောင့် ဆိုင်ခန်း(၁၂၀) ကျော်ပျက်စီး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ကမ္ဘာကျော် Chatuchak  ဈေးကြီး  ဇွန်လ (၂)ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ပါ တယ်။မီးလောင်မှုဟာ ဂိတ်နံပါတ် (၁)မှာရှိတဲ့ ဆိုင်တစ် ဆိုင် ကနေ အစပြုတာလို့ ဘန်ကောက်မီးသတ်ဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ  သိ၇ပါတယ်။ ဒေသစံတော်ချိန် ည(၉)နာရီခွဲ လောက်မှာ မီးစတင်လောင်ကျွမ်း ခဲ့ပြီး ည (၁၀) နာရီ (၈) မိနစ်လောက်မှာတော့ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။မီးလောင်မှု ဖြစ်ပွားရာနေရာသို့  ဘန်ကောက်မြို့ အစိုးရ အာဏာပိုင်တွေနဲ့ အရာရှိတွေ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပါတယ်။ဆိုင်ခန်းပေါင်း (၁၂၀) လောက် ပျက်စီး ခဲ့ရတယ်လို့လည်း asiaone မှာဖော်ပြထားပါတယ်။

Photo: @I_Knew / Twitter
photo -JS 100 radio(fb)

မီးလောင်မှုကြောင့် လူ(၂)ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ channelnewsasia သတင်းတစ်ပုဒ်မှာတော့ ဖော်ပြ ထား ပါတယ်။မီးလောင်မှုဖြစ်ရတဲ့ အကြောင်းအရင်းကတော့ လျှပ်စစ်ကြောင့် ဖြစ်တယ်လို့ ယူဆရကြောင်း သတင်းတစ်ပုဒ် မှာ ဖြော်ပထားပါတယ်။ Chatuchak ကတော့ JJ Market လို့ လူသိများပါတယ်။ထိုင်းနိုင်ငံရဲ့ အကြီးဆုံး ဈေးကြီြး ဖစ်သလို ကမ္ဘာ့လှည့်ခရိးသွားတွေကို ဆွဲဆောင်တဲ့ အဓိက နေရာကြီးဆိုလည်း မမှားပါဘူး။

ဆိုင်ခန်း ပေါင်း (၁၅၀၀၀) လောက်ရှိကာ အပတ်စဉ် လာရောက်သူ ပေါင်း (၂)သိန်းလောက်ရှိတယ်လို့ ဈေးတာဝန်ခံတွေက ပြောပါ တယ်။ ဈေးမှာတော့ စာအုပ်၊အ၀တ်အထည်၊အိမ်နဲ့ပတ်သက်တဲ့ အသုံးအဆောင်ပစ္စည်းတွေ၊အစားအစာ၊အလှကုန်ပစ္စည်း ၊သစ်ပင်ပန်းမာန်…အစရှိတာတွေကို ရောင်းချနေတဲ့ ဈေးကြီးပါ။

Ref;.asiaone/coconuts/.channelnewsasia

SHARE