ယောက္ခမလောင်းအိမ် မီးလောင်တော့မှာမို့လို ခရီးကြမ်းနှင်ပြီး မီးသတ်ပေးခဲ့တဲ့ အမျိုးသား

Youtube-After 60-hour shift, firefighter travels across Bay Area to save home of girlfriend's family

လက်ရှိ ၂၀၂၀ ခုနှစ်ဟာ ကမ္ဘာကြီးအတွက် တော်တော်လေးကို ကံဆိုးစေတဲ့ ခုနှစ်တစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ အခုဆိုရင် ကမ္ဘာ့အနှံ့မှာ COVID 19 ကြောင့် လူတွေ သေကြေပျက်ဆီးရတဲ့အပြင် သဘဝဘေးအန္တရာယ်တေံဖြစ်တဲ့ တောမီးလောင်တာတို့၊ ရေကြီးတာတို့၊ မုန်တိုင်းတေါကြောင့်လည်း လူတော်တော်များများ အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရပါတယ်။ အခုဆိုလည်း ကယ်လီဖိုးနီးယားမီးလောင်မှုမှာ နာရီ ၆၀ ကျော်ကြာတောက်လျှောက် မီးငြိမ်းသတ်နေရတဲ့ မီးသတ်သမားတစ်ယောက်ဟာ ပင်ပန်းလွန်းလို့ ခဏနားဖို့ လုပ်နေတုန်းအချိန်မှာ သူ့ချစ်သူရဲ့ မိဘတွေအိမ်ကို တောမီးကူးစက်တော့မယ်ဆိုတဲ့ သတင်းကြားကြားချင်း မနားပဲ တန်းသွားခဲ့ရကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Youtube-After 60-hour shift, firefighter travels across Bay Area to save home of girlfriend’s family

အဆိုပါ မီးသတ်သမားကတော့ အမေရိကန်နိုင်ငံ၊ California ပြည်နယ်၊ San Jose မြို့ရှိ Grant Newnom လို့ အမည်ရတဲ့ မီးသတ်သမားပဲ ဖြစ်ပါတယ်။ Grant ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့(၂၇.၉.၂၀၂၀)တုန်းက San Jose မြို့အပြင်ဖက်ရှိ တောမီးကို သူ့ရဲ့ မီးသတ်တပ်ဖွဲ့နဲ့ အတူတူ မီးငြိမ်းသတ်နေခဲ့ကြပါတယ်။ နာရီ ၆၀ ကျော်ကြာအောင် တောက်လျှောက်မီးငြိမ်းသတ်ပြီးတဲ့ နောက်မှာတော့ အရမ်းကို ပင်ပန်းခဲ့ရလို့ San Jose မီးသတ်စခန်းထဲ သွားပြန်နားဖို့ စဉ်းစားနေတုန်းမှာ သူ့ရဲ့ချစ်သူ Elise Jones ဟာ Grant ဆီကို ဖုန်းဆက်လာခဲ့ပြီး Santa Rosa မြို့မှာရှိတဲ့ သူမရဲ့ မိဘနေအိမ်ဟာ တောမီးကူးစက်ခံရတော့မှာဖြစ်တာကြောင့် အကူအညီလှမ်းတောင်းခဲ့ပါတယ်။ ဒီလိုနဲ့ Grant တစ်ယောက်ဟာ မနားပဲ တစ်ယောက်တည်း ၁ နာရီခွဲကျော်ကြာတဲ့ လမ်းကို မောင်းပြီး သူ့ချစ်သူရဲ့ မိဘအိမ်ကို ခရီးနှင်ခဲ့ရှာပါတယ်။

READ
လမ်းမပြင်ပေးလို့ဆိုပြီး မြို့တော်ဝန်ကို ထရပ်ကားနဲ့လမ်းတရွတ်တိုက်ဆွဲခဲ့တဲ့ ရွာသားများ

“ကျွန်တော် Santa Rosa မြို့ရောက်တဲ့အချိန်မှာတော့ အိမ်တော်တော်များများကို တောမီးက ကူးစက်လောင်ကျွမ်းနေပြီးပါပြီ။ အဲဒီမြို့မှာရှိတဲ့ မီးသတ်တပ်ဖွဲ့ကလည်း တစ်ခြားမြို့မှာ အကူအညီလိုနေလို့ တောမီးသွားငြိမ်းသတ်နေရပါတယ်။ ကံကောင်းချင်တော့ Elise ရဲ့ မိဘနေအိမ်နဲ့ အိမ်တစ်ချို့က မီးမလောင်သေးပါဘူး။ ကျွန်တော်လည်း အဲဒီအိမ်တွေကို မီးမကူးအောင်လို့ မီးတားနေတဲ့အချိန်မှာ Santa Rosa မြို့ရဲ့ မီးသတ်တပ်ဖွဲ့ ပြန်ရောက်လာခဲ့ပါတယ်”လို့ Grant က ပြောကြားခဲ့ပါတယ်။

Youtube-After 60-hour shift, firefighter travels across Bay Area to save home of girlfriend’s family

Pyi Hein Kyaw

SHARE