နှင်းမြုပ်ပြီးပိတ်မိနေတဲ့အိမ်ထဲက အမျိုးသမီးကို ဝိုင်းဝန်းကယ်ဆယ်ခဲ့ရ

(၆) ပေအမြင့်ရှိ နှင်းထုကြီးနဲ့ဖုံးပြီး ပိတ်မိနေတဲ့ အိမ်တစ်အိမ်ရှိ အမျိုးသမီးတစ်ဦးကို သွားရောက်ခဲ့ကယ်ဆယ်ခဲ့ရကြောင်း အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့က မီးသတ်ကယ်ဆယ်ရေးဌာနတစ်ခုရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

ကြီးမားတဲ့ နှင်းထုကြီးနဲ့ အမျိုးသမီးရဲ့ အိမ်ကို ပိတ်ဆို့မှုဖြစ်ပွားပြီး ကယ်ဆယ်ရေးမီးသတ်သမားတွေက ၄င်းအမျိုးသမီးကို အိမ်ထဲက ထွက်နိုင်အောင် နှင်းများကို တူးဖော်ဖယ်ရှားပြီး ကယ်ဆယ်နေတဲ့ ပုံရိပ်တွေကို Lorraine လုပ်အားပေး မီးသတ်ကုမ္ပဏီက Facebook ပေါ်မှာ တင်ခဲ့ပါတယ်။

Lorraine နဲ့ Worth မြို့ဒေသခံတစ်ဦးရဲ့ အိမ်ကို (၆) ပေခန့်နှင်းထုကြောင့် ပိတ်မိနေခဲ့ကြောင်း  အခြားဒေသခံတွေကို အသိပေးပြီး ၄င်းတို့ရဲ့ အိမ်နီးချင်းများထဲမှာလည်း နှင်းခဲပြီး ဖုံးနေတဲ့ အဖြစ်မျိုး ရှိ၊ မရှိ မီးသတ်ကယ်ဆယ်ရေးကုမ္ပဏီက သေချာစွာ စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

White (Shwemom)

READ
ကလေးကစားကွင်းထဲ လေယာဉ်ပေါ်ကနေ ဆီတွေသွန်ချလို့ လူ(၅၀)လောက် ဒုက္ခရောက်ခဲ့ရ

Source: UPI

SHARE