မီးဘေးသင့် တိရိစ္ဆာန်လေးများကို အစွမ်းကုန်ကယ်ဆယ်ခဲ့ကြတဲ့ မီးသတ်သမားများ

တရုတ်နိုင်ငံက အိမ်မွေးတိရိစ္ဆာန် အရောင်းဆိုင်တစ်ဆိုင်မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အကောင် (၂၀)ကျော်သော ကြောင်လေးတွေနဲ့ ခွေးလေးတွေ မီးဘေးသင့်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖြစ်ပွားခဲ့တာဖြစ်ပြီး တည်နေရာကတော့ Anhui ပြည်နယ်မှာ ဖြစ်ပါတယ်။

Anhui Fire-Service

ဗီဒီယိုထဲမှာ တွေ့ရတာကတော့ မီးသတ်ကယ်ဆယ်ရေးသမားတွေဟာ ဆိုင်ထဲမှာ လှောင်အိမ်နဲ့ ပိတ်မိနေကြတဲ့ ကြောင်လေးတွေ ခွေးလေးတွေကို အပြင်သယ်ထုတ်နေကြပြီး “တိရိစ္ဆာန်လေးတွေကို အပြင်အရင်ထုတ်ကြ၊ ပြီးရင် မီးသတ်ပိုက် ပြင်ကြ” လို့ မီးသတ်သမားတစ်ဦးက အော်နေသံကိုလည်း ကြားရပါတယ်။ မီးခိုးငွေ့တွေနဲ့ အောက်ဆီဂျင်ပြတ်တောက်သွားကာ မေ့နေခဲ့တဲ့ ခွေးလေးတစ်ကောင်ကိုဆိုရင် မီးသတ်သမားက အရေးပေါ်အသက်ကယ်နည်းနဲ့ ရင်ဘတ်ကို ဖိပြီး ကယ်ဆယ်နေခဲ့တာကိုလည်း တွေ့ရပါတယ်။

Anhui Fire-Service

ကံကောင်းစွာနဲ့ပဲ အရေးပေါ်နည်းနဲ့ အသက်ကယ်ခဲ့ရတဲ့ ခွေးလေးကိုလည်း အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ကယ်ဆယ်ရေးသမား သူရဲကောင်းတွေကတော့ တိရိစ္ဆာန်လေးတွေကို ကယ်ဆယ်ခဲ့ကြပြီးနောက်မှာ ထွေးပွေ့ထားခဲ့ကြပါတယ်။ မီးလောင်မှုကြောင့် ကယ်ဆယ်ရေးတွေကို မနက် (၆)နာရီမှာ စတင်အကြောင်းကြားခဲ့ကြတာဖြစ်ပြီး ဗီဒီယိုကိုတော့ Anhui မီးသတ်ဌာနမှ ပြန်လည်မျှဝေထားရာ ကြည့်ရှုနှုန်းလည်း (၇)သန်းကျော်သွားပြီဖြစ်ကြောင်း သိရပါတယ်။

READ
Plus Sizeမော်ဒယ်၏ဓာတ်ပုံများကိုကြော်ငြာတွင်မသုံးဖို့ Facebookမှတားမြစ်ခဲ့

White (Shwemom)

Ref: Metro

SHARE