မြန်မာနိုင်ငံမှာ ပထမဦးဆုံး 5G ကွန်ရက် ဝန်ဆောင်မှုကို ယူဆောင်လာပေးတော့မယ့် Mytel

Mytel Myanmar Official Facebook

ကမ္ဘာတဝှမ်းမှာ ဆက်သွယ်ရေးကွန်ရက်တွေ လျင်မြန်စွာ တိုးတက်လျက်ရှိပြီး မြန်မာနိုင်ငံလည်း ခေတ်ရေစီးနှုန်းနဲ့အတူ အမီလိုက်နိုင်နေပါတယ်။ အင်တာနက်ကွန်ရက်တွေကလည်း အမြန်နှုန်းအလိုက် သတ်မှတ်ထားတဲ့ generation တွေ တစ်နှစ်ပြီးတစ်နှစ် ပြောင်းလဲလာခဲ့ရာ အခုဆို ကမ္ဘာ့နိုင်ငံအချို့မှာပါ ရနိုင်သေးတဲ့ 5G ကို မြန်မာမှာ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ 5G ကို ဒီလို မြန်မာနိုင်ငံသို့ ပထမဆုံး အဦးဆုံးအနေနဲ့ ယူဆောင်လာပေးတော့မှာကတော့ Mytel ဖြစ်ပါတယ်။

Mytel Myanmar Official Facebook

Mytel ရုံးမှာ ဇူလိုင် ၃၁ ရက်နေ့တုန်းက 5G နည်းပညာ စမ်းသပ်မှုအစီအစဉ် ပြုလုပ်ခဲ့ပြီး စမ်းသပ်မှုမှာ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ အမြန်နှုန်းစမ်းသပ်မှုကို C band (3.5 GHz) ဖြင့် စမ်းသပ်ခဲ့ပြီး စမ်းသပ်နေစဉ်အတွင်း အမြင့်ဆုံးရောက်ရှိသွားသော မြန်နှုန်းမှာ 1.6 Gbps အထိ ရှိသွားခဲ့ပါတယ်။ 4G ကွန်ရက်ကို အသုံးပြုရင် အမြင့်ဆုံး မြန်နှုန်း 150 Mbps သာ ရှိနိုင်တဲ့အတွက် စမ်းသပ်ပြီးတဲ့ မြန်နှုန်းအသစ်က အဆပေါင်းများစွာ ပိုမြင့်တာလည်း ဖြစ်ပါတယ်။ ထိုအကြောင်းကိုတော့ Mytel ရဲ့ တရားဝင် Facebook page မှာ ကြေညာခဲ့တာပါ။

READ
ဦးနှောက်က အတွေးတွေကို ဘာသာပြန်ပေးမယ့်စက် ပညာရှင်များတီထွင်တော့မည်

အခုလို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့မှုကြောင့် Mytel ဟာ မြန်မာနိုင်ငံမှာ 5G နည်းပညာကို ယူဆောင်လာပေးမယ့် ပထမဆုံး ဆက်သွယ်ရေး အော်ပရေတာ ဖြစ်လာခဲ့ပြီး နိုင်ငံဟာလည်း 5G ရရှိတဲ့ အစောဆုံး ကမ္ဘာ့နိုင်ငံတွေထဲမှာ ပါဝင်သွားခဲ့နိုင်ပြီဖြစ်ပါတယ်။

“ကျွန်တော်တို့ ပြောနေကြအတိုင်းပဲ Mytel က သုံးစွဲသူတွေကို အမြဲရင်ခုန်စိတ်လှုပ်ရှားမှုတွေ ပေးသွားမှာပါ။ အခုလို 5G ကွန်ရက်ကို Mytel သုံးစွဲသူတွေအတွက် အသုံးပြုနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ပထမဆုံး ဆက်သွယ်ရေး အော်ပရေတာတစ်ခု ဖြစ်လာတဲ့အတွက် လည်း တကယ် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ 5G ကွန်ရက်ကို အသုံးပြုကြည့်တဲ့အခါ တကယ်ကို တစ်မူထူးခြားတဲ့ ခံစားမှုမျိုးရမှာပါ။ များမကြာမီအချိန်အတွင်းမှာလည်း လူအသွားအလာများတဲ့ နေရာတွေမှာ ကျွန်တော်တို့ရဲ့ 5G ကွန်ရက် ထောက်ပံ့ပေးသွားဖို့ရှိပါတယ်။” လို့လည်း Mytel ရဲ့ ပြင်ပဆက်ဆံရေး အမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦးမှ ပြောကြားထားပါတယ်။

READ
TVလောကကို တစ်ခေတ်ဆန်းစေမယ့် Samsung QLED TVကို မြန်မာပြည်တွင်စတင်မိတ်ဆက်
Mytel Myanmar Official Facebook

5G က 4G ထက် ၁၀ ဆကနေ အဆ ၂၀ အထိ ပိုမြန်တဲ့ အင်တာနက်နှုန်းကို ရရှိနိုင်မှာဖြစ်ပြီး နေ့စဉ်ဘဝနဲ့ လုပ်ငန်းတွေမှာ ပိုမိုမြန်ဆန် ချောမွေ့အောင် ကူညီပေးနိုင်ခြင်း ရှိပါတယ်။ ကမ္ဘာ့ပထမဆုံး 5G ရခဲ့တဲ့ နိုင်ငံတွေမှာ တောင်ကိုရီးယား၊ အမေရိကန်၊ ဂျပန်၊ တရုတ်တို့အပြင် အခုဆို မြန်မာနိုင်ငံကပါ 5G အစောဆုံးရတဲ့ နိုင်ငံဖြစ်လာတာပါ။ မကြာခင် Mytel ကနေ 5G ကွန်ရက်ကို ဈေးကွက်တွင်း တရားဝင်ရောင်းချသွားတော့မှာ ဖြစ်ပြီး ဆန်းသစ်တဲ့ နည်းပညာနဲ့ ထူးခြားတဲ့ ဝန်ဆောင်မှုများကို သက်သာတဲ့ နှုန်းထားနဲ့ ဖြန့်ဖြူးပေးသွားမယ်လို့လည်း သိရပါတယ်။

SHARE