ထိုင်းနှစ်ဦးအကြိုပါတီမှာ ပရိသတ်အပေါ်ကျရောက်ခဲ့တဲ့ မီးရှူးမီးပန်းများကြောင့်လူတစ်ဦးသေဆုံး

ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ New Years Eve celebrations at Full Moon Party ပွဲတော်မှာ မီးရှူးမီးပန်းများ ပစ်ဖောက်ပြီး နှစ်သစ်ကို ကြိုဆိုစဉ်မှာ ပရိသတ်ထဲကို မီးရှူးမီးပန်းတွေ ကျရောက်ပေါက်ကွဲခဲ့လို့ သွားရောက်လည်ပတ်သူ ဒါဇင်နဲ့ချီပြီး မီးလောင်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဖြစ်ရပ်ကြောင့် လူတစ်ယောက် သေဆုံးတဲ့အထိ ထိခိုက်မှုဖြစ်ပေါ်ခဲ့ရတယ်လို့လည်း ထိုင်းသတင်းစာတွေက အတည်ပြုခဲ့ပါတယ်။ Koh Phangnan ကမ်းခြေမှာ ကျင်းပခဲ့တဲ့ အဆိုပါ ပါတီပွဲမှာ မူးယစ်ဆေးနဲ့ အရက်သေစာ သုံးစွဲပြီး ပါဝင်ဆင်နွှဲခဲ့သူတွေလည်း အမြောက်အများ ရှိခဲ့တယ်လို့ သိရပါတယ်။

မျက်မြင်သက်သေတစ်ယောက်ဖြစ်ခဲ့တဲ့ Ania Ewelina  လို့ အမည်ရတဲ့ အမျိုးသမီးကလည်း ” အခုအဖြစ်အပျက်ဟာ
ကျွန်မကြုံဖူးသမျှထဲမှာတော့ အဆိုးဆုံးပါဘဲ … အခုအချိန်ထိ ရုပ်ပိုင်းရော ခံစားမှုအပိုင်းမှာပါ ဒဏ်ရာကြီးလို့ ဖြစ်နေတုန်းပါ “လို့ ပြောခဲ့ပါတယ်။

READ
ဖခင်ရဲ့အနှိပ်စက်ခံရမှာစိုးလို့ ခွေးလေးကို ဂေဟာမှာ လာစွန့်ပစ်ခဲ့တဲ့ကောင်လေး

အဆိုပါ ပွဲတော်ကို လူပေါင်း 2 သောင်းလောက်အထိ ပါဝင်ဆင်နွှဲခဲ့ကြပြီး၊ ဒေသခံထိုင်းလူမျိုးတွေလည်း ပါဝင်ခဲ့ကြပါ
တယ်။ သေဆုံးသူ အသက် 21 နှစ်အရွယ် ကနေဒါနိုင်ငံသားတစ်ယောက် ဖြစ်ပြီး  မီးရှူးမီးပန်း ပေါက်ကွဲမှုကြောင့် ပြေးရင်းလွှားရင်း လူ အနင်းခံခဲ့ပုံရတယ်လို့ဆိုပါတယ်။ ၎င်းဟာ သတိလစ်မေ့မြော့နေပြီး၊ ဆေးရုံအရောက်မှာ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။

နယူးဇီလန်နိုင်ငံသား Madison Reidy က ” ကျွန်တော့်တစ်ကိုယ်လုံး မီးလောင်ခဲ့ပါတယ် … ကျွန်တော့် မျက်နှာ၊ လက်
မောင်း၊ ခြေထောက်တွေမှာ မီးပွားတွေကြောင့် တဆစ်ဆစ်နာကျင်နေတုန်းပါဘဲ “လို့ ပြောခဲ့ပါတယ်။ အဆိုပါ ပွဲနဲ့ပတ်
သက်ပြီး ယူဆချက်အမျိုးမျိုးနဲ့ အွန်လိုင်းပေါ်မှာ ဖြန့်ဝေမှုတွေ အမျိုးမျိုး ရှိခဲ့သလို၊ ထိုင်းဒေသခံတစ်ချို့က ခါးပိုက်နှိုက်ဖို့
ကြိုးစားတာကိုလည်း ခံခဲ့ရကြောင်း ရေးသားသူတွေလည်း ရှိခဲ့ပါတယ်။

READ
15 နှစ်အရွယ်ကတည်းကဖမ်းခံရပြီး 13-နှစ်ကြာ တက္ကစီသမားရဲ့ လိင်ကျွန်ပြုခံခဲ့ရတဲ့ အမျိုးသမီး

လင်းဇော်ကို (Shwemom)

source : thesun.co.uk

SHARE