ဇိမ်ခံသဘောင်္ာကြီးပေါ်မှာ အနားယူနိုင်တော့မယ့် သြစတြေးလျ မီးသတ်သမားများ

[email protected]akovol, royalcruiseblog

မကြာသေးခင်တုန်းက အကြီးအကျယ်မီးလောင်ခဲ့တဲ့ သြစတြေးလျ တော်မီးလောင်မှုကိုတော့ တော်တော်များများ မှတ်မိကြဦးမယ် ထင်ပါတယ်။ အခုအချိန်မှာတော့ အဆိုပါတောမီးလောင်မှုကို ထိန်းနိုင်ခဲ့ပြီဖြစ်ပြီး နေရာတစ်ချို့မှာသာ မီးအနည်းငယ်လောင်ကျွမ်းနေတော့ကြောင်း သိရပါတယ်။ အဆိုပါမီးလောင်မှုမှာ နေ့မအိပ်ညမနားပဲ မီးငြိမ်းသတ်ပေးခဲ့တဲ့ မီးသတ်သမားတွေကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့အကောင်းဆုံးဇိမ်ခံသင်္ဘောကြီးတွေထဲက တစ်စီးမှာ အားလပ်ရက် ရက်ရှည်ပေးကာ အနားယူခိုင်းမှာဖြစ်ကြောင်း Lad Bible သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected]

မီးသတ်သမားတွေ အနားယူလို့ရမယ့် ဇိမ်ခံသင်္ဘောကြီးကတော့ Royal Caribbean သင်္ဘောလိုင်းမှ The Spectrum Of The Seas အမည်ရ သင်္ဘောကြီးပဲ ဖြစ်ပါတယ်။ အဆိုပါ သင်္ဘောကြီးဟာ ကမ္ဘာ့အကောင်းဆုံး သင်္ဘောကြီးတွေထဲကမှ ၁၀ စီးမြောက် ဇိမ်ခံသင်္ဘောကြီးတစ်စင်းပဲ ဖြစ်ပါတယ်။ အလျား ၃၄၇ မီတာ၊ အနံ ၉၁ မီတာ ရှိတဲ့ ဒီသင်္ဘောကြီးမှာဆိုရင်တော့ သင်္ဘောကုန်းပတ် ၁၈ခုနဲ့ စားသောက်ဆိုင်ပေါင်း အခု ၂၀ ပါဝင်ကြောင်း သိရှိရပါတယ်။ မီးသတ်သမားတွေ ရက်ရှည်လာရောက်အနားယူမယ်ဆိုရင်တော့ အနည်းဆုံး အဖော်တစ်ယောက်သာ သင်္ဘောပေါ်ကို ခေါ်ဆောင်လာနိုင်ကြောင်း သိရပါတယ်။

READ
ဘရားဇီးသမ္မတကြီးရဲ့ ရယ်မောဖွယ်ရာ ကမ္ဘာကျော်အမှားတစ်ခု ထပ်မံပေါ်ထွက်လာပြန်
[email protected]

“ မီးသတ်သမားတွေက ဒီသင်္ဘောကြီးပေါ်မှာ လာရောက်အနားယူဖို့ ထိုက်တန်ပါတယ်။ သူတို့ခမျာ နေ့ညမနားပဲ ဒီမီးပဲ ငြိမ်းခဲ့ရတာ။ သူတို့ အရမ်းပင်ပန်းနေပါပြီ။ တကယ် ကောင်းကောင်းအနားယူဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့်လည်း ကျွန်တော် ဒီအစီအစဉ်ကို အကောင်ထည်ဖော်ခဲ့တာပါ” လို့ Royal Caribbean မှ CEO ဖြစ်သူ Micheal Bayley က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE